ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်လိုက်ပြန်တဲ့ ထက်ထက်မိုးဦး
ပရိသတ်ကြီးရေ.. ထက်ထက်မိုးဦးကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးဖြစ်သလို တစ်ချိန်က TV ဖန်သားပြင်နဲ့ ကြောငြာဗီဒီယိုတွေမှာ အချိန်ပြည့်နေရာယူထားသူလေးပဲ ဖြစ်ပါတယ်နော်..။
ကျန်းမာရေးနဲ့ အကြောင်းအမျိုးမျိုးကြောင့် အနုပညာအလုပ်တွေကို အချိန်အတော်ကြာ ရပ်နားခဲ့ပြီး မကြာခင်ကမှ အနုပညာလောကထဲကို တကျော့ပြန် ဝင်ရောက်လာခဲ့ပြီး ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်..။
ချစ်စရာကောင်းလွန်းလို့ အားလုံး ချစ်ခင်ရတဲ့ ထက်ထက်မိုးဦးကတော့ ပီပြင်တဲ့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်တွေကလည်း ပရိသတ်တွေကို ယနေ့အချိန်ထိ ဖမ်းစားသိမ်းပိုက်ထားတုန်းပါပဲနော်..။
လတ်တလောမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ဇာတ်ကားတွေနဲ့ ကြော်ငြာလေးတွေလည်း ရိုက်ကူးဖြစ်နေသလို Tik Tok ဗီဒီယိုလေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေပါတယ်နော်..။
အနုပညာအလုပ်တွေကို ဆက်တိုက်ပြန်လည်လုပ်ဆောင်နေတဲ့ ပရိသတ်တွေရဲ့ အချစ်တော်ထက်ထက်မိုးဦးကတော့ အခုတစ်ခါမှာလည်း ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်လိုက်ပြန်ပါတယ်နော်..။
ချစ်စဖွယ်အပြုံးချိုချိုလေးတွေနဲ့ စိန်နန်းတော်အတွက် ကြော်ငြာဓာတ်ပုံလေးတွေ ရိုက်ကူးပေးထားတဲ့ မထက်ရဲ့ ပုံရိပ်လေးတွေကတော့ မြင်သူတကာကို မချစ်ပဲမနေနိုင်လောက်အောင် တကယ်ကို အချစ်ပိုစေပါတယ်နော်..။
Photo – စိန်နန်းတော်
Credit \\ original