သူစိမ်းအိမ်ရုပ်ရှင်ကားမှာမှ ပထမဆုံး Pre Production လုပ်ဖူးတဲ့ လင်းဇာနည်ဇော်
သရုပ်ဆောင် လုပ်လာတာကြာပြီဖြစ်ပြီး အောင်မြင်မှုကိုလည်း အထိုက်အလျောက်ရရှိနေပြီးဖြစ်ကာ ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားနေတဲ့ သရုပ်တောင် လင်းဇာနည်ဇော်ကတော့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးမှာမှ သရုပ်ဆောင် သက်တမ်းတစ်လျှောက် Pre Production ပထမဆုံးလုပ်ဖူးတာဖြစ်တယ်လို့ MC နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။လင်းဇာနည်ဇော်က “အရမ်းကောင်းပါတယ် အစ်မကားရိုက်တာဆိုရင် တော်တော်ကြာနေပြီ အစ်မရဲ့ သက်တမ်းတစ်လျှောက်မှာ ကားမရိုက်ခင်ကို အရင်ဆုံး အခုလိုမျိုးပေါ့ Rehearsal သဘောမျိုး အစမ်းလေ့ကျင့်တာဆိုရင် ပထမဦးဆုံးအကြိမ်လုပ်ဖြစ်တဲ့ ကားပါ။စစချင်းတုန်းကဆိုရင် သူအဲ့လိုမျိုးပြောတဲ့ အခါကျတော့လေ ကိုယ့်စိတ်ထဲမှာ ဇဝေဇဝါတဲ့ ကိုယ်လည်းတစ်ခါမှ မလုပ်ဖူးဘူးလေ ဘယ်လိုလဲပေါ့ ကလေးတွေနဲ့ ငါနဲ့ပဲလုပ်မှာလား ဘယ်လိုလည်းမသိဘူးဆိုတော့ မဟုတ်ဘူး သူက တစ်ကားလုံးမှာရှိတဲ့ Actor တွေ အကုန်လုံးကိုလုပ်တာ။အဲ့အတွက်ကြောင့် အလုပ်လုပ်ရတာ အရမ်းအဆင်ပြေသွားတယ် ဘာလို့လဲဆိုတော့ အစ်မတို့ ကားရိုက်တဲ့အခါကြတော့ ဒီအခန်းတွေအကုန်လုံးက အစ်မတို့နဲ့ ရင်းနှီးပြီးသားဖြစ်နေတယ်။ အကုန်လုံး လုပ်ပြီးသားဖြစ်နေတဲ့ အခါကျတော့ အကုန်လုံးက မစိမ်းနေတော့ဘူး အဆင်ပြေတယ် အစ်မကတော့ကြိုက်တယ်။
ဒီကားရဲ့ အမှတ်တရကတော့ ခုနက အစ်မပြောသလိုပဲပေါ့ အစ်မတစ်ခါမှ သက်တမ်းတစ်လျှောက်မှာ အစ်မလည်း လုပ်နေတာကြာပြီး သက်တမ်းတစ်လျှောက်မှာ Rehearsal လုပ်ပြီးရိုက်ရတဲ့ကားက ဒါပထမဦးဆုံးအကြိမ်ပါ။ဆိုတော့ တစ်ကားလုံးမှာရှိတဲ့လူတွေနဲ့ ရင်းနှီးပြီးသားဖြစ်နေတယ် အခန်းလေးတွေဆိုရင်လည်း အကုန်လုံးရင်းနှီးပြီးသားဖြစ်နေတယ် အထူးခြားဆုံးကတော့ ဒီကားရိုက်တာ အကုန်လုံး Actor တိုင်း အခုဆိုရင်လေ များသောအားဖြင့် ရိုက်နေရင် ၁၀နာရီ ၁၁ နာရီ ရှူတင်တည်ချိန်ပေါ့ တစ်ခါတစ်လေ တစ်ချက်နှစ်ချက်တွေတောင် ဖြစ်ရင်ဖြစ်တာ။ဒီကားက အဲ့လိုမဟုတ်ဘူး မနက်ခြောက်နာရီဒေါင်ဆိုရင် ရှိသမျှ Actor အကုန်လုံးက On scene ပေါ်မှာ အကုန်လုံး အဆင်သင့်ဖြစ်နေတယ် ဘယ်သူ့ကိုမှ စောင့်ရတာတွေ ဘာတွေမရှိဘူး အကုန်လုံးအစစအရာရာ တိတိကျကျနဲ့ လုပ်ထားတဲ့အခမ်းအနားအပြင်အဆင် ဘာမှပြောစရာမလိုအောင် အကုန်လုံးက အဆင်ပြေတော့ ကိုယ်လည်း အလုပ်လုပ်ရတာ အရမ်းပျော်ပါတယ်။”လို့ပြောသွားခဲ့ပါတယ်။
Credit \\ original