Latest Posts

ပဋိပက္ခဖြစ်ပြီး စက်လှေနစ်မြုပ်ပျောက်ဆုံးသူတွေကို ရှာဖွေပေးနေတဲ့ ဝေဠုကျော်



ဇူလိုင်လ ၂၃ ရက်နေ့က မကွေးတိုင်းဒေသကြီး ၊ရေနံချောင်းမြို့နယ် အတွင်ဖြစ်ပွားခဲ့တဲ့ မြေနေရာနှင့်ပတ်သက်တဲ့ အငြင်းပွားမှုမှာ ဖရဲကျွန်းရွာသား များက ကန်သာရွာဘက်သို့ စက်လှေဖြစ်သွားရောက်ခဲ့ပြီး နေအိမ်အချို့ကို ဖြိုးဖျက်ဆီးခဲ့ကြတယ် ။ အဲ့ဒီနောက် ကန်သာယာရွာဘက်က တိုက်ခိုက်မှု များ ပြုလုပ်ရာ ဖရဲကျွန်းရွာသား များပြန်လည်ထွက်ပြေးကြစဉ် စက်လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


အဆိုပါစက်လှေ တိမ်းမှောက်မှုကြောင့်ပျောက်ဆုံးမေသူများကို ဝေဠုကျော်ဦးဆောင်တဲ့ ဝေဠုကျော် ဖောင်ဒေးရှင်းမှ သွားရောက် ကူညီကယ်ဆယ်ပေးခဲ့ပြီး ပျောက်ဆုံးနေတဲ့ ၃၈ဦးမှာ ၂၄ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရှိနေတဲ့ ၁၄ဦးကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဝေဠုကျော် ဖောင်ဒေးရှင်းက သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။



သူတို့ ပေ့ခ်ျမှ ဆက်လက်ပြီး “မကွေးတိုင်း ရေနံချောင်းမြို့ဒေသခံအာဏာပိုင် အဖွဲ့အစည်းများက ကြီးကြပ်ကွပ်ကဲ၍ မြန်မာနိင်ငံမီးသတ်တပ်ဖွဲ့မှ ဦးစီးသော ကြက်ခြေနီ၊ မြန်မာနိင်ငံရဲတပ်ဖွဲ့ တို့က အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ယနေ့ ရှာဖွေကယ်ဆယ်ရေး များပြုလုပ်နေရာ ”WLK” ဖောင်ဒေးရှင်း မှ ဝေဠုကျော် နှင့် အဖွဲ့မှလည်း တတ်အား သရွေ့ပါဝင် ပူးပေါင်း ကူညီပေး လျက် ရှိပါတယ်” လို့လဲ ရေးသားခဲ့ပါတယ်။



အဆိုပါ ပဋိပက္ခဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး နေအိမ်များဖြိုဖျက်ဆီးခဲ့တဲ့ ကိစ္စအပါအ၀င် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးမောင်ဝင်း ဆိုသူကို (ပ) ၃၂၉ ရာဇသတ်ကြီး ၃၀၂ / ၄၅၂ / ၃၂၄ / ၄၅၉ / ၅၀၆/ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး ဦးဝင်းဦး ဆိုသူကို (ပ) ၃၃၀ ရာဇသတ်ကြီး ပုဒ်မ ၄၅၂ / ၄၂၇ / ၅၀၆ / ၁၁၄ တို့ဖြင့် အမှုဖွင့်ထားတယ်လို့ သိရပါတယ် ။ ဒါ့အပြင် တိမ်းမှောက် သွား တဲ့ စက်လှေကိုမောင်းနှင်သူ ရန်အောင်ထွန်း(ခ)ကုလားလေးဆိုသူကိုလည်း ပုဒ်မ ၂၈၀ / ၃၀၄ (က) ဖြင့် အမှုဖွင့်အရေးယူထားတယ် လို့ တိုင်းရဲတပ်ဖွဲ့မှ သိရပါတယ်။



ဖတ်ရှု့ပေးသူများ အနေဖြင့် ပျောက်ဆုံးနေသူတွေကိုပြန်လည်ရှာတွေ့ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။ အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။


Credit  \\  original