ျမန္မာနို္င္ငံက အလုံးစုံပိုင္ဆိုင္တဲ့ ကို္ယ္ပိုင္ ၿဂိဳလ္တုတစ္လုံးလြတ္တင္ဖို ့ႀကိဳးပမ္းေနတဲ့ NLD အစိုးရ
Zawgyi
ျမန္မာအစိုးရပိုင္ ဆက္သြယ္ေရးၿဂိဳဟ္တု Myanmar Sat -2 ကို ေတာင္အေမရိကတိုက္ထဲက အီေကြတာနဲ႔ တည့္တည့္က်တဲ့ ဂိုင္ယားနားနိုင္ငံ (Guyana)၊ ေကာ္ရိုး (Kourou) ဆိုတဲ့ ကမ္းေျခၿမိဳ႕ေလးက Arianespace ၿဂိဳဟ္တု လႊတ္တင္ေရးစခန္းကေန ၾသဂုတ္လ ၃ ရက္မွာ လႊတ္တင္ေတာ့မွာ ျဖစ္ပါတယ္။
Myanmar Sat -2 ကို အျမင့္ ကီလိုမီတာ ၃ ေသာင္း ၆ ေထာင္ကို လႊတ္တင္မွာျဖစ္ၿပီး ဆက္သြယ္ေရးဆိုင္ရာ သတင္းအခ်က္အလက္ေတြ ပိုမိုဖမ္းယူနိုင္ဖို႔ ရည္ရြယ္ထားပါတယ္။
“ဒီဆက္သြယ္ေရးၿဂိဳဟ္တုက အာကာသ တည္ၿငိမ္ပတ္လမ္းေပၚမွာ စူးရွတဲ့ပုံမ်ိဳး ေအာက္ကိုထိုးခ်ထားမွာဆိုေတာ့ ဖမ္းယူရရွိမွုအား ပိုေကာင္းမွာ ေသခ်ာပါတယ္” လို႔ သတင္းအခ်က္အလက္နည္းပညာနဲ႔ ဆိုက္ဘာလုံျခဳံေရးဦးစီးဌာန အင္ဂ်င္နီယာခ်ဳပ္ ဦးဝင္းေအာင္က ေျပာပါတယ္။
“အထူးသျဖင့္ ဆက္သြယ္ေရးေပါ့၊ မိုဘိုင္းဖုန္းနဲ႔ အင္တာနက္ အဆက္အသြယ္ အရင္တစ္ခုထက္ပိုေကာင္းမယ္၊ ရရွိမယ့္ ကြာလတီက ပိုေကာင္းမယ္၊ speed ေတြ ပိုေကာင္းလာမယ္၊ နည္းပညာပိုင္းလည္း အဆင့္ျမႇင့္ထားတယ္” လို႔ အင္ဂ်င္နီယာခ်ဳပ္ ဦးဝင္းေအာင္က ဆက္ေျပာပါတယ္။
ကူးလ္တက္ – ျမန္မာနဲ႔ ၿဂိဳဟ္တု နည္းပညာ
Myanmar Sat -2 ကို အေမရိကန္ေဒၚလာ ၁၅၅.၇ သန္းနဲ႔ ဝယ္ယူမွာျဖစ္ၿပီး ၿဂိဳဟ္တုသက္တမ္းအျပည့္ ၁၅ ႏွစ္အထိ ပိုင္ဆိုင္အသုံးျပဳနိုင္မွာလည္း ျဖစ္ပါတယ္။
အခု လႊတ္တင္မယ့္ ဆက္သြယ္ေရးၿဂိဳဟ္တု Myanmar Sat-2 အတြက္ International Telecommunications Satellite Organization က လႊတ္တင္မယ့္ Intelsat 39 ၿဂိဳဟ္တုကို ျမန္မာနိုင္ငံက တစိတ္တပိုင္း ဝယ္ယူတာမို႔ ျမန္မာဘက္က အခ်ိဳးက် ပိုင္ဆိုင္မွုပဲ ရမွာျဖစ္ပါတယ္။
ဒီၿဂိဳဟ္တုကို အစက ဇူလိုင္လ ၂၅ ရက္ေန႔ လႊတ္တင္ဖို႔ စီစဥ္ထားေပမယ့္ စစ္ေဆးမွုတခ်ိဳ႕ေၾကာင့္ ရက္အနည္းငယ္ ေရႊ႕ဆိုင္းခဲ့ရပါတယ္။
ဇူလိုင္ ၁၀ ရက္ေန႔က ဂိုင္ယားနားမွာ လႊတ္တင္မယ့္ အာရပ္ေစာ္ဘြားမ်ားနိုင္ငံရဲ့ ၿဂိဳဟ္တုက ပ်က္က်ခဲ့တယ္၊ ဒါေၾကာင့္မို႔ လႊတ္တင္ဖို႔ရွိေနတဲ့ ၿဂိဳဟ္တုေတြကို ထပ္မံစစ္ေဆးဖို႔ ယာယီ ေရႊ႕ဆိုင္းခဲ့ရတာပါလို႔ သတင္းအခ်က္အလက္နည္းပညာနဲ႔ ဆိုက္ဘာလုံျခဳံေရးဦးစီးဌာနက ေျပာပါတယ္။
အခုေတာ့ စစ္ေဆးမွုေတြၿပီးသြားၿပီ ျဖစ္လို႔ Myanmar Sat -2 ကို ဂိုင္ယားနားစံေတာ္ခ်ိန္ ၾသဂုတ္ ၂ ရက္ေန႔ ညေန ၄ နာရီခြဲ၊ ျမန္မာစံေတာ္ခ်ိန္ ၾသဂုတ္လ ၃ ရက္ေန႔ မနက္ ၃ နာရီေလာက္မွာ လႊတ္တင္ဖို႔ ယာယီအေၾကာင္းၾကားထားတယ္ လို႔ သတင္းအခ်က္အလက္နည္းပညာနဲ႔ ဆိုက္ဘာလုံျခဳံေရးဦးစီးဌာန အင္ဂ်င္နီယာခ်ဳပ္ ဦးဝင္းေအာင္က ဘီဘီစီကို ေျပာပါတယ္။
ဆက္သြယ္ေရးၿဂိဳဟ္တုနဲ႔ ျမန္မာအစိုးရေျခလွမ္း
ျမန္မာအစိုးရဟာ ၂၀၁၆ ေမလထဲမွာ ဆက္သြယ္ေရးၿဂိဳဟ္တု Myanmar Sat-1 ကို လႊတ္တင္ခဲ့ပါတယ္။
အခု ထပ္လႊတ္တင္မယ့္ Myanmar Sat-2 ကေတာ့ နည္းပညာပိုင္းဆိုင္ရာ ပိုမိုအဆင့္ျမႇင့္ထားပါတယ္။
“Myanmar Sat-1 က အေပၚေရာက္ၿပီးသား ၿဂိဳဟ္တုကို သူတို႔ၿဂိဳဟ္တုထဲကမွ ႏွစ္ရွည္ငွားရမ္းၿပီးေတာ့ လုပ္ေဆာင္ေနတာျဖစ္တယ္၊ Myanmar Sat-2 ကေတာ့ ကိုယ္တိုင္ပိုင္ဆိုင္တယ္၊ တစ္ခုလုံးကို ကိုယ္တိုင္အသုံးျပဳခြင့္ရွိတယ္” လို႔ အင္ဂ်င္နီယာခ်ဳပ္ ဦးဝင္းေအာင္က ေျပာပါတယ္။
NLD အစိုးရဟာ အနာဂတ္ၿဂိဳဟ္တုပိုင္ဆိုင္ေရး ေမၽွာ္လင့္ခ်က္ေတြ ရွိေနၿပီး ဒုသမၼတ (၁) ဦးျမင့္ေဆြ ကိုယ္တိုင္ ဦးေဆာင္ထားတဲ့ ျမန္မာနိုင္ငံ ၿဂိဳဟ္တုစနစ္တည္ေထာင္ေရး ဦးေဆာင္ေကာ္မတီကို ၂၀၁၇ ခုႏွစ္ထဲမွာ ဖြဲ႕စည္းခဲ့ပါတယ္။
“ကိုယ္ပိုင္ၿဂိဳဟ္တု ပိုင္ဆိုင္ေရး အဆင့္ ၃ ဆင့္နဲ႔ လုပ္ေဆာင္ေနတာပါ၊ ပထမအဆင့္က Myanmar Sat-1၊ ဒုတိယအဆင့္က Myanmar Sat-2၊ တတိယအဆင့္က အလုံးစုံပိုင္ဆိုင္တဲ့ ကိုယ္ပိုင္ ၿဂိဳဟ္တုပါ” လို႔ အင္ဂ်င္နီယာခ်ဳပ္ ဦးဝင္းေအာင္က ေျပာပါတယ္။
အလုံးစုံပိုင္ဆိုင္တဲ့ ၿဂိဳဟ္တုဆိုတာကေတာ့ ပုံရိပ္ဖမ္း အနိမ့္ပ်ံေျမျပင္ စူးစမ္းေလ့လာေရး ၿဂိဳဟ္တု (Earth Observation Satellite) ျဖစ္ၿပီး ေျမျပင္က အခ်က္အလက္ေတြကို အာကာသထဲကေန ပုံရိပ္ဖမ္းယူမွာပါ။
“နိုင္ငံတြင္းက ဓာတ္သတၱဳတြင္းထြက္ရွိနိုင္တဲ့ ေနရာေတြအပါအဝင္ သစ္ေတာ၊ ဆည္ေျမာင္း၊ စိုက္ပ်ိဳးေရးဆိုင္ရာ အခ်က္အလက္ေတြနဲ႔ နယ္စပ္လုံျခဳံေရး အေျခအေနေတြကို ပုံရိပ္ဖမ္းယူနိုင္ဖို႔ ရည္ရြယ္တယ္” လို႔ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရး ဝန္ႀကီးဌာနေအာက္မွာရွိတဲ့ ၿဂိဳဟ္တု ဆက္သြယ္ေရးဌာနက ဘီဘီစီကို ေျပာထားပါတယ္။
ပုံရိပ္ဖမ္းကိုယ္ပိုင္ၿဂိဳဟ္တု
လတ္တေလာမွာ ျမန္မာအစိုးရဟာ ႐ုပ္ျမင္သံၾကားလိုင္းေတြနဲ႔ အင္တာနက္လိုင္းေတြ အတြက္ ရည္ရြယ္ထားတဲ့ ဆက္သြယ္ေရး ၿဂိဳဟ္တုေတြပဲ လႊတ္တင္ထားနိုင္တဲ့ အဆင့္ပဲ ရွိၿပီး ပုံရိပ္အခ်က္အလက္ေတြကိုေတာ့ ဂ်ပန္အပါအဝင္ ျပည္ပနိုင္ငံေတြကေန ဝယ္ယူေနရတာပါ။
ဒါ့ေၾကာင့္ ပုံရိပ္ဖမ္းကိုယ္ပိုင္ၿဂိဳဟ္တုကို လာမယ့္၂၀၂၀ ဒီဇင္ဘာမွာ လႊတ္တင္ဖို႔ စီစဥ္ေနတယ္လို႔ ၿဂိဳဟ္တု ဆက္သြယ္ေရးဌာနက ေျပာပါတယ္။
On the ZL-3
ပုံရိပ္ဖမ္းၿဂိဳဟ္တုကိုေတာ့ ၂ လုံးလႊတ္တင္မွာ ျဖစ္ၿပီး ပထမဆုံးၿဂိဳဟ္တုကိုေတာ့ နိုင္ငံတကာ အာကာသစခန္း International Space Centre ကေန ေျမျပင္ကေန ကီလိုမီတာအျမင့္ ၄,၈၀၀ ေက်ာ္မွာ လႊတ္တင္မွာပါ။
On the ZL-3
အနိမ့္ပ်ံ ေျမျပင္စူးစမ္းေလ့လာေရး ကိုယ္ပိုင္ၿဂိဳဟ္တု ျမန္မာ လႊတ္တင္မယ္
ဒုတိယအလုံးကိုေတာ့ ဂ်ပန္အစိုးရရဲ့ နည္းပညာ အကူအညီနဲ႔ ျမန္မာနိုင္ငံမွာ ထုတ္လုပ္ဖို႔ရွိေနပါတယ္။
ၿဂိဳဟ္တု ထိန္းခ်ဳပ္ေရးစခန္းကိုေတာ့ မိတၳီလာက ျမန္မာ့ေလေၾကာင္းနဲ႔ အာကာသပညာ တကၠသိုလ္မွာ ထားရွိမွာလည္း ျဖစ္ပါတယ္။
ကိုယ္ပိုင္ၿဂိဳဟ္တုေတြ ပိုင္ဆိုင္ဖို႔အထိ လုပ္ေဆာင္ေနတဲ့ ျမန္မာ အစိုးရအဖို႔ကေတာ့ ကိုယ္ပိုင္ ၿဂိဳဟ္တု ထိန္းခ်ဳပ္ေရးစခန္းတည္ေဆာက္ၿပီး နိုင္ငံတြင္း နည္းပညာအခ်က္အလက္ေတြအပါအဝင္ သဘာဝဓာတ္သတၱဳေၾကာေတြ၊ ေက်ာက္ေတြ၊ ေရႊေၾကာေတြ စတဲ့ သတၱဳတူးေဖာ္မွုလို အေရးႀကီးတဲ့ အခ်က္အလက္ေတြကို စမ္းသပ္နိုင္ဖို႔ ရည္မွန္းခ်က္ႀကီးႀကီးထား လုပ္ေဆာင္ေနတာလည္း ျဖစ္ပါတယ္။
Credit \\ original
Unicode
မြန်မာအစိုးရပိုင် ဆက်သွယ်ရေးဂြိုဟ်တု Myanmar Sat -2 ကို တောင်အမေရိကတိုက်ထဲက အီကွေတာနဲ့ တည့်တည့်ကျတဲ့ ဂိုင်ယားနားနိုင်ငံ (Guyana)၊ ကော်ရိုး (Kourou) ဆိုတဲ့ ကမ်းခြေမြို့လေးက Arianespace ဂြိုဟ်တု လွှတ်တင်ရေးစခန်းကနေ သြဂုတ်လ ၃ ရက်မှာ လွှတ်တင်တော့မှာ ဖြစ်ပါတယ်။
Myanmar Sat -2 ကို အမြင့် ကီလိုမီတာ ၃ သောင်း ၆ ထောင်ကို လွှတ်တင်မှာဖြစ်ပြီး ဆက်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေ ပိုမိုဖမ်းယူနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
“ဒီဆက်သွယ်ရေးဂြိုဟ်တုက အာကာသ တည်ငြိမ်ပတ်လမ်းပေါ်မှာ စူးရှတဲ့ပုံမျိုး အောက်ကိုထိုးချထားမှာဆိုတော့ ဖမ်းယူရရှိမှုအား ပိုကောင်းမှာ သေချာပါတယ်” လို့ သတင်းအချက်အလက်နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောပါတယ်။
“အထူးသဖြင့် ဆက်သွယ်ရေးပေါ့၊ မိုဘိုင်းဖုန်းနဲ့ အင်တာနက် အဆက်အသွယ် အရင်တစ်ခုထက်ပိုကောင်းမယ်၊ ရရှိမယ့် ကွာလတီက ပိုကောင်းမယ်၊ speed တွေ ပိုကောင်းလာမယ်၊ နည်းပညာပိုင်းလည်း အဆင့်မြှင့်ထားတယ်” လို့ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ဆက်ပြောပါတယ်။
ကူးလ်တက် – မြန်မာနဲ့ ဂြိုဟ်တု နည်းပညာ
Myanmar Sat -2 ကို အမေရိကန်ဒေါ်လာ ၁၅၅.၇ သန်းနဲ့ ဝယ်ယူမှာဖြစ်ပြီး ဂြိုဟ်တုသက်တမ်းအပြည့် ၁၅ နှစ်အထိ ပိုင်ဆိုင်အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။အခု လွှတ်တင်မယ့် ဆက်သွယ်ရေးဂြိုဟ်တု Myanmar Sat-2 အတွက် International Telecommunications Satellite Organization က လွှတ်တင်မယ့် Intelsat 39 ဂြိုဟ်တုကို မြန်မာနိုင်ငံက တစိတ်တပိုင်း ဝယ်ယူတာမို့ မြန်မာဘက်က အချိုးကျ ပိုင်ဆိုင်မှုပဲ ရမှာဖြစ်ပါတယ်။
ဒီဂြိုဟ်တုကို အစက ဇူလိုင်လ ၂၅ ရက်နေ့ လွှတ်တင်ဖို့ စီစဉ်ထားပေမယ့် စစ်ဆေးမှုတချို့ကြောင့် ရက်အနည်းငယ် ရွှေ့ဆိုင်းခဲ့ရပါတယ်။
ဇူလိုင် ၁၀ ရက်နေ့က ဂိုင်ယားနားမှာ လွှတ်တင်မယ့် အာရပ်စော်ဘွားများနိုင်ငံရဲ့ ဂြိုဟ်တုက ပျက်ကျခဲ့တယ်၊ ဒါကြောင့်မို့ လွှတ်တင်ဖို့ရှိနေတဲ့ ဂြိုဟ်တုတွေကို ထပ်မံစစ်ဆေးဖို့ ယာယီ ရွှေ့ဆိုင်းခဲ့ရတာပါလို့ သတင်းအချက်အလက်နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက ပြောပါတယ်။
အခုတော့ စစ်ဆေးမှုတွေပြီးသွားပြီ ဖြစ်လို့ Myanmar Sat -2 ကို ဂိုင်ယားနားစံတော်ချိန် သြဂုတ် ၂ ရက်နေ့ ညနေ ၄ နာရီခွဲ၊ မြန်မာစံတော်ချိန် သြဂုတ်လ ၃ ရက်နေ့ မနက် ၃ နာရီလောက်မှာ လွှတ်တင်ဖို့ ယာယီအကြောင်းကြားထားတယ် လို့ သတင်းအချက်အလက်နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ဘီဘီစီကို ပြောပါတယ်။
ဆက်သွယ်ရေးဂြိုဟ်တုနဲ့ မြန်မာအစိုးရခြေလှမ်း
မြန်မာအစိုးရဟာ ၂၀၁၆ မေလထဲမှာ ဆက်သွယ်ရေးဂြိုဟ်တု Myanmar Sat-1 ကို လွှတ်တင်ခဲ့ပါတယ်။
အခု ထပ်လွှတ်တင်မယ့် Myanmar Sat-2 ကတော့ နည်းပညာပိုင်းဆိုင်ရာ ပိုမိုအဆင့်မြှင့်ထားပါတယ်။
“Myanmar Sat-1 က အပေါ်ရောက်ပြီးသား ဂြိုဟ်တုကို သူတို့ဂြိုဟ်တုထဲကမှ နှစ်ရှည်ငှားရမ်းပြီးတော့ လုပ်ဆောင်နေတာဖြစ်တယ်၊ Myanmar Sat-2 ကတော့ ကိုယ်တိုင်ပိုင်ဆိုင်တယ်၊ တစ်ခုလုံးကို ကိုယ်တိုင်အသုံးပြုခွင့်ရှိတယ်” လို့ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောပါတယ်။
NLD အစိုးရဟာ အနာဂတ်ဂြိုဟ်တုပိုင်ဆိုင်ရေး မျှော်လင့်ချက်တွေ ရှိနေပြီး ဒုသမ္မတ (၁) ဦးမြင့်ဆွေ ကိုယ်တိုင် ဦးဆောင်ထားတဲ့ မြန်မာနိုင်ငံ ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီကို ၂၀၁၇ ခုနှစ်ထဲမှာ ဖွဲ့စည်းခဲ့ပါတယ်။
“ကိုယ်ပိုင်ဂြိုဟ်တု ပိုင်ဆိုင်ရေး အဆင့် ၃ ဆင့်နဲ့ လုပ်ဆောင်နေတာပါ၊ ပထမအဆင့်က Myanmar Sat-1၊ ဒုတိယအဆင့်က Myanmar Sat-2၊ တတိယအဆင့်က အလုံးစုံပိုင်ဆိုင်တဲ့ ကိုယ်ပိုင် ဂြိုဟ်တုပါ” လို့ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောပါတယ်။
အလုံးစုံပိုင်ဆိုင်တဲ့ ဂြိုဟ်တုဆိုတာကတော့ ပုံရိပ်ဖမ်း အနိမ့်ပျံမြေပြင် စူးစမ်းလေ့လာရေး ဂြိုဟ်တု (Earth Observation Satellite) ဖြစ်ပြီး မြေပြင်က အချက်အလက်တွေကို အာကာသထဲကနေ ပုံရိပ်ဖမ်းယူမှာပါ။
“နိုင်ငံတွင်းက ဓာတ်သတ္တုတွင်းထွက်ရှိနိုင်တဲ့ နေရာတွေအပါအဝင် သစ်တော၊ ဆည်မြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အချက်အလက်တွေနဲ့ နယ်စပ်လုံခြုံရေး အခြေအနေတွေကို ပုံရိပ်ဖမ်းယူနိုင်ဖို့ ရည်ရွယ်တယ်” လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဂြိုဟ်တု ဆက်သွယ်ရေးဌာနက ဘီဘီစီကို ပြောထားပါတယ်။
ပုံရိပ်ဖမ်းကိုယ်ပိုင်ဂြိုဟ်တု
လတ်တလောမှာ မြန်မာအစိုးရဟာ ရုပ်မြင်သံကြားလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ အတွက် ရည်ရွယ်ထားတဲ့ ဆက်သွယ်ရေး ဂြိုဟ်တုတွေပဲ လွှတ်တင်ထားနိုင်တဲ့ အဆင့်ပဲ ရှိပြီး ပုံရိပ်အချက်အလက်တွေကိုတော့ ဂျပန်အပါအဝင် ပြည်ပနိုင်ငံတွေကနေ ဝယ်ယူနေရတာပါ။
ဒါ့ကြောင့် ပုံရိပ်ဖမ်းကိုယ်ပိုင်ဂြိုဟ်တုကို လာမယ့်၂၀၂၀ ဒီဇင်ဘာမှာ လွှတ်တင်ဖို့ စီစဉ်နေတယ်လို့ ဂြိုဟ်တု ဆက်သွယ်ရေးဌာနက ပြောပါတယ်။
On the ZL-3
ပုံရိပ်ဖမ်းဂြိုဟ်တုကိုတော့ ၂ လုံးလွှတ်တင်မှာ ဖြစ်ပြီး ပထမဆုံးဂြိုဟ်တုကိုတော့ နိုင်ငံတကာ အာကာသစခန်း International Space Centre ကနေ မြေပြင်ကနေ ကီလိုမီတာအမြင့် ၄,၈၀၀ ကျော်မှာ လွှတ်တင်မှာပါ။
On the ZL-3
အနိမ့်ပျံ မြေပြင်စူးစမ်းလေ့လာရေး ကိုယ်ပိုင်ဂြိုဟ်တု မြန်မာ လွှတ်တင်မယ်
ဒုတိယအလုံးကိုတော့ ဂျပန်အစိုးရရဲ့ နည်းပညာ အကူအညီနဲ့ မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖို့ရှိနေပါတယ်။
ဂြိုဟ်တု ထိန်းချုပ်ရေးစခန်းကိုတော့ မိတ္ထီလာက မြန်မာ့လေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ်မှာ ထားရှိမှာလည်း ဖြစ်ပါတယ်။
ကိုယ်ပိုင်ဂြိုဟ်တုတွေ ပိုင်ဆိုင်ဖို့အထိ လုပ်ဆောင်နေတဲ့ မြန်မာ အစိုးရအဖို့ကတော့ ကိုယ်ပိုင် ဂြိုဟ်တု ထိန်းချုပ်ရေးစခန်းတည်ဆောက်ပြီး နိုင်ငံတွင်း နည်းပညာအချက်အလက်တွေအပါအဝင် သဘာဝဓာတ်သတ္တုကြောတွေ၊ ကျောက်တွေ၊ ရွှေကြောတွေ စတဲ့ သတ္တုတူးဖော်မှုလို အရေးကြီးတဲ့ အချက်အလက်တွေကို စမ်းသပ်နိုင်ဖို့ ရည်မှန်းချက်ကြီးကြီးထား လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
Source_BBC
Credit \\ original