လမ္းေလွ်ာက္ျမန္တဲ့သူေတြဟာ သက္တမ္းေစ့ကိုမွ ၁၅ ႏွစ္ ပိုရွည္ရွည္ေနႏိုင္ေၾကာင္း ေတြ႔ရွိ
ZawGyi ျဖင့္ဖတ္ရန္
လမ္းေလွ်ာက္ျမန္တဲ့သူေတြဟာ ေျဖးညွင္း ေအးေဆးစြာ သြားသူေတြထက္ အသက္ပိုရွည္ေၾကာင္း၊ ၄င္းတို႔ရဲ႕ ကိုယ္အေလးအခ်ိန္ ထည့္သြင္စဥ္းစားဖို႔ မလိုအပ္ေၾကာင္း၊ ၁၅ ႏွစ္ေလာက္ ပိုေနရေၾကာင္း ေလ့လာမႈ အသစ္တစ္ရပ္က ေဖာ္ျပခဲ့ပါတယ္။
လက္စတာ တကၠသိုလ္က ေလ့လာသူေတြဟာ ယူေကႏိုင္ငံရဲ႕ ပ်မ္းမွ် အသက္ ၅၂ အရြယ္ လူအေယာက္ (၄၇၄,၉၁၉) ကို ၂၀၁၆ နဲ႔ ၂၀၁၈ ခုႏွစ္အတြင္း ေလ့လာမႈျပဳခဲ့ၾကပါတယ္။
အဲ့ဒီမွာ လမ္းေလွ်ာက္သြက္တဲ့ အမ်ိဳးသမီးေတြရဲ႕ သက္တမ္းက ၈၆.၇ ႏွစ္ ကေန ၈၇.၈ ႏွစ္အထိ၊ အမ်ိဳးသားေတြက ၈၅.၂ ႏွစ္ကေန ၈၆.၈ ႏွစ္အထိ ရွိေၾကာင္း ေတြ႔ရွိခဲ့ၾကတယ္။ လမ္းေလွ်ာက္ေႏွးတဲ့ သူေတြမွာေတာ့ အမ်ိဳးသမီးေတြက ၇၂.၄ ႏွစ္၊ အမ်ိဳးသားေတြက ၆၄.၈ ႏွစ္အထိသာ သက္တမ္းရွိေၾကာင္း သိရပါတယ္။
လမ္းေလွ်ာက္ျမန္တဲ့သူေတြဟာ တကယ္လို႔ ကိုယ္အေလးခ်ိန္လြန္းကဲေနရင္ေတာင္ ဒီေလ့လာေတြ႔ရွိမႈ အခ်ိဳးက မွန္ကန္ေၾကာင္း Mayo Clinic Proccedings ဂ်ာနယ္က ျပီးခဲ့အပတ္မွာ ေဖာ္ျပခဲ့ပါတယ္။
၂၀၁၁ ခုႏွစ္မွာ University of Pittsburgh က ပေရာ္ဖက္ဆာ Stephanie Studenski ဟာ လူ႔သက္တမ္း ခန္႔မွန္းမႈနဲ႔ လမ္းေလွွ်ာက္တဲ့ အလ်င္က ဆက္ႏႊယ္ေနေၾကာင္း ထုတ္ေဖာ္ခဲ့ဖူးပါတယ္။ ၂၀၁၃ ခုႏွစ္မွာ အေမရိကန္ ေလ့လာသူေတြက လမ္းေလွ်ာက္တဲ့ အလ်င္ဟာ ႏွလံုးေရာဂါ ျဖစ္ပြားႏႈန္းကို က်ဆင္းေစျပီး သက္တမ္းပိုရွည္ရွည္ေနႏိုင္တာနဲ႔ ဆက္ႏႊယ္ေနတာကို ထပ္မံေတြ႔ရွိခဲ့တယ္။
၂၀၁၈ ခုႏွစ္တုန္းက University of Sydney ရဲ႕ ေလ့လာမႈမွာေတာ့ လမ္းေလွ်ာက္တဲ့ အလ်င္ကိုတင္တာ၊ သာမန္ အလ်င္နဲ႔ ေလွ်ာက္တာဟာ အရြယ္မတိုင္ခင္ ေသဆံုးျခင္းကို ငါးဆ ေလွ်ာ့ခ်ေပးတယ္လို႔ ေတြ႔ရွိရတယ္။
အခု ေလ့လာမႈကို ဦးေဆာင္ခဲ့တဲ့ ပေရာ္ဖက္ဆာ Tom Yates ရဲ႕ ေတြ႔ရွိမႈကေတာ့ လမ္းေလွ်ာက္ ေႏွးသူေတြဟာ ျမန္တဲ့သူေတြနဲ႔ ယွဥ္ရင္ ႏွလံုးေရာဂါနဲ႔ ဆက္ႏႊယ္တဲ့ ေသဆံုးျခင္း ဒုကၡကို ႏွစ္ဆ ခံစားရႏိုင္တယ္လို႔ ဆိုခဲ့ပါတယ္။
Ref: Daily Mail
Credit:Matthew (ShweMOM)
Unicodeဖြင့်ဖတ်ရန်
လမ်းလျှောက်မြန်တဲ့သူတွေဟာ သက်တမ်းစေ့ကိုမှ ၁၅ နှစ် ပိုရှည်ရှည်နေနိုင်ကြောင်း တွေ့ရှိ
လမ်းလျှောက်မြန်တဲ့သူတွေဟာ ဖြေးညှင်း အေးဆေးစွာ သွားသူတွေထက် အသက်ပိုရှည်ကြောင်း၊ ၄င်းတို့ရဲ့ ကိုယ်အလေးအချိန် ထည့်သွင်စဉ်းစားဖို့ မလိုအပ်ကြောင်း၊ ၁၅ နှစ်လောက် ပိုနေရကြောင်း လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြခဲ့ပါတယ်။
လက်စတာ တက္ကသိုလ်က လေ့လာသူတွေဟာ ယူကေနိုင်ငံရဲ့ ပျမ်းမျှ အသက် ၅၂ အရွယ် လူအယောက် (၄၇၄,၉၁၉) ကို ၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်အတွင်း လေ့လာမှုပြုခဲ့ကြပါတယ်။
အဲ့ဒီမှာ လမ်းလျှောက်သွက်တဲ့ အမျိုးသမီးတွေရဲ့ သက်တမ်းက ၈၆.၇ နှစ် ကနေ ၈၇.၈ နှစ်အထိ၊ အမျိုးသားတွေက ၈၅.၂ နှစ်ကနေ ၈၆.၈ နှစ်အထိ ရှိကြောင်း တွေ့ရှိခဲ့ကြတယ်။ လမ်းလျှောက်နှေးတဲ့ သူတွေမှာတော့ အမျိုးသမီးတွေက ၇၂.၄ နှစ်၊ အမျိုးသားတွေက ၆၄.၈ နှစ်အထိသာ သက်တမ်းရှိကြောင်း သိရပါတယ်။
လမ်းလျှောက်မြန်တဲ့သူတွေဟာ တကယ်လို့ ကိုယ်အလေးချိန်လွန်းကဲနေရင်တောင် ဒီလေ့လာတွေ့ရှိမှု အချိုးက မှန်ကန်ကြောင်း Mayo Clinic Proccedings ဂျာနယ်က ပြီးခဲ့အပတ်မှာ ဖော်ပြခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ University of Pittsburgh က ပရော်ဖက်ဆာ Stephanie Studenski ဟာ လူ့သက်တမ်း ခန့်မှန်းမှုနဲ့ လမ်းလှျှောက်တဲ့ အလျင်က ဆက်နွှယ်နေကြောင်း ထုတ်ဖော်ခဲ့ဖူးပါတယ်။ ၂၀၁၃ ခုနှစ်မှာ အမေရိကန် လေ့လာသူတွေက လမ်းလျှောက်တဲ့ အလျင်ဟာ နှလုံးရောဂါ ဖြစ်ပွားနှုန်းကို ကျဆင်းစေပြီး သက်တမ်းပိုရှည်ရှည်နေနိုင်တာနဲ့ ဆက်နွှယ်နေတာကို ထပ်မံတွေ့ရှိခဲ့တယ်။
၂၀၁၈ ခုနှစ်တုန်းက University of Sydney ရဲ့ လေ့လာမှုမှာတော့ လမ်းလျှောက်တဲ့ အလျင်ကိုတင်တာ၊ သာမန် အလျင်နဲ့ လျှောက်တာဟာ အရွယ်မတိုင်ခင် သေဆုံးခြင်းကို ငါးဆ လျှော့ချပေးတယ်လို့ တွေ့ရှိရတယ်။
အခု လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ပရော်ဖက်ဆာ Tom Yates ရဲ့ တွေ့ရှိမှုကတော့ လမ်းလျှောက် နှေးသူတွေဟာ မြန်တဲ့သူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါနဲ့ ဆက်နွှယ်တဲ့ သေဆုံးခြင်း ဒုက္ခကို နှစ်ဆ ခံစားရနိုင်တယ်လို့ ဆိုခဲ့ပါတယ်။
Ref: Daily Mail
Credit:Matthew (ShweMOM)