Latest Posts

“ျပည္ေထာင္စု၀န္ႀကီးသူရဦးေအာင္ကိုအား မဟာခ်ဳလာေလာင္ကြန္တကၠသိုလ္မွ ဂုဏ္ထူးေဆာင္ ေဒါက္တာဘြဲ႔ခ်ီးျမွင့္ “


ထိုင္းႏိုင္ငံ မဟာ ခ်ဳလာေလာင္ကြန္ ရာဇ၀ိဒယလ် တကၠသိုလ္မွ သာသနာေရးႏွင့္ယဥ္ေက်းမႈ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး သူရ ဦးေအာင္ကိုအား ျပည္သူ႔ေရးရာ စီမံခန္႔ခြဲမႈ ဂုဏ္ထူးေဆာင္ ေဒါက္တာဘြဲ႔ ေပးအပ္သည့္အခမ္းအနားကိုဇူလိုင္လ ၁၀ ရက္ မြန္းလြဲပိုင္းက ရန္ကုန္ၿမိဳ႕ ကရ၀ိတ္ နန္းေတာ္၌ျပဳလုပ္ခဲ့ရာ မဟာခ်ဳလာေလာင္ကြန္ ရာဇ၀ိဒယလ် တကၠသိုလ္၏ တကၠသုိလ္ေကာင္စီမွ ပါေမာကၡခ်ဳပ္ ဆရာေတာ္ Dr , Pjra Rajapariyatkavi က ခ်ီးျမဳင့္ခဲ့ေၾကာင္း သိရသည္။



ဂုဏ္ထူးေဆာင္ေဒါက္တာဘြဲ႔ ေပးအပ္ျခင္းမွာဗုဒၶသာသနာေတာ္ အစဥ္တည္တံ့တိုးတက္ခိုင္မာေရး အတြက္ သာသနာေရးရာ ၊ ပရိယတၱိ ပညာေရး လုပ္ငန္းမ်ား ကိုေထာက္ပံ့စီမံခန္႔ခြဲမႈ ေပးႏိုင္ျခင္း ၊ဘာသာေရးကို အေျခခံသည့္ပဋိပကၡမ်ား မျဖစ္ေစရန္ အတြက္ ခ်စ္ၾကည္ေရး လုပ္ငန္းမ်ား အေကာင္အထည္ ေဖာ္ႏိုင္ရန္ စီမံႏိုင္ခဲ့ျခင္း၊ဘာသာေပါင္းစံုခ်စ္ၾကည္ေရး လုပ္ငန္းမ်ားကို ႏိုင္ငံတကာ ႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္ႏိုင္ျခင္း ၊ ပုဂံယဥ္ေက်းမႈ ေဒသတြင္ ငလ်င္ ဒဏ္ေၾကာင့္ ပ်က္စီးခဲ့သည့္ ေစတီပုထိုးမ်ား ျပန္လည္ျပဳျပင္မြမ္းမံမႈလုပ္ငန္းမ်ားကို ျပည္တြင္းျပည္ပ အလႈရွင္မ်ားႏိုင္ငံတကာ ပညာရွင္မ်ားျဖင့္ ေအာင္ျမင္စြာ ေဆာင္ရြက္ႏိုင္ခဲ့ျခင္း ၊ ပုဂံယဥ္ေက်းမႈ အေမြ အႏွစ္ စာရင္း၀င္ႏိုင္ေရး အတြက္ စီမံေဆာင္ရြက္ႏိုင္ခဲ့သည့္ အတြက္တို႔ေၾကာင့္ ျဖစ္ေၾကာင္း သိရသည္။



Credit:original

Unicode Version

ထိုင်းနိုင်ငံ မဟာ ချုလာလောင်ကွန် ရာဇဝိဒယလျ တက္ကသိုလ်မှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုအား ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်သည့်အခမ်းအနားကိုဇူလိုင်လ ၁၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကရဝိတ် နန်းတော်၌ပြုလုပ်ခဲ့ရာ မဟာချုလာလောင်ကွန် ရာဇဝိဒယလျ တက္ကသိုလ်၏ တက္ကသိုလ်ကောင်စီမှ ပါမောက္ခချုပ် ဆရာတော် Dr , Pjra Rajapariyatkavi က ချီးမြုင့်ခဲ့ကြောင်း သိရသည်။
ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်ခြင်းမှာဗုဒ္ဓသာသနာတော် အစဉ်တည်တံ့တိုးတက်ခိုင်မာရေး အတွက် သာသနာရေးရာ ၊ ပရိယတ္တိ ပညာရေး လုပ်ငန်းများ ကိုထောက်ပံ့စီမံခန့်ခွဲမှု ပေးနိုင်ခြင်း ၊ဘာသာရေးကို အခြေခံသည့်ပဋိပက္ခများ မဖြစ်စေရန် အတွက် ချစ်ကြည်ရေး လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရန် စီမံနိုင်ခဲ့ခြင်း၊ဘာသာပေါင်းစုံချစ်ကြည်ရေး လုပ်ငန်းများကို နိုင်ငံတကာ နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း ၊ ပုဂံယဉ်ကျေးမှု ဒေသတွင် ငလျင် ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို ပြည်တွင်းပြည်ပ အလှုရှင်များနိုင်ငံတကာ ပညာရှင်များဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ၊ ပုဂံယဉ်ကျေးမှု အမွေ အနှစ် စာရင်းဝင်နိုင်ရေး အတွက် စီမံဆောင်ရွက်နိုင်ခဲ့သည့် အတွက်တို့ကြောင့် ဖြစ်ကြောင်း သိရသည်။


Credit:original