Latest Posts

ျမန္မာ့လက္ေရြးစင္ၾကက္ေတာင္မယ္ သက္ထားသူဇာ LAGOS INTERNATIONAL BADMINTON ၿပိဳင္ပြဲတြင္ ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲမွ ထြက္ခြာခဲ့ရ႐ွာၿပီ



ျမန္မာ့လက္ေရြးစင္ၾကက္ေတာင္မယ္ သက္ထားသူဇာLagos International Badminton Classics 2019ၿပိဳင္ပြဲတြင္Thi Trang ကုိ ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲမွ ထြက္ခြာခဲ့ရ

ျမန္မာ့လက္ေရြးစင္ၾကက္ေတာင္မယ္ သက္ထားသူဇာသည္ ႏုိင္ဂ်ီးရီးယားႏုိင္ငံတြင္ က်င္းပလ်က္ရွိသည့္ Lagos International Badminton Classics 2019ၿပိဳင္ပြဲတြင္ တစ္ဦးခ်င္းရႈံး ထြက္အဆင့္ပြဲစဥ္အျဖစ္ ေမ ၂၆ရက္က ဗီယက္နမ္ၾကက္ေတာင္မယ္Thi Trangႏွင့္ယွဥ္ၿပိဳင္ကစားခဲ့ရာ ႏွစ္ပြဲျပတ္ျဖင့္ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲမွထြက္ခြာခဲ့ရေၾကာင္း သိရသည္။


အဆုိပါပြဲစဥ္တြင္ သက္ထားသူဇာသည္ ကမၻာ့အဆင့္ ၆၁ရွိ ဗီယက္နမ္ၾကက္ေတာင္မယ္ Thi Trangကုိ လက္ရည္ပုိင္းအရ ယွဥ္ၿပိဳင္ႏုိင္ျခင္းမရွိခဲ့ဘဲ ၁၆မွတ္ ၂၁မွတ္၊ ၁၆မွတ္ ၂၁မွတ္ျဖင့္ ႏွစ္ပြဲျပတ္ ျဖင့္ရႈံးနိမ့္ကာ ၿပိဳင္ပြဲမွထြက္ခြာခဲ့ရျခင္းျဖစ္သည္။

သက္ထားသူဇာသည္ လက္ရွိအခ်ိန္တြင္ အျပည္ျပည္ဆုိင္ရာ အိုလံပစ္ေကာ္မတီ၏အစီအစဥ္အျဖစ္ ဒိန္းမက္ႏုိင္ငံတြင္ ႏွစ္လၾကာသြားေရာက္ကာစခန္းသြင္းေလ့က်င့္မႈမ်ားျပဳလုပ္ေနၿပီးေလ့က်င့္စဥ္ကာ လအတြင္း ကမၻာ့အဆင့္မ်ားျမင့္တက္ေစရန္တြက္ ႏုိင္ငံတကာၿပိဳင္ပဲမ်ား၀င္ေရာက္ယွဥ္ၿပိဳင္ေနျခင္းျဖစ္ သည္။

သက္ထားသူဇာသည္ လာမည့္ ၂၀၂၀ျပည့္ႏွစ္တြင္ ဂ်ပန္ႏုိင္ငံမွ အိမ္ရွင္အျဖစ္လက္ခံက်င္းပလ်က္ရွိ သည့္ တုိက်ဳိအုိလံပစ္ၿပိဳင္ပြဲ၀င္ေရာက္ယွဥ္ၿပိဳင္ရန္အတြက္ ႀကိဳးပမး္မႈမ်ားျပဳလုပ္ေနၿပီး လက္ရွိအခ်ိန္ ကမၻာ့အဆင့္ ၈၆ေနရာတြင္ရပ္တည္လ်က္ရွိေနသည္။

သက္ထားသူဇာအေနျဖင့္ ၾသဂုတ္ ၈ရက္မွ ၁၁ရက္ထိ ဂရိႏုိင္ငံတြင္က်င္းပသည့္ Hellas Open 2019ၿပိဳင္ပြဲႏွင့္ ၾသဂုတ္ ၁၂ရက္မွ ၁၅ရက္ထိ ဘူေဂးရီး ယားႏုိင္ငံတြင္က်ငး္ပမည့္ Bulgaria Open Championship 2019ၿပိဳင္ပြဲတုိ႔သုိ႔ဆက္လက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး စက္တင္ဘာ ၆ရက္မွသာျမန္မာႏုိင္ငံ သုိ႔ျပန္လည္ ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။

ရတနာပုံ ေန႕စဥ္သတင္းစာ

Unicode ျဖင့္ဖတ္ရန္

မြန်မာ့လက်ရွေးစင်ကြက်တောင်မယ် သက်ထားသူဇာLagos International Badminton Classics 2019ပြိုင်ပွဲတွင်Thi Trang ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရ

မြန်မာ့လက်ရွေးစင်ကြက်တောင်မယ် သက်ထားသူဇာသည် နိုင်ဂျီးရီးယားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် Lagos International Badminton Classics 2019ပြိုင်ပွဲတွင် တစ်ဦးချင်းရှုံး ထွက်အဆင့်ပွဲစဉ်အဖြစ် မေ ၂၆ရက်က ဗီယက်နမ်ကြက်တောင်မယ်Thi Trangနှင့်ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ပွဲပြတ်ဖြင့်ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် သက်ထားသူဇာသည် ကမ္ဘာ့အဆင့် ၆၁ရှိ ဗီယက်နမ်ကြက်တောင်မယ် Thi Trangကို လက်ရည်ပိုင်းအရ ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ဘဲ ၁၆မှတ် ၂၁မှတ်၊ ၁၆မှတ် ၂၁မှတ်ဖြင့် နှစ်ပွဲပြတ် ဖြင့်ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရခြင်းဖြစ်သည်။

သက်ထားသူဇာသည် လက်ရှိအချိန်တွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏အစီအစဉ်အဖြစ် ဒိန်းမက်နိုင်ငံတွင် နှစ်လကြာသွားရောက်ကာစခန်းသွင်းလေ့ကျင့်မှုများပြုလုပ်နေပြီးလေ့ကျင့်စဉ်ကာ လအတွင်း ကမ္ဘာ့အဆင့်များမြင့်တက်စေရန်တွက် နိုင်ငံတကာပြိုင်ပဲများဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ် သည်။

သက်ထားသူဇာသည် လာမည့် ၂၀၂၀ပြည့်နှစ်တွင် ဂျပန်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိ သည့် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုးပမး်မှုများပြုလုပ်နေပြီး လက်ရှိအချိန် ကမ္ဘာ့အဆင့် ၈၆နေရာတွင်ရပ်တည်လျက်ရှိနေသည်။

သက်ထားသူဇာအနေဖြင့် သြဂုတ် ၈ရက်မှ ၁၁ရက်ထိ ဂရိနိုင်ငံတွင်ကျင်းပသည့် Hellas Open 2019ပြိုင်ပွဲနှင့် သြဂုတ် ၁၂ရက်မှ ၁၅ရက်ထိ ဘူဂေးရီး ယားနိုင်ငံတွင်ကျငး်ပမည့် Bulgaria Open Championship 2019ပြိုင်ပွဲတို့သို့ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စက်တင်ဘာ ၆ရက်မှသာမြန်မာနိုင်ငံ သို့ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ