ႀကီးပြားခ်မ္းသာခ်င္ရင္ အာစိဏၰကံကုသိုလ္
ႀကီးပြားခ်မ္းသာခ်င္ရင္ အာစိဏၰကံကုသိုလ္
ဘုရားရွိခိုးျဖစ္ရဲ႕လား။ ေသာက္ေတာ္ေရေရာေန႔စဥ္ကပ္ျဖစ္ရဲ႕လား။ဘုရားပန္းလည္း အပတ္စဥ္လွဴျဖစ္ရဲ႕လား။ အဲ့လို႔ေန႔စဥ္လုပ္ရင္ကုသိုလ္ကို စြဲသြားတာလို႔ ေခၚတယ္။
မၾကာခင္ ႀကီးပြါးေတာ့မယ့္ လကၡဏာပဲ။ ေသခ်ာမွတ္ထား၊ ေလာကမွာ အကုသိုလ္ကို စြဲသြားတဲ့လူရယ္၊ ကုသိုလ္ကို စြဲသြားတဲ့လူရယ္လို႔ လူႏွစ္မ်ိဳးရွိတယ္။
လူတစ္ေယာက္ဟာ အကုသိုလ္ဘက္မွာ စြဲသြားၿပီဆိုရင္ အဲဒီလူဟာ မၾကာခင္ မြဲသြားတတ္ေတာ့တာပဲ။ ေတြ႔ဖူးတယ္မလား၊ အရက္ေသစာေသာက္စားမႈကို စြဲသြားတဲ့သူေတြ၊
မေကာင္းတဲ့ေနရာေတြမွာ စြဲလမ္းသြားတဲ့သူေတြကိုေလ။အဲ့သလို လူမ်ိဳးေတြဟာ မၾကာခင္ မြဲသြားတတ္တယ္။ ငါတို႔ ေဒသအေခၚက်ေတာ့ အဲ့ဒါမ်ိဳးကို ကင္းပြန္းသင့္တယ္လို႔ ေခၚတာေပါ့ကြာ။
ကုသိုလ္ဘက္မွာ စြဲသြားတဲ့လူေတြၾကေတာ့ မၾကာမတင္မွာပဲ ခ်မ္းသာလာတတ္တယ္ကြ။ေန႔စဥ္ ျပဳေနက် ေသာက္ေတာ္ေရကပ္၊ ဘုရားရွိခိုး၊ ေမတၱာပို႔၊
အမွ်ေဝတာေလာက္မွ မလုပ္ရရင္ တစ္ခုခုလိုေနသလို ေတြ႕လာၿပီ ဆိုရင္ အဲဒါမ်ိဳးကို ကုသိုလ္ကို စြဲသြားတာလို႔ေခၚတယ္။အဲ့သလို ျဖစ္လာၿပီဆိုရင္
စိတ္သာခ်ေပေတာ့ကြ၊ မၾကာခင္ ႀကီးပြါးခ်မ္းသာေတာ့မယ္။ ဘာေၾကာင့္လဲဆိုေတာ့ကုသိုလ္ကိုစြဲသြားလို႔ပဲ။
စြဲသြားတဲ့အခါက်ေတာ့ ကုသိုလ္ေကာင္းမႈဆိုတာ ေန႔စဥ္ျပဳျဖစ္လာေတာ့တာပဲ။ အဲ့ဒါမ်ိဳးကို #အာစိဏၰကံကုသိုလ္လို႔ ေခၚတယ္။
ေသခ်ာမွတ္ထားေနာ္၊ အာစိဏၰကံကုသိုလ္ဆိုတာ ေန႔စဥ္၊ အပတ္စဥ္၊ လစဥ္ ဆိုသလို အခ်ိန္မွန္မွန္ျပဳတဲ့ကုသိုလ္မ်ိဳးကို ဆိုလိုတယ္။
အခ်ိန္မွန္မွန္ ျပဳတယ္ဆိုရင္ ပ႒ာန္းလိုအာေသဝနပစၥည္း တပ္ေတာ့တာပဲကြ။ (အာေသဝနဆိုတာ အထပ္ထပ္အခါခါ ျပဳတာမ်ိဳးကို ေျပာတာပဲ)ဓားေသြးသလိုေပါ့ကြာ။
အခ်ိန္မွန္မွန္၊ အထပ္ထပ္အခါခါ ေသြးဖန္မ်ားေတာ့၊ ဓားဟာထက္လာရသလိုပဲ၊ ကုသိုလ္ေကာင္းမႈဆိုတာလည္း အခ်ိန္မွန္မွန္ အထပ္ထပ္အဖန္ဖန္ ျပဳဖန္မ်ားေတာ့
ထက္ျမက္လာေတာ့တာပဲကြ။ အလုပ္ကိုလည္း ႀကိဳးစားၿပီး လုပ္သလို၊ ေသာက္ေတာ္ေရကပ္၊ ဘုရားရွိခိုး၊ ေမတၱာပို႔၊ အမွ်ေဝတဲ့ အေျခခံကုသိုလ္အလုပ္ေတြကိုလည္း
စြဲသြားသည္အထိ ႀကိဳးစားၿပီးေတာ့လုပ္ကြာ။ မၾကာခင္ ၾကီးပြားခ်မ္းသာလာပါလိမ့္မယ္။
အရွင္ဝိသာရဒ (ရမၼာဝတီ) တရားေတာ္မွ
Credit:အီ သာ
Unicode
ကြီးပွားချမ်းသာချင်ရင် အာစိဏ္ဏကံကုသိုလ်
ဘုရားရှိခိုးဖြစ်ရဲ့လား။ သောက်တော်ရေရောနေ့စဉ်ကပ်ဖြစ်ရဲ့လား။ဘုရားပန်းလည်း အပတ်စဉ်လှူဖြစ်ရဲ့လား။ အဲ့လို့နေ့စဉ်လုပ်ရင်ကုသိုလ်ကို စွဲသွားတာလို့ ခေါ်တယ်။
မကြာခင် ကြီးပွါးတော့မယ့် လက္ခဏာပဲ။ သေချာမှတ်ထား၊ လောကမှာ အကုသိုလ်ကို စွဲသွားတဲ့လူရယ်၊ ကုသိုလ်ကို စွဲသွားတဲ့လူရယ်လို့ လူနှစ်မျိုးရှိတယ်။
လူတစ်ယောက်ဟာ အကုသိုလ်ဘက်မှာ စွဲသွားပြီဆိုရင် အဲဒီလူဟာ မကြာခင် မွဲသွားတတ်တော့တာပဲ။ တွေ့ဖူးတယ်မလား၊ အရက်သေစာသောက်စားမှုကို စွဲသွားတဲ့သူတွေ၊
မကောင်းတဲ့နေရာတွေမှာ စွဲလမ်းသွားတဲ့သူတွေကိုလေ။အဲ့သလို လူမျိုးတွေဟာ မကြာခင် မွဲသွားတတ်တယ်။ ငါတို့ ဒေသအခေါ်ကျတော့ အဲ့ဒါမျိုးကို ကင်းပွန်းသင့်တယ်လို့ ခေါ်တာပေါ့ကွာ။
ကုသိုလ်ဘက်မှာ စွဲသွားတဲ့လူတွေကြတော့ မကြာမတင်မှာပဲ ချမ်းသာလာတတ်တယ်ကွ။နေ့စဉ် ပြုနေကျ သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊
အမျှဝေတာလောက်မှ မလုပ်ရရင် တစ်ခုခုလိုနေသလို တွေ့လာပြီ ဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာလို့ခေါ်တယ်။အဲ့သလို ဖြစ်လာပြီဆိုရင်
စိတ်သာချပေတော့ကွ၊ မကြာခင် ကြီးပွါးချမ်းသာတော့မယ်။ ဘာကြောင့်လဲဆိုတော့ကုသိုလ်ကိုစွဲသွားလို့ပဲ။
စွဲသွားတဲ့အခါကျတော့ ကုသိုလ်ကောင်းမှုဆိုတာ နေ့စဉ်ပြုဖြစ်လာတော့တာပဲ။ အဲ့ဒါမျိုးကို #အာစိဏ္ဏကံကုသိုလ်လို့ ခေါ်တယ်။
သေချာမှတ်ထားနော်၊ အာစိဏ္ဏကံကုသိုလ်ဆိုတာ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဆိုသလို အချိန်မှန်မှန်ပြုတဲ့ကုသိုလ်မျိုးကို ဆိုလိုတယ်။
အချိန်မှန်မှန် ပြုတယ်ဆိုရင် ပဋ္ဌာန်းလိုအာသေဝနပစ္စည်း တပ်တော့တာပဲကွ။ (အာသေဝနဆိုတာ အထပ်ထပ်အခါခါ ပြုတာမျိုးကို ပြောတာပဲ)ဓားသွေးသလိုပေါ့ကွာ။
အချိန်မှန်မှန်၊ အထပ်ထပ်အခါခါ သွေးဖန်များတော့၊ ဓားဟာထက်လာရသလိုပဲ၊ ကုသိုလ်ကောင်းမှုဆိုတာလည်း အချိန်မှန်မှန် အထပ်ထပ်အဖန်ဖန် ပြုဖန်များတော့
ထက်မြက်လာတော့တာပဲကွ။ အလုပ်ကိုလည်း ကြိုးစားပြီး လုပ်သလို၊ သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတဲ့ အခြေခံကုသိုလ်အလုပ်တွေကိုလည်း
စွဲသွားသည်အထိ ကြိုးစားပြီးတော့လုပ်ကွာ။ မကြာခင် ကြီးပွားချမ်းသာလာပါလိမ့်မယ်။
အရှင်ဝိသာရဒ (ရမ္မာဝတီ) တရားတော်မှ
Credit:အီ သာ