အရမ်းလိုချင်နေတဲ့ Facebook Blue Mark ရရှိသွားပြီဆိုတဲ့ ဆိုင်းမိုင် သို့မဟုတ် ပိုးကြာဖြူခင်
Credit \\ original
ယူနီကုဒ်ဖြင့်ဖတ်ရန်
ပိုးကြာဖြူခင် ကတော့ MRTV 4 မှစင်တင်ပေးလိုက် ရုပ်သံဇာတ်လမ်းတွဲ မင်းသမီးတစ်ဦးအနေဖြင့် အနုပညာလောကတွင် ရပ်တည်နေသူလည်းဖြစ်ပါတယ်။
ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ မြန်မာဆန်ဆန်နေထိုင်ပုံလေးကြောင့် ပုရိသတွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းခံနေရသော အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။
သူမကတော့ “ဝင်္ကပါစံအိမ်” ရုပ်သံဇာတ်လမ်းတွဲမှတဆင့် ပရိသတ်တွေရဲ့အားပေးမှုကို စတင်သိမ်းပိုက်ခဲ့ပြီး ” မိုးကောင်းကင်အိမ်မက် ” ရုပ်သံဇာတ်လမ်းတွဲကြီးမှာ ဆိုင်းမိုင်အဖြစ် ပရိသတ်ရဲ့ချစ်ခင်အားပေးမှု ထပ်မံရရှိထားပါသေးတယ်။
လက်တလောမှာတော့ ပြသနေဆဲဖြစ်တဲ့ “ကြယ်ကလေးရဲ့ ကောင်းကင်” ရုပ်သံဇာတ်ကားကြီးမှာလည်း ချစ်ပန်းအိမ်ဆိုတဲ့ဇာတ်ကောင်နဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
လက်ရှိမှာတော့ သူမအရမ်းလိုချင်တဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦး အဖြစ်အသိအမှတ်ပြုတဲ့ Facebook Blue Mark ရရှိသွားတဲ့အကြောင်းကို “Finally I got blue mark on Facebook yayyy အရမ်းလိုချင်နတေဲ့ Facebook အပြာချစ်လေး
ဒီနေ့ သွားပါပြီ ကူညီအကြံပေးခဲ့တဲ့ ရွှေပြည့်နန်းက အကို Ye Naing ကျေးဇူးအများကြီးတင်ပါတယ်” လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နာမှာ ဖော်ပြထားပါတယ်။ AIO ပရိသတ်ကြီးရေ ပိုးကြာဖြူခင်ကိုချစ်ရင် မှတ်ချက်ပေးခဲ့ဦးနော်။
Credit \\ original