“အိုင္းစတိုင္းနဲ႔ စတီဖင္ေဟာ့ကင္းတို႔ထက္ IQ ရလဒ္သာလြန္ေနတဲ့ အထက္တန္းေက်ာင္းသူ”
အသက္ (၁၁) ႏွစ္အ႐ြယ္ အထက္တန္းေက်ာင္းသူေလးတစ္ဦးဟာ Mensa IQ စစ္ေဆးမႈမွာ အဲလ္ဘတ္ အိုင္းစတိုင္းနဲ႔ စတီဖင္ေဟာ့ကင္းတို႔လို ကမာၻေက်ာ္သိပၸံပညာရွင္ေတြထက္သာလြန္တဲ့ရလဒ္ကိုရခဲ့တာေၾကာင့္ သတင္းေခါင္းႀကီးပိုင္းမွာေဖာ္ျပခံခဲ့ရပါတယ္။
အဲဒီေက်ာင္းသူေလးရဲ႕အမည္က တာရာ ရွာရီဖီ (Tara Sharifi) ျဖစ္ၿပီး အီရန္ႏိုင္ငံသူတစ္ဦးျဖစ္ပါတယ္။ အဂၤလန္ႏိုင္ငံက Aylesbury High School မွာ တက္ေရာက္ေနတဲ့ ေက်ာင္းသူတစ္ေယာက္ျဖစ္ၿပီး သူက Oxford မွာက်င္းပခဲ့တဲ့ Mensa IQ စစ္ေဆးမႈမွာဝင္ေရာက္ေျဖဆိုခဲ့ၿပီး ‘ဉာဏ္ႀကီးရွင္ စံႏႈန္းအမွတ္’ျဖစ္တဲ့ (၁၄၀) မွတ္ရဲ႕အထက္ရမွတ္ကို ရရွိခဲ့တာပါ။
(၁၆၂) မွတ္ဆိုတဲ့ သူရဲ႕ရမွတ္က သီအိုရီပိုင္းဆိုင္ရာ ႐ူပေဗဒပညာရွင္ အိုင္းစတိုင္းနဲ႔ နာမည္ႀကီး စၾကဝဠာေဗဒ ပညာရွင္ စတီဖင္ေဟာ့ကင္းတို႔ထက္ေတာင္ သာလြန္ေနတာျဖစ္ပါတယ္။ Mensa IQ စစ္ေဆးမႈဟာ သတ္မွတ္ခ်ိန္အတြင္းမီေအာင္ေျဖဆိုရတဲ့စစ္ေဆးမႈျဖစ္ၿပီး စကားလုံးေတြရဲ႕ ဆိုလိုရင္းကို နားလည္ဖို႔အတြက္ ေက်ာင္းသား/သူေတြရဲ႕ စြမ္းရည္အေပၚ အဓိကထားစစ္ေဆးပါတယ္။
“ကိုယ့္ရလဒ္ကိုသိလိုက္ရေတာ့ တကယ္လန႔္သြားတာ။ အဲဒီလို အမွတ္ေကာင္းေကာင္းရမယ္လို႔ မေမွ်ာ္လင့္ထားခဲ့ပါဘူး” လို႔ ရွာရီဖီက ေျပာပါတယ္။ အခုဆိုရင္ ရွာရီဖီက သူရရွိခဲ့တဲ့ရမွတ္ေၾကာင့္ IQ ျမင့္သူေတြ ရဲ႕အဖြဲ႕အစည္းလို႔လူသိမ်ားတဲ့ Mensa ရဲ႕အဖြဲ႕ဝင္တစ္ဦးျဖစ္လာဖို႔ အရည္အခ်င္းျပည့္မီေနပါၿပီ။
“ဒီစစ္ေဆးမႈကို ဝင္ေျဖဖို႔ဆုံးျဖတ္ခဲ့တာကေတာ့ မိဘေတြရဲ႕ဆႏၵနဲ႔ တစ္ထပ္တည္းပါပဲ။ ဒါက Mensa မွာ IQ ျမင့္သူေတြနဲ႔ ေတြ႕ႏိုင္မယ့္အခြင့္အလမ္းလည္း ျဖစ္ေနတယ္ေလ။ ဒီအခြင့္အလမ္းကို ေက်ာင္းက သူငယ္ခ်င္းတခ်ိဳ႕ကို ေျပာျပၿပီးသြားၿပီ။ သူတို႔ကလည္း တကယ္ကို စိတ္ဝင္တစားရွိၾကပါတယ္” လို႔ ရွာရီဖီက ေျပာျပခဲ့ပါတယ္။ ႀကီးလာတဲ့အခါမွာလည္း သခ်ၤာနဲ႔ ဆက္စပ္တဲ့ပညာရပ္ေတြကို ဆက္ၿပီးေလ့လာသင္ယူသြားမယ္လို႔လည္း သူက ေျပာခဲ့ပါေသးတယ္။
ရွာရီဖီရဲ႕ဖခင္ကလည္း သမီးျဖစ္သူရဲ႕ရလဒ္ေၾကာင့္ အံ့အားသင့္ခဲ့ရၿပီး အခုရလဒ္မ်ိဳးရခဲ့တဲ့အတြက္ ဂုဏ္ယူမဆုံးျဖစ္ေနရေၾကာင္း ဖြင့္ဟခဲ့ကာ “တကယ္ဂုဏ္ယူမဆုံးပါပဲ။ တာရာ ရခဲ့တဲ့ရလဒ္က ကြၽန္ေတာ္တို႔ကို အံ့ၾသသြားေစခဲ့ပါတယ္။ တီဗီကေန ၾကည့္ေနခ်ိန္မွာလည္း သူ ေကာင္းေကာင္းလုပ္ႏိုင္မယ္ဆိုတာ အားလုံးကသိေနခဲ့ပါတယ္။ သူ စာေတာ္တာကို သိေနၿပီးသားေပမဲ့ အဲဒီလို IQ ရလဒ္မ်ိဳး ရမယ္လို႔ေတာ့ ထင္မထားခဲ့မိပါဘူး” လို႔ ေျပာျပခဲ့ပါတယ္။
Ref: Nextshark “11-Year-Old Iranian Girl Gets the Highest Mensa IQ Score, Beating Einstein, Hawking”
Credit: original
ပင်မစာမျက်နှာ
Unicode Version
အသက် (၁၁) နှစ်အရွယ် အထက်တန်းကျောင်းသူလေးတစ်ဦးဟာ Mensa IQ စစ်ဆေးမှုမှာ အဲလ်ဘတ် အိုင်းစတိုင်းနဲ့ စတီဖင်ဟော့ကင်းတို့လို ကမ္ဘာကျော်သိပ္ပံပညာရှင်တွေထက်သာလွန်တဲ့ရလဒ်ကိုရခဲ့တာကြောင့် သတင်းခေါင်းကြီးပိုင်းမှာဖော်ပြခံခဲ့ရပါတယ်။
အဲဒီကျောင်းသူလေးရဲ့အမည်က တာရာ ရှာရီဖီ (Tara Sharifi) ဖြစ်ပြီး အီရန်နိုင်ငံသူတစ်ဦးဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံက Aylesbury High School မှာ တက်ရောက်နေတဲ့ ကျောင်းသူတစ်ယောက်ဖြစ်ပြီး သူက Oxford မှာကျင်းပခဲ့တဲ့ Mensa IQ စစ်ဆေးမှုမှာဝင်ရောက်ဖြေဆိုခဲ့ပြီး ‘ဉာဏ်ကြီးရှင် စံနှုန်းအမှတ်’ဖြစ်တဲ့ (၁၄၀) မှတ်ရဲ့အထက်ရမှတ်ကို ရရှိခဲ့တာပါ။
(၁၆၂) မှတ်ဆိုတဲ့ သူရဲ့ရမှတ်က သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပညာရှင် အိုင်းစတိုင်းနဲ့ နာမည်ကြီး စကြဝဠာဗေဒ ပညာရှင် စတီဖင်ဟော့ကင်းတို့ထက်တောင် သာလွန်နေတာဖြစ်ပါတယ်။ Mensa IQ စစ်ဆေးမှုဟာ သတ်မှတ်ချိန်အတွင်းမီအောင်ဖြေဆိုရတဲ့စစ်ဆေးမှုဖြစ်ပြီး စကားလုံးတွေရဲ့ ဆိုလိုရင်းကို နားလည်ဖို့အတွက် ကျောင်းသား/သူတွေရဲ့ စွမ်းရည်အပေါ် အဓိကထားစစ်ဆေးပါတယ်။
“ကိုယ့်ရလဒ်ကိုသိလိုက်ရတော့ တကယ်လန့်သွားတာ။ အဲဒီလို အမှတ်ကောင်းကောင်းရမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး” လို့ ရှာရီဖီက ပြောပါတယ်။ အခုဆိုရင် ရှာရီဖီက သူရရှိခဲ့တဲ့ရမှတ်ကြောင့် IQ မြင့်သူတွေ ရဲ့အဖွဲ့အစည်းလို့လူသိများတဲ့ Mensa ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်လာဖို့ အရည်အချင်းပြည့်မီနေပါပြီ။
“ဒီစစ်ဆေးမှုကို ဝင်ဖြေဖို့ဆုံးဖြတ်ခဲ့တာကတော့ မိဘတွေရဲ့ဆန္ဒနဲ့ တစ်ထပ်တည်းပါပဲ။ ဒါက Mensa မှာ IQ မြင့်သူတွေနဲ့ တွေ့နိုင်မယ့်အခွင့်အလမ်းလည်း ဖြစ်နေတယ်လေ။ ဒီအခွင့်အလမ်းကို ကျောင်းက သူငယ်ချင်းတချို့ကို ပြောပြပြီးသွားပြီ။ သူတို့ကလည်း တကယ်ကို စိတ်ဝင်တစားရှိကြပါတယ်” လို့ ရှာရီဖီက ပြောပြခဲ့ပါတယ်။ ကြီးလာတဲ့အခါမှာလည်း သင်္ချာနဲ့ ဆက်စပ်တဲ့ပညာရပ်တွေကို ဆက်ပြီးလေ့လာသင်ယူသွားမယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။
ရှာရီဖီရဲ့ဖခင်ကလည်း သမီးဖြစ်သူရဲ့ရလဒ်ကြောင့် အံ့အားသင့်ခဲ့ရပြီး အခုရလဒ်မျိုးရခဲ့တဲ့အတွက် ဂုဏ်ယူမဆုံးဖြစ်နေရကြောင်း ဖွင့်ဟခဲ့ကာ “တကယ်ဂုဏ်ယူမဆုံးပါပဲ။ တာရာ ရခဲ့တဲ့ရလဒ်က ကျွန်တော်တို့ကို အံ့သြသွားစေခဲ့ပါတယ်။ တီဗီကနေ ကြည့်နေချိန်မှာလည်း သူ ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ အားလုံးကသိနေခဲ့ပါတယ်။ သူ စာတော်တာကို သိနေပြီးသားပေမဲ့ အဲဒီလို IQ ရလဒ်မျိုး ရမယ်လို့တော့ ထင်မထားခဲ့မိပါဘူး” လို့ ပြောပြခဲ့ပါတယ်။
Ref: Nextshark “11-Year-Old Iranian Girl Gets the Highest Mensa IQ Score, Beating Einstein, Hawking”
Credit:original