Latest Posts

“၈ တန်းကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပွား😫😫”











Credit:original

Unicode Version

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်မြို့ အ.ထ.က(၄)ကျောင်း ၈တန်း(b)တွင် တက်ရောက်နေသောကျောင်းသားဖြစ်သော မောင်ခန့်စည်သူ အသက်(၁၅)နှစ်သည် ၁၇.၇.၁၉ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် ကျောင်းတက်နေစဉ် ကျောင်းအိမ်သာသွားပြီးအပြန်
၈တန်း(c)အခန်းအား လှည့်ကြည့်ခဲ့ကာ မိမိအတန်း(b)သို့ ပြန်လာပြီး ထိုင်နေစဉ် (c)အခန်းမှ မောင်မြင့်မြတ်သူ(၁၆)နှစ်မှ လိုက်လာပြီး မင်းဘာလို့ကြည့်တာလဲမေးရာ မောင်ခန့်စည်သူမှ ကြည့်တော့ ဘာဖြစ် လဲ ပြန်ပြောသဖြင့်မောင်မြင့်မြတ်သူမှ ပါးတစ်ချက်ရိုက်ခဲ့ပါသည်။
၁၈.၇.၁၉ မနက်(၁၁)ခွဲ အချိန်ခန့်တွင် မောင်ခန့်စည်သူသည် ကျောင်း မတက်ပဲကျောင်းအပြင် ပန်းခြံစုဗဟိုလမ်းတွင် မောင်မြင့်မြတ်သူ ကျောင်းဆင်းအပြန်စောင့်နေပြီး အသင့်ယူဆောင်လာသောအရိုးအသွား(၁၀)လက်မခန့်ဓားဖြင့်သုံးချက်ထိုးခဲရာ မောင်မြင့်မြတ်သူ မြေပေါ် လဲကျသွားပြီး ထွက်ပြေးမယ်အလုပ် အနားရှိလူကြီးများမှ ဖမ်းစီးပြီး သက်ဆိုင်ရာသို့ အပ်လိုက်ပါသည်။
မောင်မြင့်မြတ်သူအား အင်းစိန်ဆေးရုံကြီးသို့ အနားရှိလူကြီးများမှ ပို့ပေးခဲ့ပြီး မောင်ခန့်စည်သူအားရွှေပြည်သာမြို့ မြို့မရဲစခန်းမှ ပုဒ်မ(၃၂၆)ဖြင့် ကနဦးအမှုဖွင့် ဖမ်းဆီးထားကြောင်းသိရှိရပါသည်။

Credit:original