Latest Posts

ည (၁၂) နာရီမွာ မ်က္ရည္ေတြ က်ခဲ့ရၿပီ ကေလးရယ္


Zawgyi

ဒီည၈:၃၀ေလာက္မွာက်မထံ မိတ္ေဆြအကိုကဗိုက္ဘာနဲ႔ ပို႔လာတယ္ ညီမတဲ့ ျမဝတီတံတားထိပ္ပလက္ေဖာင္းေပၚမွာ ျမန္မာစကားလည္းသိပ္မတတ္တဲ့ ကရင္လင္မယား ခေလး ကိုေပြ႕ၿပီးဒုကၡျဖစ္ေနတယ္တဲ့.. ခေလးက ဝမ္းဗိုက္ေတြေဖာေရာင္ၿပီး ဆီးပိုက္တပ္ထားတာ ေသြးေတြက်ေနတယ္ ကူပါအူန္းတဲ့..



က်မလည္းပံုၾကည့္မိတာနဲ႔ခ်က္ခ်င္းေျပးသြားခဲ့တဲ့အခါ ဦးလွထြန္း လူမႉကူညီေရးအဖြဲ႕ကားေရာက္ေနၿပီး ခေလးကို ခေလးမိဘေတြေနရပ္ျပန္ပို႔ဖို႔လုပ္ေနတယ္.. အစကက်မစိတ္ထင္ ခေလးကမိန္းခေလး မဒိန္းမႉျဖစ္လို႔မ်ား ဒီပံုေသြးေတြထြက္သလားေပါ့ လူလည္းထူပူၿပီး ခေလးကို ေအာက္ပိုင္းလွန္ေလွာၾကည့္ေတာ့ ခေလးကေယာက်ၤားေလး ဗိုက္ကပူေဖာင္းၿပီး ဆီးစပ္မွာခြဲရာပလာစတာႀကီးနဲ႔..

မိဘေတြကိုေမးျမန္းေတာ့ လည္လည္ပတ္ပတ္ဘာမွေမးမရ ရြာက ထိဝါကေလးကရင္ရြာကတဲ့ ရြာျပန္မယ္ပဲေျပာတယ္ မဲေဆာက္ေဆးရံုကျပန္သယ္လာတာတဲ့ ဆရာဝန္ဘာေျပာ လဲေမးေတာ့ လည္လည္ပတ္ပတ္ဘာမွေသခ်ာေမးမရပဲ မရေတာ့ဘူးေျပာတယ္ ျပန္မယ္တဲ့.. ပိုက္ဆံမတတ္ႏိုင္လို႔ဒီခေလးကိုပဲမခြဲသလား ဒီခေလးကို စကားျပန္တာပဲလြဲေနသလား ဘာပဲျဖစ္ျဖစ္ ေကာက္႐ိုး တစ္မွ်င္စာေလာက္ေမွ်ာ္လင့္ရရင္လည္း က်မရေအာင္ ကူၾကည့္အူန္းမယ္ဆိုၿပီး ေလွဆိပ္ကိုသယ္သြားၿပီးေတာ့ မဲေဆာက္ေဆးရံုဆီကားငွားေျပးခဲ့ၾကတယ္..

မဲေဆာက္ေဆးရံုေရာက္ေတာ့ အမဆိုင္ဒါမိတ္ေဆြ ထိုင္း ပုလိပ္ႀကီး ဇနီးေမာင္ႏွံထံအကူညီေတာင္းကာ ဆရာဝန္နဲ႔ စစ္ေဆးေဆြးေႏြးၾကည္တယ္ ဒီခေလးကိုကယ္လို႔လို႔ရမယ္ဆိုရင္ခြဲစိတ္ေပးဖို႔ ကုန္က်စားရိတ္မ်ားမယ္ဆိုလည္း က်မတို႔ဘက္ကက်သင့္သလိုေပးေခ်ပါ့မယ္ ရေအာင္ကယ္ေပးပါလို႔ေျပာၾကည့္ၾကတယ္ ဆရာဝန္ကေျပာတယ္ ခေလးက ေသြးကင္ဆာဟာ အဆူတ္ အသဲ ေက်ာက္ကပ္အားလံူး ျပန္႔လို႔ ကင္ဆာအဆင့္၄ကိုေရာက္ေနၿပီမို႔ကုမရေတာ့ပါဘူးတဲ့.. အလြန္ဆံူးေနရမွေနာက္(၃)ရက္ေလာက္သာပဲမို႔ ျပန္ေခၚသြားခိုင္းတယ္..



အခ်ိန္ၾကည့္ေတာ့ည၁၂နာရီထိုးလုၿပီ.. ဆရာဝန္က ခေလးမိဘကို ေျဖာင္းျဖတယ္.. ခေလးမိခင္ကခေလးကိုဖက္ဖက္ၿပီးငိုေနတာျမင္ရတာ ရင္ေတြနာလိုက္တာ.. ခေလးကိုျပန္ေလွဆိပ္ကပဲျပန္သယ္ေခၚလာၿပီး သူတို႔ထိဝါကေလးကရင္ရြာဆီ ဦးလွထြန္းလူမႉကူညီေရး အဖြဲ႕ကားနဲ႔ျပန္ခ်ိတ္ဆက္ၿပီးပို႔ေပးလိုက္ၾကပါတယ္..

ခေလးမိဘေတြအျဖစ္ကိုျမင္ၿပီး ညသန္းေခါင္ေလွနဲ႔ေသာင္ရင္းျမစ္ကူး ေၾကာက္စရာေကာင္းတဲ့ေရလယ္ကၽြန္းျဖတ္ရတဲ့အေၾကာက္ေတာင္ ဘယ္ေရာက္ကုန္တယ္မသိေတာ့ဘူး.. ခေလးမိဘကိုႏွစ္သိမ့္ေပးၿပီး အလႉေငြ၁သိန္းက်ပ္လိုရာသံူးဖို႔လႉဒါန္းလိုက္ပါတယ္..

အင္မတန္စိတ္ထိခိုက္ရတဲ့အျဖစ္ပ်က္ပါပဲ.. ခေလးေလးေရ မင္းကံဆိုးလိုက္တာ ကုသဖို႔ကူညီၾကသူေတြနဲ႔တိုးတာေတာင္ ခေလးအသက္ကိုကယ္တင္လို႔ေငြနဲ႔လဲလို႔မရခဲ့ဘူး..

Daw Nway Nway

Credit – baganthar

Unicode

ဒီည၈:၃၀လောက်မှာကျမထံ မိတ်ဆွေအကိုကဗိုက်ဘာနဲ့ ပို့လာတယ် ညီမတဲ့ မြဝတီတံတားထိပ်ပလက်ဖောင်းပေါ်မှာ မြန်မာစကားလည်းသိပ်မတတ်တဲ့ ကရင်လင်မယား ခလေး ကိုပွေ့ပြီးဒုက္ခဖြစ်နေတယ်တဲ့.. ခလေးက ဝမ်းဗိုက်တွေဖောရောင်ပြီး ဆီးပိုက်တပ်ထားတာ သွေးတွေကျနေတယ် ကူပါအူန်းတဲ့..

ကျမလည်းပုံကြည့်မိတာနဲ့ချက်ချင်းပြေးသွားခဲ့တဲ့အခါ ဦးလှထွန်း လူမှူကူညီရေးအဖွဲ့ကားရောက်နေပြီး ခလေးကို ခလေးမိဘတွေနေရပ်ပြန်ပို့ဖို့လုပ်နေတယ်.. အစကကျမစိတ်ထင် ခလေးကမိန်းခလေး မဒိန်းမှူဖြစ်လို့များ ဒီပုံသွေးတွေထွက်သလားပေါ့ လူလည်းထူပူပြီး ခလေးကို အောက်ပိုင်းလှန်လှောကြည့်တော့ ခလေးကယောကျင်္ားလေး ဗိုက်ကပူဖောင်းပြီး ဆီးစပ်မှာခွဲရာပလာစတာကြီးနဲ့..

မိဘတွေကိုမေးမြန်းတော့ လည်လည်ပတ်ပတ်ဘာမှမေးမရ ရွာက ထိဝါကလေးကရင်ရွာကတဲ့ ရွာပြန်မယ်ပဲပြောတယ် မဲဆောက်ဆေးရုံကပြန်သယ်လာတာတဲ့ ဆရာဝန်ဘာပြော လဲမေးတော့ လည်လည်ပတ်ပတ်ဘာမှသေချာမေးမရပဲ မရတော့ဘူးပြောတယ် ပြန်မယ်တဲ့.. ပိုက်ဆံမတတ်နိုင်လို့ဒီခလေးကိုပဲမခွဲသလား ဒီခလေးကို စကားပြန်တာပဲလွဲနေသလား ဘာပဲဖြစ်ဖြစ် ကောက်ရိုး တစ်မျှင်စာလောက်မျှော်လင့်ရရင်လည်း ကျမရအောင် ကူကြည့်အူန်းမယ်ဆိုပြီး လှေဆိပ်ကိုသယ်သွားပြီးတော့ မဲဆောက်ဆေးရုံဆီကားငှားပြေးခဲ့ကြတယ်..

မဲဆောက်ဆေးရုံရောက်တော့ အမဆိုင်ဒါမိတ်ဆွေ ထိုင်း ပုလိပ်ကြီး ဇနီးမောင်နှံထံအကူညီတောင်းကာ ဆရာဝန်နဲ့ စစ်ဆေးဆွေးနွေးကြည်တယ် ဒီခလေးကိုကယ်လို့လို့ရမယ်ဆိုရင်ခွဲစိတ်ပေးဖို့ ကုန်ကျစားရိတ်များမယ်ဆိုလည်း ကျမတို့ဘက်ကကျသင့်သလိုပေးချေပါ့မယ် ရအောင်ကယ်ပေးပါလို့ပြောကြည့်ကြတယ် ဆရာဝန်ကပြောတယ် ခလေးက သွေးကင်ဆာဟာ အဆူတ် အသဲ ကျောက်ကပ်အားလူံး ပြန့်လို့ ကင်ဆာအဆင့်၄ကိုရောက်နေပြီမို့ကုမရတော့ပါဘူးတဲ့.. အလွန်ဆူံးနေရမှနောက်(၃)ရက်လောက်သာပဲမို့ ပြန်ခေါ်သွားခိုင်းတယ်..

အချိန်ကြည့်တော့ည၁၂နာရီထိုးလုပြီ.. ဆရာဝန်က ခလေးမိဘကို ဖြောင်းဖြတယ်.. ခလေးမိခင်ကခလေးကိုဖက်ဖက်ပြီးငိုနေတာမြင်ရတာ ရင်တွေနာလိုက်တာ.. ခလေးကိုပြန်လှေဆိပ်ကပဲပြန်သယ်ခေါ်လာပြီး သူတို့ထိဝါကလေးကရင်ရွာဆီ ဦးလှထွန်းလူမှူကူညီရေး အဖွဲ့ကားနဲ့ပြန်ချိတ်ဆက်ပြီးပို့ပေးလိုက်ကြပါတယ်..

ခလေးမိဘတွေအဖြစ်ကိုမြင်ပြီး ညသန်းခေါင်လှေနဲ့သောင်ရင်းမြစ်ကူး ကြောက်စရာကောင်းတဲ့ရေလယ်ကျွန်းဖြတ်ရတဲ့အကြောက်တောင် ဘယ်ရောက်ကုန်တယ်မသိတော့ဘူး.. ခလေးမိဘကိုနှစ်သိမ့်ပေးပြီး အလှူငွေ၁သိန်းကျပ်လိုရာသူံးဖို့လှူဒါန်းလိုက်ပါတယ်..

အင်မတန်စိတ်ထိခိုက်ရတဲ့အဖြစ်ပျက်ပါပဲ.. ခလေးလေးရေ မင်းကံဆိုးလိုက်တာ ကုသဖို့ကူညီကြသူတွေနဲ့တိုးတာတောင် ခလေးအသက်ကိုကယ်တင်လို့ငွေနဲ့လဲလို့မရခဲ့ဘူး..

Daw Nway Nway