သူများသီချင်းတွေဆိုတဲ့အခါ အပြောခံရတယ်ဆိုတဲ့ ဖြိုးမြတ်အောင်
မန်မာအိုက်လ်ဒေါ ပြိုင်ပွဲကနေတဆင့် လူသိများနာမည်ကြီးလာတဲ့ ဖြိုးမြတ်အောင်ကတော့ သူ့အနေနဲ့ သူ့ကို လူတွေစသိတဲ့အချိန်ကတည်းက လက်ရှိချိန်ထိကို ပွဲတွေ အဆက်မပြတ်ဆိုနေရပြီး သူ့ရဲ့ ကိုယ်ပိုင် Solo Album အတွက်တောင် အချိန်မပေးနိုင်ဖြစ်နေတာ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ကတော့ သူ့အနေနဲ့ ပွဲတွေဆိုရတာ များပေမယ့်လည်း သူများသီချင်းတွေ ဆိုရတာကြောင့် တခါတလေမှာ ဝေဖန်ခံရတာတွေ ရှိပြီး သူ့ရဲ့ Album ထွက်မှပဲ ပွဲတွေမှာ သေချာလိုက်ဆိုတော့မယ်လို့ ပြောထားပါတယ်။
ဖြိုးမြတ်အောင်ကတော့ MCC နဲ့ အင်တာဗျူးမှာတော့ “ကျနော် Solo Album အတွက် သီချင်းတွေ ဆိုဖြစ်တယ်။ အခုနောက်ပိုင်းတော့ ဧရာဝတီဆိုတဲ့ သီချင်းကို သေချာလေး ဖန်တီးနေပါတယ်။ ဂီတလောကမှ အခက်ခဲတွေကတော့ အများကြီး ရှိပါတယ်။ လက်ရှိမှာ ကျနော်တို့ ပြိုင်ပွဲက ပြီးသွားတဲ့ အချိန်မှာ ကျနော်တို့က ရှိုးပွဲတွေ တောက်လျှောက် ငှားနေတဲ့ အကိုတွေကလည်း ရှိနေတော့။ တခါတလေတော့ ကျနော်လည်း ပွဲတွေနားချင်တယ်။ ကျနော့် ကိုယ်ပိုင်ခွေအတွက် ပိုပြီးတော့ လုပ်ချင်ပါတယ်”
“တခါတလေမှာ ကျနော်တို့က တခြားလူတွေရဲ့ သီချင်းတွေ ဆိုတော့ နည်းနည်းအပြောခံရတဲ့ အပိုင်းလေးတွေလည်း ရှိတော့ အဲ့ဒီအခက်ခဲတွေလည်း ရှိပါတယ်။ လက်ရှိမှာတော့ ကျနော့်ကို Solo Album မထွက်ခင် ကျနော့်ကို ပွဲတွေ လက်မခံဖြစ်ရင် ကျနော့်ကို နားလည်ပေးပါလို့ ပြောချင်ပါတယ်။ ကျနော် Solo Album အတွက် အားစိုက်ချင်လို့ပါ”
“လက်ရှိပွဲထဲကတော့ အခက်ခဲသိပ်မရှိပါဘူး။ ကျနော့်ဆရာတွေနဲ့ သွားရတော့ ပျော်နေတာပေါ့။ ကျနော့်ခွေမှာတော့ သီချင်းကတော့ အစုံပဲ Rock ပါမယ်။ Slow Rock လေးတွေလည်း ပါပါမယ်။ ပြီးတော့ အကျိုးပြုသီချင်းလေးတွေနဲ့ ပညာပေးတဲ့ သီချင်းလေးတွေပါပါမယ်။ သီချင်းတွေကတော့စုံပါတယ်။ ကျနော် ဗိုလ်ချုပ်သီချင်းကိုတော့ Album ထဲ မထည့်ပါဘူး” ဟုပြောကြားသွား ခဲ့ပါတယ်။
Credit \\ original