Latest Posts




(၃)ဂျွန်အက်ဖ်ကာရိုး



(၂)ဂျွန်ရိုဂန်



(၁)ရောဘတ်မက်ဒ်လိုး


Credit \\ original

Unicode

ကမ္ဘာ့အရပ်အရှည်ဆုံး ဂင်းနစ်စံချိန်ချိန်ရှင် (၃)ဦး

ဒီတစ်ခေါက်ဖော်ပြပေးမယ့် ဂင်းနစ်စံချိန်ရှင်ကတော့ အရပ်အရှည်တကာ့အရှည်ဆုံး ကမ္ဘာ့စံချိန်ရှင်တွေအဖြစ်တင်ထားတဲ့ လူ (၃)ယောက်အကြောင်းကို မိတ်ဆက်ပေးမှာပါ။ ထူးဆန်းတာက (၃)ယောက်စလုံးက အမေရိကန်တွေဖြစ်နေပြီး အရပ်တွေက (၉)ပေနီးပါးကို အပြိုင်အဆိုင်ရောက်နေကြတဲ့သူတွေပါ။ ဘယ်သူတွေလဲ ကြည့်လိုက်ရအောင်။

(၃)ဂျွန်အက်ဖ်ကာရိုး
သူ့ကိုဒီအတိုင်း မတ်တပ်ရပ်ခိုင်းထားရင် အရပ်က (၈)ပေပဲ ရှိပါတယ်။ သေချာလေး အရပ်တိုင်းဖို့ပဲ ဖြစ်ဖြစ် ဆန့်လိုက်မှ (၈)ပေ (၇)လက်ခွဲကို ရောက်လာဖြစ်လို့ တကယ့်အရှည်က (၈)ပေ (၇)လက်မခွဲပါ။ (၁၉၃၂)နဲ့ (၁၉၆၉)အထိ နေခဲ့ရပြီး၊ အမေရိကန်နိုင်ငံသားတစ်ဦးပါ။ သူတို့ရဲ့အရပ်တွေက လက်ရှိကာလကအရှည်ဆုံးဆိုတဲ့ သူတွေထက်ရှည်ခဲ့တာကို စာရင်းတင်ထားနိုင်ခဲ့သူတစ်ယောက်ပါ။

(၂)ဂျွန်ရိုဂန်
သူကတော့ သမိုင်းတလျှောက်ဒုတိယအရပ်အရှည်ဆုံးပါပဲ။ သူ့ရဲ့ ဝိတ်ဟာ အရပ် (၈)ပေ (၉)လက်မရှိတာတောင် ပေါင် (၂၀၄)ပေါင်ပဲ ရှိပါတယ်။ အရပ်ရှည်လွန်းတဲ့အတွက် မတ်တပ်မရပ်နိုင်တော့ဘဲ ဝှီးချဲနဲ့ပဲ သွားခဲ့ရသလို အသက်ကလည်း (၁၉၆၈)ကနေ (၁၉၀၅)ထိ (၃၇)နှစ်ပဲ ရှည်ခဲ့သူပါ။ သူလည်းပဲ အမေရိကန်နိုင်ငံသားပါ။

(၁)ရောဘတ်မက်ဒ်လိုး
(၈)ပေ (၁၁.၁)လက်မရှိတဲ့ မက်ဒ်လိုးရဲ့ အရပ်က တော်တော်လေးကို ရှည်လွန်းပါတယ်။ (၃)မီတာနီးပါးရှိနေတဲ့ မက်ဒ်လိုးကို ဂင်းနစ် စံချိန်စာအုပ်က ကမ္ဘာ့အရပ်အရှည်ဆုံးအဖြစ် အသိအမှတ်ပြုထားသူပါ။ အရပ်ရှည်တဲ့သူအများစုရဲ့ ထုံးစံအတိုင်းပဲ မက်ဒ်လိုးတစ်ယောက် (၂၂)မှာ ဆုံးပါသွားခဲ့ပြီး (၁၉၁၈-၁၉၄၀)ကာလတွေမှာ အမေရိကန်မှာ ရှင်သန်နေထိုင်ခဲ့ပါတယ်။


Credit \\ original