အမွှေ အနှောက်ဆိုပြီး အင်္ဂလိပ်သီချင်းကို ကိုယ်တိုင်ဂစ်တာတီးပြီး ဆိုပြခဲ့တဲ့ မောင်ချို ( ရုပ်သံ )
ချမ်းမြေ့မောင်ချိုကတော့ Myanmar Idol Season 3 ရဲ့ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီးတော့ First Runner-up ဆုရှင်လေးလည်းဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေအပြင် ဒိုင်တွေရဲ့အားပေးမှုကိုပါ ရရှိခဲ့သူလေးဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေက မောင်ချိုလို့ချစ်စနိုးနဲ့ခော်ဆိုကြတာပဲ ဖြစ်ပါတယ်။
ဘယ်လိုနေနေ ချစ်ပေးတဲ့ပရိသတ်အခိုင်အမာရရှိထားတဲ့ ချမ်းမြေ့မောင်ချိုလေးဟာ သူမပရိသတ်တွေအပေါ်မှာလည်း ရင်းရင်းနှီးနှီးနဲ့ ပရိသတ်တွေကို တန်ဖိုးထားတတ်သူလေးပဲ ဖြစ်ပါတယ်။ မောင်ချိုကတော့ အနုပညာအလုပ်တွေအပြင် ပွဲတက်တွေ ဆက်တိုက်တက်ရောက်ပြီး အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်နေတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပရိသတ်တွေနဲ့ အဆက်မပြတ်အောင်ပုံလေးတွေအပြင် သီချင်းလေးတွေဆိုပြလေ့ရှိသူတာပဲ ဖြစ်ပါတယ်။မကြာသေးမီကလည်း ပရိသတ်တွေအတွက် Jason Mraz ရဲ့ ” I’m Yours “သီချင်းလေးကို ကိုယ်တိုင် ဂစ်တာတီးကာ သီဆိုခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ” အမွှေ အနှောက်လေးပေါ့ “ဆိုပြီး သူမကိုချစ်တဲ့ပရိသတ်တွေအတွက်တင်ခဲ့တာပဲ ဖြစ်ပါတယ်။
Credit \\ original


