Latest Posts

သားဖြစ်သူ ၁၇ နှစ်ထိ ပုံမှန် မှတ်တမ်းဓာတ်ပုံရိုက်ထားတဲ့ ထူးခြားမိခင်



ထိုင်ဝမ်မှ ဓါတ်ပုံဆရာနဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ အန်နီဝမ် ဟာ မိခင်တစ်ယောက်လည်း ဖြစ်ပါတယ်။ စိတ်ကူးဥာဏ်ကွန့်မြူးတဲ့ သူတစ်ယောက်ဖြစ်တာနဲ့အညီ ရိုးရိုးမိဘနဲ့ရင်သွေးပုံစံ ဓါတ်ပုံတွေကို ရိုက်ချိုးပြီး ထူးထူးခြားခြား မှတ်တမ်းတင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အန်နီဟာ သူမရဲ့ သားကို မီးဖွားခင်တစ်ရက်အလိုကနေ စပြီး ဓါတ်ပုံမှတ်တမ်းရိုက်ကူးခဲ့ကာ နှစ်စဉ်နှစ်တိုင်း ရှေ့နှစ်က သားအမိနှစ်ယောက်စလုံးရဲ့ ပုံရှေ့မှာ ထပ်ကာရိုက်ကူးခဲ့ပါတယ်။

အန်နီဟာ ၁၇ နှစ်ကြာအောင် သားဖြစ်သူနဲ့ ဓါတ်ပုံရိုက်ကူးခဲ့ပြီး နှစ်တိုင်းမှာလည်း အရှေ့နှစ်က ရိုက်ထားတဲ့ ဓါတ်ပုံရှေ့မှာသာ ထပ်ရိုက်ကူးခဲ့တာပါ။ ဒီမှတ်တမ်းက သူတို့နှစ်ဦး ဘယ်လိုကျော်ဖြတ်လာခဲ့တယ်၊ အချိန်ကြောင့် ဘယ်လိုတွေပြောင်းလဲသွားတယ်ဆိုတာကို အကောင်းဆုံးဖော်ပြနေတာကြောင့် ပြောချင်လွန်းလို့ တို့အတွက် အန်နီရဲ့ အိုင်ဒီယာအလန်းစားဓါတ်ပုံမှတ်တမ်းကို ဖော်ပြပေးလိုက်ပါတယ်။


၁. ၂၀၀၁ ခုနှစ်မှာ မီးဖွားခါနီး ရိုက်ထားခဲ့တဲ့ ဓါတ်ပုံပါ။ ဒီဓါတ်ပုံဟာ သူမ ပရောဂျက်ရဲ့ ပထမဆုံး ဓါတ်ပုံလည်း ဖြစ်ပါတယ်။


၂. ၂၀၀၂ ခုနှစ်မှာတော့ တစ်နှစ်သား သားငယ်နဲ့အတူ ကင်မရာခလုတ်ကို နှိပ်ကာ ရိုက်ကူးနေတဲ့ပုံ ဖြစ်ပါတယ်။

၃. ၂၀၀၃ မှာ ကလေးရဲ့ ခြေထောက်မှာ ကျောက်ပတ်တီးလေးနဲ့ ငိုမဲ့မဲ့ဖြစ်နေတာကို တွေ့ရမှာပါ။


၎. ၂၀၀၄ မှာတော့ သုံးဘီးစက်ဘီးလေး စီးတတ်တဲ့ အရွယ်ကိုရောက်ခဲ့ပြီ။


၅. ၂၀၀၅ ခုနှစ်မှာ အမေကို ပြန်ကူညီတတ်တဲ့ အရွယ်ကို ရောက်လာခဲ့ပါပြီ။


၆. ၂၀၀၆ မှာ သားအမိနှစ်ယောက် အတူတူ အလုပ်များနေကြပုံကို ရိုက်ကူးခဲ့တယ်။



၇. ၂၀၀၇ ကတော့ သူတို့သားအမိအတွက် အချိုးအကွေ့ဖြစ်ခဲ့တဲ့ ပုံပါပဲ။

၈. ၂၀၀၈ ခုနှစ်မှာ အနာဂါတ်ကို စိတ်ကူးယဉ်တတ်တဲ့ အရွယ်ကိုရောက်လာပြီး ရိုက်ကူးတဲ့ စိတ်ကူးပုံစံကလည်း ပြောင်းလဲလာပါပြီ။

၉. ၂၀၁၄ ကို ခုန်ကျော်သွားရင်တော့ သားဖြစ်သူဟာ မိခင်နဲ့ အရပ်အမြင့်တူလာတဲ့ အချိန်ပါ။

၁၀. ၂၀၁၈ မှာတော့ အရွယ်ရောက်လာတဲ့ လူပျိုပေါက်သားနဲ့ စကားအခြေအတင် စဖြစ်နေပြီဆိုတဲ့ ပုံစံနဲ့ ရိုက်ကူးထားပါတယ်။

အခုခေတ်မှာ ရင်သွေးတွေကို ဓါတ်ပုံရိုက်ရတာ လွယ်ကူနေပြီမို့ တစ်ချို့ကလည်း နေ့တိုင်းလိုလို ကိုယ့်ရင်သွေးပုံကို ရိုက်ပြီး Facebook ပေါ်တင်နေကြပါပြီ။ ဒါပေမယ့် ဦးတည်ရာမဲ့ ရိုက်နေမယ့်အစား အန်နီလို ပရောဂျက်တစ်ခုပုံစံနဲ့ ထူးထူးဆန်းဆန်းလေး ရိုက်ကြမယ်ဆိုရင် ရင်သွေးလေးတွေ ကြီးလာတဲ့အခါ ဂုဏ်ယူစရာ မှတ်တမ်းတစ်ခု ရနေမှာလို့ ပြောချင်လွန်းလို့က အကြံပေးချင်ပါတယ်။

Credit  \\original