Latest Posts

ပိုင်ဖြိုးသုရဲ့စိတ်ဓာတ်ကို ဝေဖန်ပြလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်


နှိုင်းယှဉ်မြင့်မိုရ်ဟာ ဟိုးလွန်ခဲ့တဲ့နှစ်ကာလတွေကတည်းက ရုပ်ရှင် ဗီဒီယိုတွေမှာ ဇာတ်ပို့ဇာတ်ရံအဖြစ်ပါနေကြသရုပ်ဆောင်တစ်ဦးဖြစ်သလို အနုပညာလောကထဲမှာ လူချစ်လူခင်ပေါများသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် နှိုင်းယှဉ်မြင့်မိုရ်က ပြောချင်တာတွေကို ဒိုးဒိုးဒေါက်ဒေါက်ပြောချတတ်တဲ့ ပွင့်လင်းသူတစ်ဦးလည်းဖြစ်ပါတယ်။ အခုလည်း နှိုင်းယှဉ်မြင့်မိုရ်က ပြည်သူချစ်မင်းသမီး ပိုင်ဖြိုးသုနဲ့ပတ်သက်ပြီး ပြောလာပြန်ပါပြီ။

ဖြစ်ပုံကဒီလိုပါ။ မကြာသေးခင်ရက်ပိုင်းအတွင်းက နှိုင်းယှဉ်မြင့်မိုရ်က ဖုန်းထဲကို ရေဝင်ပြီးဖုန်းပျက်သွားတယ်လို့သိရပါတယ်။ အဲဒီသတင်းကို ပိုင်ဖြိုးသုကကြားတော့ ဖုန်းပျက်သွားလို့ဆို ဆိုပြီး လာမေးခဲ့ပါတယ်တဲ့။ နှိုင်းယှဉ်က ဖုန်းထဲကိုရေတွေဝင်သွားလို့ စခရင်မည်းသွားပြီး အသံလည်းမကြားရတော့တဲ့အကြောင်း ဖြစ်ကြောင်းရယ်ကုန်စင်ကိုပြောပြလိုက်ပါတယ်။ အဲဒီမှာ ပိုင်ဖြိုးသုက နှိုင်းယှဉ်ကို “သမီးကို Oppo က F9 လက်ဆောင်ပေးထားတာလေး မသုံးရသေးဘူး။ ဇာတ်လမ်းတွဲရိုက်တုန်းက ဒီတိုင်း For Show ကိုင်ထားတာ အသစ်ကြီး လာယူအိမ်မှာ”ဆိုပြီး F9 ကြီးကို ရက်ရက်ရောရောပေးလိုက်ပါတော့တယ်။ ပိုင်ဖြိုးသုက Oppo ရဲ့ Ambassador မို့ Oppo ကဖုန်းလက်ဆောင်ပေးထားတာဖြစ်နိုင်ပါတယ်။



အဲဒီအကြောင်းကို နှိုင်းယှဉ်မြင့်မိုရ်က Facebook ပေါ်တက်ပြီး “မနက်က စာဝင်လာတယ် မကြီးဖုန်းပျက်သွားလို့ဆို’ ဆိုပြီး oppo F9 လာယူနော်တဲ့…တစ်ခါကလည်း လူဆိုးကားရိုက်မလို့ လည်သာတွေရှာေ နတာသိတော့ အိမ်မှာလာယူ သမီးထုတ်ထားမယ်တဲ့ သူတပါးကိုပေးကမ်းတာ သူတပါးဒုက္ခရောက်ရင်ကူညီတတ်တာ ဆင်းရဲတာ ချမ်းသာတာနဲ့ မဆိုင်ဘူး။သူ့ ဝမ်းတွင်းထဲကကိုပါလာကြတာ သုသုရေ ဒီ့ထက်မက အောင်မြင်မှု့တွေ စိတ်ချမ်းသာမှု့တွေ ဆက်တိုက်လာပါစေ…လူတိုင်းအပေါ် စေတနာလွန်ကဲတတ်သောညမလေး တူသောအကျိုးတွေပေးပါစေ”ဆိုပြီး ပိုင်ဖြိုးသုကို ကျေးဇူးစကားဆိုရင်း ပိုင်ဖြိုးသုရဲ့ ပေးကမ်းရက်ရောတတ်တဲ့ ကုသိုလ်စိတ်ကလေးကို ချီးကျူးထားခဲ့ပါတယ်။


ပရိသတ်တွေကလည်း ပိုင်ဖြိုးသုရဲ့ သူတပါးကိုတတ်နိုင်သလောက်ကူညီတတ်တဲ့ စိတ်ဓာတ်ကလေးကိုဝိုင်းဝန်းချီးကျူးထားကြပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပိုင်ဖြိုးသုကို ချစ်ကြလား။ ပိုင်ဖြိုးသုရဲ့ အနုပညာတွေကိုရော အားပေးကြလား။ ပိုင်ဖြိုးသုကိုရဲ့နောက်ထပ်ထွက်မယ့်ရုပ်ရှင်တွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။
Source : Can’t Wait To Say