အဆီဖုေသးေသးေလးေတြကို အရွင္းေပ်ာက္သြားေအာင္ ဘယ္လုိလုပ္ႏုိင္မလဲ
အဆီဖုဆုိတာ ၀က္ျခံလုိမ်ိဳး နာတာမ်ိဳးလည္းမရွိဘူး ၊ အသားေရာင္ အဖုေသးေသးေလးေတြပဲ ျဖစ္ပါတယ္။ သူတုိ႔ကုိ Clogged Pores (အဆီဖု)လုိ႕ေခၚပါတယ္။ အဆီဖုေတြေပါက္လာရင္ တစ္ခုခ်င္းစီ ေပါက္တာမ်ိဳးထက္ တစ္စုတစ္စညး္တည္း ေပါက္တတ္ၾကတယ္။ အဆီဖုေတြ အေပါက္မ်ားတဲ့ေနရာကေတာ့ နဖူးပဲျဖစ္တယ္။
ဘာေၾကာင့္ အဆီဖု ေပါက္ရတာလဲ
မ်က္ႏွာေပၚက အဆီေတြစုၿပီး ေခၽြးေပါက္ပိတ္ဆုိ႕ရာကေန အျဖဴေရာင္၊ အသားေရာင္ အဖုေသးေသးေလးေတြ ေပါက္လာတတ္ပါတယ္။ ဒါေတြကေတာ့ Close Comedo လုိ႔ေခၚၿပီး ေခၽြးေပါက္ပြင့္သြားကာ ေအာက္ဆီဂ်င္နွင့္ထိေတြ႔ ဓာတ္ျပဳရင္ မဲမဲေလးျဖစ္ေနတဲ့ ဆား၀က္ျခံအသြင္ေျပာင္းသြားရင္ Open Comedo လုိ႔ ေခၚပါတယ္။
ထိေရာက္တဲ့နည္းလမ္း
မ်က္ႏွာေပၚ အဆီဖုေတြ၊ ဆား၀က္ျခံေတြ ရွိေနတာကို ကုိယ့္ကုိယ္ကို ယုံၾကည္မႈမဲ့ေစပါတယ္။ ဒါေၾကာင့္ သူတုိ႕ေတြကို အရွင္းဖယ္ရွားပစ္ဖုိ႕ ထိေရာက္တဲ့ နည္းလမ္းေလးေတြကေတာ့ ေရေႏြးေငြ႔နဲ႔ေပါင္းခံေပးၿပီး မ်က္နွာကို ေခ်းခၽြတ္သန္႔စင္ေပးျခင္းပဲျဖစ္ပါတယ္ ။
ေရေႏြးေငြ႕ေပါင္းတင္နည္း
ေရေႏြးကို ဇလုံတစ္ခုထဲထည့္ၿပီး ေရေႏြးေငြ႕အရမ္းမပူေအာင္ေတာ့ ေစာင့္ေပးရပါမယ္။ၿပီးရင္ မ်က္ႏွာကို ဇလုံေပၚကပ္ၿပီး ေရေႏြးေငြ႕ခံေပးပါ။ မ်က္ႏွာနဲ႕ဇလုံဟာ ေရေႏြးေငြ႕ခံဖုိ႕ ကြက္တိမျဖစ္ဘူးဆုိရင္ ေရေႏြးေငြ႔ေတြအျပင္ကို ထြက္သြားႏုိင္တယ္။ ဒါေၾကာင့္ ေရေႏြးေငြ႔ေတြအျပင္ကို ထြက္မသြားေအာင္ ေခါင္းေပၚကို ပ၀ါပတ္ထားလုိက္ပါ။(၅-၁၀)မိနစ္ေလာက္ မ်က္ႏွာေပၚ ေခၽြးစုိ႕လာတဲ့အထိ ေပါင္းခံေပးရပါမယ္။ေပါင္းခံၿပီးရင္ေတာ့ မ်က္ႏွာကို ပ၀ါျဖင့္ အသာအယာေလး သုတ္လုိက္ပါ။
မ်က္ႏွာေခ်းခၽြတ္ သန္႕စင္နည္း (၃)မ်ိဳး
(၁) ေရနည္းနည္းနဲ႕ “baking soda” တုိ႕ကို အႏွစ္ျဖစ္ေအာင္ ပ်စ္ပ်စ္ေလးေရာလုိက္ပါ။ လက္ေခ်ာင္းေလးနဲ႕ ၀က္ျခံေနရာေတြကို လိမ္းေပးပါ။ ဒီအႏွစ္ကို လိမ္းၿပီးရင္ေတာ့ မ်က္ႏွာေပၚ အၾကာႀကီးမလိမ္းထားရပါဘူး။ မ်က္ႏွာအသားအေရကို ေျခာက္သြားေစႏုိင္လုိ႕ပါ။
(၂) “သံပယုိသီး” ကို အရည္ညွစ္ထုတ္ျပီး ထြက္လာတဲ့ သံပယိုရည္ျဖင့္ မ်က္ႏွာေပၚကုိ လိမ္းေပးပါ။ (၁၀)မိနစ္ေလာက္ထားထားၿပီး မ်က္ႏွာသစ္လုိက္ပါ။ တစ္ရက္ကို တစ္ၾကိမ္၊ ႏွစ္ၾကိမ္ေလာက္ လုပ္ေပးပါ။
(၃) သဘာ၀ “ရွားေစာင္းလက္ပပ္” အႏွစ္နဲ႕ အဆီဖုေနရာေတြကို လိမ္းေပးၿပီး အေျခာက္ခံထားလုိက္ပါ။ ညလုံးေပါက္ လိမ္းေပးတာပိုေကာင္းပါတယ္။ မနက္က်ရင္ေတာ့ မ်က္ႏွာသစ္လုိက္ပါ။ ညတုိင္းရွားေစာင္းလက္ပပ္ အႏွစ္ကို လိမ္းအိပ္ေပးပါ။
Credit \\ original
Unicode
အဆီဖုဆိုတာ ဝက်ခြံလိုမျိုး နာတာမျိုးလည်းမရှိဘူး ၊ အသားရောင် အဖုသေးသေးလေးတွေပဲ ဖြစ်ပါတယ်။ သူတို့ကို Clogged Pores (အဆီဖု)လို့ခေါ်ပါတယ်။ အဆီဖုတွေပေါက်လာရင် တစ်ခုချင်းစီ ပေါက်တာမျိုးထက် တစ်စုတစ်စည်းတည်း ပေါက်တတ်ကြတယ်။ အဆီဖုတွေ အပေါက်များတဲ့နေရာကတော့ နဖူးပဲဖြစ်တယ်။
ဘာကြောင့် အဆီဖု ပေါက်ရတာလဲ
မျက်နှာပေါ်က အဆီတွေစုပြီး ချွေးပေါက်ပိတ်ဆို့ရာကနေ အဖြူရောင်၊ အသားရောင် အဖုသေးသေးလေးတွေ ပေါက်လာတတ်ပါတယ်။ ဒါတွေကတော့ Close Comedo လို့ခေါ်ပြီး ချွေးပေါက်ပွင့်သွားကာ အောက်ဆီဂျင်နှင့်ထိတွေ့ ဓာတ်ပြုရင် မဲမဲလေးဖြစ်နေတဲ့ ဆားဝက်ခြံအသွင်ပြောင်းသွားရင် Open Comedo လို့ ခေါ်ပါတယ်။
ထိရောက်တဲ့နည်းလမ်း
မျက်နှာပေါ် အဆီဖုတွေ၊ ဆားဝက်ခြံတွေ ရှိနေတာကို ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့စေပါတယ်။ ဒါကြောင့် သူတို့တွေကို အရှင်းဖယ်ရှားပစ်ဖို့ ထိရောက်တဲ့ နည်းလမ်းလေးတွေကတော့ ရေနွေးငွေ့နဲ့ပေါင်းခံပေးပြီး မျက်နှာကို ချေးချွတ်သန့်စင်ပေးခြင်းပဲဖြစ်ပါတယ် ။
ရေနွေးငွေ့ပေါင်းတင်နည်း
ရေနွေးကို ဇလုံတစ်ခုထဲထည့်ပြီး ရေနွေးငွေ့အရမ်းမပူအောင်တော့ စောင့်ပေးရပါမယ်။ပြီးရင် မျက်နှာကို ဇလုံပေါ်ကပ်ပြီး ရေနွေးငွေ့ခံပေးပါ။ မျက်နှာနဲ့ဇလုံဟာ ရေနွေးငွေ့ခံဖို့ ကွက်တိမဖြစ်ဘူးဆိုရင် ရေနွေးငွေ့တွေအပြင်ကို ထွက်သွားနိုင်တယ်။ ဒါကြောင့် ရေနွေးငွေ့တွေအပြင်ကို ထွက်မသွားအောင် ခေါင်းပေါ်ကို ပဝါပတ်ထားလိုက်ပါ။(၅-၁၀)မိနစ်လောက် မျက်နှာပေါ် ချွေးစို့လာတဲ့အထိ ပေါင်းခံပေးရပါမယ်။ပေါင်းခံပြီးရင်တော့ မျက်နှာကို ပဝါဖြင့် အသာအယာလေး သုတ်လိုက်ပါ။
မျက်နှာချေးချွတ် သန့်စင်နည်း (၃)မျိုး
(၁) ရေနည်းနည်းနဲ့ “baking soda” တို့ကို အနှစ်ဖြစ်အောင် ပျစ်ပျစ်လေးရောလိုက်ပါ။ လက်ချောင်းလေးနဲ့ ဝက်ခြံနေရာတွေကို လိမ်းပေးပါ။ ဒီအနှစ်ကို လိမ်းပြီးရင်တော့ မျက်နှာပေါ် အကြာကြီးမလိမ်းထားရပါဘူး။ မျက်နှာအသားအရေကို ခြောက်သွားစေနိုင်လို့ပါ။
(၂) “သံပယိုသီး” ကို အရည်ညှစ်ထုတ်ပြီး ထွက်လာတဲ့ သံပယိုရည်ဖြင့် မျက်နှာပေါ်ကို လိမ်းပေးပါ။ (၁၀)မိနစ်လောက်ထားထားပြီး မျက်နှာသစ်လိုက်ပါ။ တစ်ရက်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် လုပ်ပေးပါ။
(၃) သဘာ၀ “ရှားစောင်းလက်ပပ်” အနှစ်နဲ့ အဆီဖုနေရာတွေကို လိမ်းပေးပြီး အခြောက်ခံထားလိုက်ပါ။ ညလုံးပေါက် လိမ်းပေးတာပိုကောင်းပါတယ်။ မနက်ကျရင်တော့ မျက်နှာသစ်လိုက်ပါ။ ညတိုင်းရှားစောင်းလက်ပပ် အနှစ်ကို လိမ်းအိပ်ပေးပါ။
Credit \\ original