ဘာပဲဝတ်ဝတ် ကွန်ဖီးဒန့် ရှိတယ်ဆိုတဲ့ နေခြည်ဦး
နေခြည်ဦးဟာ Beauty Blogger အဖြစ်နဲ့ ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုရခဲ့ပြီးအခုဆိုရင် သရုပ်ဆောင်ဘက်ကိုကူးလို့ ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများလည်း ရိုက်ထားပြီဖြစ်သလို တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့တခဲနက်အားပေးမှုကိုလည်းရထားတဲ့ အနုပညာရှင်တစ်ဦးပါ။
နေခြည်က အလှအပရေးရာဘက်က Beauty Blogger ဆိုပေမယ့်လည်း ရှိသမျှဖက်ရှင် Trend တွေအကုန်လုံးကို မျက်ခြေပြတ်မခံပဲ ပရိသတ်တွေအတွက်ကြိုးစားလေ့လာပြီးချပြတတ်သူဖြစ်ပါတယ်။
ဒါ့အပြင် နေခြည်က ဘယ်လောက်ပဲ Branded တွေသုံးသုံး ချမ်းသာတဲ့ လူနည်းစုအတွက်သာလုပ်တဲ့ Blogger သဘောမျိုးအရောက်မခံပဲ တစ်နိုင်ငံလုံးက အယုတ်အလတ်အမြတ်မရွေးတဲ့ပရိသတ်တွေအတွက် အသုံးဝင်စေမယ့် Review တွေကိုလုပ်ပေးတတ်သူလည်းဖြစ်ပါတယ်။
နေခြည်က မကြာသေးမီကကျင်းပသွားတဲ့ L’Oreal Paris ရဲ့ ပွဲမှာ Hair Wig အဖြူနဲ့ အနက်ရောင် Dress နဲ့ ရိုးရှင်းပြီး ဆန်းပြားတဲ့အသွင်နဲ့ပွဲတက်လာခဲ့ပြီး အဲဒီပွဲမှာပဲ မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဖက်ရှင် Trend တွေကို အမီလိုက်ဖြစ်နေပုံနဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းပြောပြသွားပါတယ်။
နေခြည်က L’Oreal ပွဲတက်ဖက်ရှင်အကြောင်း “နေခြည်က ပုံမှန်တော့ အမည်းသိပ်မဝတ်ဖြစ်ဘူးပေါ့နော်။ ဒါပေမယ့် ဒီနေ့ဝတ်လာတာလေးက သိပ်မရိုးတဲ့အမည်းလို့တော့ထင်ပါတယ်။ နေခြည်ကြိုက်တဲ့ပုံစံလေးပါ။ အရမ်း Strong ဖြစ်တယ်။
အရမ်း Independent ဖြစ်တယ်လို့ ခံစားရပါတယ်။ အစကတော့ အနီလေးဝတ်မယ်ပေါ့နော်။ ဒါပေမယ့်နေခြည်က အမည်းက ဒီနှစ်ပိုဝတ်ချင်နေတယ်။ အဲဒါကြောင့် အမည်းဝတ်ဖြစ်တာပါ။ အမည်းဝတ်ဖို့ vote ပေးတဲ့ ပရိသတ်တွေလည်းအများကြီးရှိပါတယ်။ အဲဒီအတွက်ကျေးဇူးတင်ပါတယ်။ ဆံပင်ကတော့ နေခြည် ဒီပွဲအတွက်ဝယ်ထားတာပါ။ Make Up Trend ရော ဆံပင်ရောပေါ့နော်။
အကုန်အစစအရာရာအသစ်တွေနဲ့ ပရိသတ်ကိုချပြချင်လို့ ပုံစံပြောင်းထားတာပါ။ နေခြည်က Asian Make Up look တွေနဲ့သိပ်မလိုက်ဘူးလေ။ နေခြည့်မျက်နှာက ပုံမှန်ပြောရရင် ပြဲတယ်။ နည်းနည်းDefination သိပ်မပေါ်ဘူး။ ဒါပေမယ့်မေဦးက နေခြည့်ကို L’Oreal Make Up တွေနဲ့အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပေးထားပါတယ်”လို့ ပြောပြထားပါတယ်။
Fashion Trend တွေကို မပြတ်တမ်းလေ့လာပြီးပရိသတ်ကို ချပြတတ်တဲ့နေခြည်က ဖက်ရှင်လေ့လာမှုအပိုင်းကိုလည်း “ဖက်ရှင်ကိုလေ့လာရတာ အမှန်အတိုင်းပြောရင် တစ်အချက်အရမ်းပိုက်ဆံကုန်တယ်။ နှစ်အချက် investment အရမ်းလုပ်ရတယ်။ သုံးအချက် စာအများကြီးဖတ်ရတယ်။ လေးအချက် ရှိသမျှမီဒီယာတွေအထူးသဖြင့် ဖက်ရှင် collection တွေအားလုံးလေ့လာရတယ်။
ကိုယ်ကဒီလောက်ထိ ရင်းနှီးမြုပ်နှံပြီးသားဖြစ်တဲ့အတွက် ပရိသတ်ကလည်း သူတို့အားပေးတဲ့ နေခြည်ဦးက သြော်ဒီလောက်အထိလုပ်လာနိုင်တယ်ဆိုပြီး နေခြည် ပရိသတ်ရဲ့အားကိုလည်းလိုချင်တယ်။ ကိုယ်ကအရှေ့ကို push လုပ်လေ ပရိသတ်က လိုက်လာလေဖြစ်တဲ့အတွက် ကိုယ်ကနည်းနည်းလေးနောက်ကျတာနဲ့ ပရိသတ်က ဝေဖန်လို့ရတာပေါ့နော်။ပင်တော့ပင်ပန်းတယ်။
ဒီလိုပွဲတစ်ပွဲတက်ဖို့အတွက် နေခြည်အရမ်းပင်ပန်းတယ်လုပ်ရတာ။ အများကြီးပြင်ဆင်ရတယ်။ ဒါပေမယ့်ပရိသတ်အနေနဲ့လည်းအမြင်မှာတစ်မျိုးလေးဖြစ်မယ်။
ပရိသတ်ရင်ထဲမှာလည်းမှတ်မိနေမယ်ဆိုရင်နေခြည်တို့လုပ်ရတာတန်ပါတယ်”လို့ ရင်ဖွင့်ပြောပြသွားပါတယ်။
နေခြည် အထူးတလည်နှစ်သက်သဘောကျတဲ့ ဖက်ရှင်မျိုးကိုလည်း “နေခြည်ကြိုက်တဲ့ပုံစံကတော့ သူများတွေနဲ့မတူတာကြိုက်တယ်။ပုံမှန်ကတော့ယောက်ျားလေးလိုမျိုးဝတ်ဖြစ်တယ်။ အပြင်သွားရင်တော့ စိတ်ထဲမှာပေါ်တာ ဝတ်ဖြစ်တယ်။ သူများတွေလိုမျိုး ကြိုတင်စီစဉ်ထားတာသိပ်မရှိဘူး။ ဒီနေ့အင်္ကျီကလည်း မနေ့ကမှ comfirm ဖြစ်တာ။
စိတ်ပေါ်မူတည်ပြီး ကိုယ်ဘာဝတ်ဝတ်ကိုယ့်ကိုယ်ကိုယ် confident ရှိတယ်ဆိုတဲ့စိတ်ပဲထည့်ထားလိုက်တယ်”လို့ ဖြေကြားသွားပါတယ်။ နေခြည်က လောလောဆယ်မှာ နေတိုးနဲ့ အခမ်းနားဆုံးမေတ္တာဇာတ်ကားကြီးရိုက်ကူးထားပြီးမကြာခင်ရုံတင်တော့မှာပါ။ နေခြည်ဦးဟာ ပထမဆုံးရုပ်ရှင်ကားကြီး “ရန်သူ”နဲ့လည်း ပရိသတ်တွေကြားထဲမှာ အကယ်ဒမီတစ်ကြိုပေးခံခဲ့ရပြီး ပရိသတ်အသိအမှတ်ပြုလက်ခံတာခံရတဲ့မင်းသမီးတစ်လက်ပါ။
နေခြည်ဦးက လက်ရှိမှာ ရုပ်ရှင်တွေလည်းဆက်တိုက်ရိုက်နေသလို အနပညာအလုပ်တွေဆက်တိုက်လုပ်နေတယ်လို့လည်းသိရပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေခြည့်ရဲ့ နောက်ထပ်ထွက်လာမယ့် အနုပညာလှုပ်ရှားမှုတွေကိုအားပေးကြမှာလား။ အခမ်းနားဆုံးမေတ္တာဇာတ်ကားကြီးရုံတင်ရင်ရောသွားရောက်အားပေးကြည့်ရှု့ကြ မှာလား။ပြောခဲ့ကြပါဦး။
Credit \\ original