အသက္ ၁၂ ႏွစ္အ႐ြယ္ စြံ႔အနားမၾကားေသာသမီးအား ဖခင္ျဖစ္သူမွ အဓမၼျပဳက်င့္မႈျဖစ္ပြား
Zawgyicodeျဖင့္ဖတ္ရန္
မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ သင္ပန္းကုန္းရပ္ကြက္ တြင္ အသက္ (၁၂) ႏွစ္အရြယ္ စြံအနားမၾကားသူအား ဖခင္ျဖစ္သူက သားမယားအျဖစ္ျပဳက်င့္မႈျဖစ္ပြားခဲ့ေၾကာင္း ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္း က သိရသည္ ။ျဖစ္စဥ္မွာ က်ဴးလြန္ခံရသူ၏ မိခင္ ႏွင့္ က်ဴးလြန္သူ မ်ိဳးျမင့္ေအာင္ (၄၂) ႏွစ္တို႔သည္ လြန္ခဲ့သည့္ (၁၄) ႏွစ္က အိမ္ေထာင္ျပဳခဲ့ၿပီး သားသမီး (၅) ေယာက္ထြန္းကားခဲ့ၿပီး ယခင္အိမ္ေထာင္ျဖင့္လည္း သမီး (၂) ေယာက္ထြန္းကားခဲ့သည္ ။ ယခင္အိမ္ေထာင္ျဖင့္ ေမြးဖြားသူ သမီးအႀကီးမွာလည္း တစ္အိမ္တည္းတြင္ အတူေနထိုင္လွ်က္ရွိေၾကာင္း သိရသည္
ဇူလိုင္လ ၁၄ ရက္ေန႔က က်ဴးလြန္ခံရသူ၏ မိခင္သည္ ေျခဟန္လက္ဟန္ျဖင့္ နင့္အေဖ ေနာက္မိန္းမယူသြားၿပီဟု ေျပာသည့္အခါ က်ဴးလြန္ခံရသူ အသက္ (၁၂) ႏွစ္အရြယ္ စြံအနားမၾကား မိန္းကေလးသည္ ေျခဟန္လက္ဟန္ျဖင့္ ၄င္း၏ဖခင္ မ်ိဳးျမင့္ေအာင္ က အိမ္အေပၚထပ္တြင္ (၃) ႀကိမ္ သားမယားျပဳက်င့္ေၾကာင္း ေျပာၾကားခဲ့သည္ ။
ေနာက္ဆံုးျပဳက်င့္သည့္ အခ်ိန္သည္ လြန္ခဲ့သည့္ အပတ္က ျဖစ္ေၾကာင္း မႈခင္းမွတ္တမ္းတြင္ ေဖာ္ျပထားသည္ ။ထို႔အျပင္ က်ဴးလြန္သူ မ်ိဳးျမင့္ေအာင္ သည္ ယခင္အိမ္ေထာင္ျဖင့္ ေမြးဖြားသူ အသက္ (၂၀) အရြယ္ သမီးအႀကီးအား လြန္ခဲ့သည့္ (၁၀) ႏွစ္ေက်ာ္အခ်ိန္ကတည္းက သားမယားအျဖစ္အႀကိမ္ႀကိမ္ျပဳက်င့္ေၾကာင္း သိရသည္ ။
သမီးအႀကီး အိမ္ေထာင္က်ကာ ကေလးတစ္ဦးေမြးၿပီးသည့္အခ်ိန္အထိ မၾကာခဏ သားမယားအျဖစ္အႀကိမ္ႀကိမ္ျပဳက်င့္ေၾကာင္း သိရသည္ ။အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အသက္ (၁၂) ႏွစ္အရြယ္ စြံအနားမၾကား မိန္းကေလး၏ မိခင္ျဖစ္သူက တရားလိုျပဳလုပ္တိုင္တန္းသည့္အတြက္ က်ဴးလြန္သူ မ်ိဳးျမင့္ေအာင္ (၄၂) ႏွစ္ အား ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းတြင္ (ပ)၇၇၇/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ကာ ဖမ္းဆီးခဲ့ေၾကာင္း သိရသည္
Credit.ႏိုင္လင္းဦး / ပဥၥမလိႈင္း
Unicode
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် တွင် အသက် (၁၂) နှစ်အရွယ် စွံအနားမကြားသူအား ဖခင်ဖြစ်သူက သားမယားအဖြစ်ပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့မရဲစခန်း က သိရသည် ။ဖြစ်စဉ်မှာ ကျူးလွန်ခံရသူ၏ မိခင် နှင့် ကျူးလွန်သူ မျိုးမြင့်အောင် (၄၂) နှစ်တို့သည် လွန်ခဲ့သည့် (၁၄) နှစ်က အိမ်ထောင်ပြုခဲ့ပြီး သားသမီး (၅) ယောက်ထွန်းကားခဲ့ပြီး ယခင်အိမ်ထောင်ဖြင့်လည်း သမီး (၂) ယောက်ထွန်းကားခဲ့သည် ။ ယခင်အိမ်ထောင်ဖြင့် မွေးဖွားသူ သမီးအကြီးမှာလည်း တစ်အိမ်တည်းတွင် အတူနေထိုင်လျှက်ရှိကြောင်း သိရသည်
ဇူလိုင်လ ၁၄ ရက်နေ့က ကျူးလွန်ခံရသူ၏ မိခင်သည် ခြေဟန်လက်ဟန်ဖြင့် နင့်အဖေ နောက်မိန်းမယူသွားပြီဟု ပြောသည့်အခါ ကျူးလွန်ခံရသူ အသက် (၁၂) နှစ်အရွယ် စွံအနားမကြား မိန်းကလေးသည် ခြေဟန်လက်ဟန်ဖြင့် ၄င်း၏ဖခင် မျိုးမြင့်အောင် က အိမ်အပေါ်ထပ်တွင် (၃) ကြိမ် သားမယားပြုကျင့်ကြောင်း ပြောကြားခဲ့သည် ။
နောက်ဆုံးပြုကျင့်သည့် အချိန်သည် လွန်ခဲ့သည့် အပတ်က ဖြစ်ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည် ။ထို့အပြင် ကျူးလွန်သူ မျိုးမြင့်အောင် သည် ယခင်အိမ်ထောင်ဖြင့် မွေးဖွားသူ အသက် (၂၀) အရွယ် သမီးအကြီးအား လွန်ခဲ့သည့် (၁၀) နှစ်ကျော်အချိန်ကတည်းက သားမယားအဖြစ်အကြိမ်ကြိမ်ပြုကျင့်ကြောင်း သိရသည် ။
သမီးအကြီး အိမ်ထောင်ကျကာ ကလေးတစ်ဦးမွေးပြီးသည့်အချိန်အထိ မကြာခဏ သားမယားအဖြစ်အကြိမ်ကြိမ်ပြုကျင့်ကြောင်း သိရသည် ။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသက် (၁၂) နှစ်အရွယ် စွံအနားမကြား မိန်းကလေး၏ မိခင်ဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းသည့်အတွက် ကျူးလွန်သူ မျိုးမြင့်အောင် (၄၂) နှစ် အား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် (ပ)၇၇၇/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးခဲ့ကြောင်း သိရသည်
Credit.နိုင်လင်းဦး / ပဉ္စမလှိုင်း