ေက်ာင္းကားမေတာ္တဆမွုမွ ထိတ္လန႔္ဖြယ္ စီစီတီဗီ႐ုပ္သံ
Zawgyi
အိႏၵိယနိုင္ငံတြင္ ေက်ာင္းကားတစ္စီးအား အျခားကားတစ္စီးမွ အရွိန္နဲ႔ ဝင္တိုက္ခဲ့တာေၾကာင့္ ေက်ာင္းကား တိမ္းေမွာက္ခဲ့ပါတယ္။ ယာဥ္တိုက္မွုျဖစ္စဥ္တြင္ ကားေပၚတြင္ ပါလာေသာ ေက်ာင္းသားကေလးတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးတို႔ ကားအတြင္း ျဖစ္ပ်က္ခဲ့သည့္ ႐ုပ္သံကို ကားအတြင္းရွိ လုံျခဳံေရးကင္မရာမွ ဖမ္းယူရရွိခဲ့သည္။
ဇူလိုင္လ ၉ ရက္ နံနက္ ၈ နာရီ ၅၀ မိနစ္အခ်ိန္က ကာနာတာကာျပည္နယ္တြင္ ျဖစ္ပြားခဲ့ၿပီး ယာဥ္တိုက္မွုျဖစ္ခ်ိန္တြင္ ကေလးႏွင့္ အမ်ိဳးသမီးတို႔မွာ ဘတ္စ္ကားအတြင္း လိမ့္ထြက္သြားကာ ကားေခါင္မိုးနဲ႔ ရိုက္မိခဲ့တာကိုေတြ႕ရပါတယ္။ ကံေကာင္းစြာနဲ႔ အမ်ိဳးသမီးေရာ ကေလးပါ ဒဏ္ရာျပင္ထန္တစ္စုံတရာ မရရွိပဲ ျပန္ထြက္လာနိုင္ခဲ့ပါတယ္။
လမ္းမတြင္ တပ္ဆင္ထားေသာ စီစီတီဗီကင္မရာအရ ေက်ာင္းကားက ေမာင္းႏွင္လာခ်ိန္တြင္ အျခားေမာ္ေတာ္ကားငယ္က ေက်ာင္းကား၏ နံေဘးကို ဝင္တိုက္မိခဲ့ကာ ေက်ာင္းကားလမ္းေဘးသို႔ တိမ္းေမွာက္သြားခဲ့ျခင္းျဖစ္သည္။
တိမ္းေမွာက္မွုေၾကာင့္ ေက်ာင္းကားေမာင္းသူမွာ စတီယာရင္နဲ႔ ထိုင္ခုံၾကား ညပ္ေနခဲ့ၿပီး ကယ္ဆယ္ေရးအဖြဲ႕ ေရာက္လာမွ ျပန္လည္ဆြဲထုတ္ခဲ့ရပါတယ္။ ျဖစ္စဥ္နဲ႔ပက္သက္ၿပီး စုံစမ္းစစ္ေဆးမွုမ်ား ျပဳလုပ္လၽွက္ရွိေၾကာင္း သိရသည္။

Credit – original
Unicode
အိန္ဒိယနိုင်ငံတွင် ကျောင်းကားတစ်စီးအား အခြားကားတစ်စီးမှ အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် ကျောင်းကား တိမ်းမှောက်ခဲ့ပါတယ်။ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ကားပေါ်တွင် ပါလာသော ကျောင်းသားကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ကားအတွင်း ဖြစ်ပျက်ခဲ့သည့် ရုပ်သံကို ကားအတွင်းရှိ လုံခြုံရေးကင်မရာမှ ဖမ်းယူရရှိခဲ့သည်။
ဇူလိုင်လ ၉ ရက် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်က ကာနာတာကာပြည်နယ်တွင် ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ချိန်တွင် ကလေးနှင့် အမျိုးသမီးတို့မှာ ဘတ်စ်ကားအတွင်း လိမ့်ထွက်သွားကာ ကားခေါင်မိုးနဲ့ ရိုက်မိခဲ့တာကိုတွေ့ရပါတယ်။ ကံကောင်းစွာနဲ့ အမျိုးသမီးရော ကလေးပါ ဒဏ်ရာပြင်ထန်တစ်စုံတရာ မရရှိပဲ ပြန်ထွက်လာနိုင်ခဲ့ပါတယ်။
လမ်းမတွင် တပ်ဆင်ထားသော စီစီတီဗီကင်မရာအရ ကျောင်းကားက မောင်းနှင်လာချိန်တွင် အခြားမော်တော်ကားငယ်က ကျောင်းကား၏ နံဘေးကို ဝင်တိုက်မိခဲ့ကာ ကျောင်းကားလမ်းဘေးသို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
တိမ်းမှောက်မှုကြောင့် ကျောင်းကားမောင်းသူမှာ စတီယာရင်နဲ့ ထိုင်ခုံကြား ညပ်နေခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ ရောက်လာမှ ပြန်လည်ဆွဲထုတ်ခဲ့ရပါတယ်။ ဖြစ်စဉ်နဲ့ပက်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
Credit – original