Latest Posts

ျခိမ္းေျခာက္တိုင္းလည္း မေၾကာက္သလို၊ ေျမႇာက္တိုင္းလည္း မေျမာက္ဘူး ဆိုတဲ့ သင္းသင္း



Zawgyicode

အလွမယ္ သင္းသင္းကေတာ့ သ႐ုပ္ေဆာင္ ေဝဠုေက်ာ္ကို တရားစြဲဆိုခဲ့ရာမွ အစျပဳၿပီး ေဝဖန္မႈမ်ားစြာနဲ႕ တိုက္ခိုက္မႈမ်ား ခံေနရၿပီး သူ႕အေနနဲ႕ ၿခိမ္းေျခာက္တိုင္းလည္း မေၾကာက္သလို ျမႇောက္တိုင္းလည္း မေျမာက္ဘူးလို႔ ေျပာပါတယ္။

ဇူလိုင္လ ၁၇ ရက္ေန႕ ရန္ကုန္ၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ျပဳလုပ္ခဲ့တဲ့ ၂၀၀၈ ခုႏွစ္ အေျခခံဥပေဒ ျပင္ဆင္ေရး လူထုေထာက္ခံပြဲကို သြားေရာက္ခဲ့တာနဲ႕ ပတ္သက္ၿပီးေတာ့လည္း သင္းသင္းဟာ ေဝဖန္ခံခဲ့ရတယ္လို႔ သိရပါတယ္။



“အမႈနဲ႕ သက္ဆိုင္မႈ ရွိတာ၊ မရွိတာေတာ့ မသိဘူး။ ေလာေလာဆယ္မွာ သင္းထက္ ျဖစ္ေနတဲ့ အမႈနဲ႕ေတာ့ မဆိုင္ဘူးလို႔ ထင္ပါတယ္။ ကိုယ္က အေမစုကို ခ်စ္လို႔ သြားလိုက္တယ္။ ဒါကို ဘယ္လိုေၾကာင့္ တိုက္ခိုက္လဲေပါ့။ ဆိုးဆိုး႐ြား႐ြားကို ေရးထားတယ္။ ကိုယ္လည္း ဘာမွ မေျပာခဲ့ပါဘူး။

သင္းထက္က ၿခိမ္းေျခာက္တိုင္းလည္း မေၾကာက္တတ္ဘူးရွင့္။ ျမႇောက္တိုင္းလည္း မေျမာက္ဘူး။ ကိုယ့္ဦးႏွောက္နဲ႕ ကိုယ္လုပ္တာပါ” လို႔ သင္းသင္းက ေျပာပါတယ္။အဆိုပါ ပြဲကိုသြားေရာက္တာနဲ႕ ပတ္သက္ၿပီး Page အတု တခုမွ သင္းသင္း မေျပာခဲ့တဲ့ စကားမ်ားကို လူအမ်ား အထင္လြဲစရာ သတင္းအျဖစ္ ေဖာ္ျပခဲ့ၿပီး သင္းသင္းအေနနဲ႕ ေဒၚေအာင္ဆန္းစုၾကည္ကို ခ်စ္တဲ့အတြက္ သြားခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

“သူတို႔ေတြက အေမစုကို ထည့္ၿပီးေတာ့ က်မကို အရမ္းပုတ္ခတ္ၿပီးေတာ့ ထည့္ေရးထားတယ္။ ဒီေျမေပၚမွာ ေနတာေလ။ က်မကို ဒါနဲ႕ တိုက္ခိုက္တယ္ဆိုေတာ့ ဒါ နိုင္ငံေရးနဲ႕ ဆိုင္သြားပါၿပီ။ က်မတို႔က အေမစုကို ခ်စ္တယ္။

ဟိုပါ၊ ဒီပါေတြ က်မလည္း စိတ္မဝင္စားပါဘူး။ နိုင္ငံေရး လုပ္ေနတာ မဟုတ္ဘူး။ ခ်စ္လို႔ ခ်စ္တယ္လို႔ေျပာတာ ဖိတ္လို႔လည္း သြားခဲ့တာ”“အဲ့အေကာင့္တုကိုေတာ့ ထည့္မေျပာေတာ့ပါဘူး။ က်မရဲ႕ေရွ႕ေနနဲ႕လည္း တိုင္ပင္ထားပါတယ္။ သူတို႔ သေဘာနဲ႕ သူတို႔ စြပ္စြဲၿပီးေတာ့ ေရးထားပါတယ္။

လူတေယာက္ ထိခိုက္ဖို႔အတြက္ကို က်မကို အဲ့ေလာက္ထိ တိုက္ခိုက္ဖို႔ မလိုဘူးလို႔ က်မ ထင္တယ္။ စိတ္ဓာတ္ေရးရာပိုင္းမွာ အရမ္းကို ညံ့ေနပါတယ္။ အေမစုကို ခ်စ္လို႔ က်မ သြားခဲ့တာပါ”လို႔ သင္းသင္းက ေျပာပါတယ္။

အဲဒီပြဲကိုေတာ့ ပရဟိတ အတူတကြ လုပ္ၾကတဲ့ မိတ္ေဆြမ်ားရဲ႕ ဖိတ္ေခၚမႈေၾကာင့္ သြားေရာက္ခဲ့ၿပီး အေျခခံဥပေဒ ျပင္ဆင္ဖို႔ အခ်က္ေတြကိုလည္း နားမလည္ပါဘူးလို႔ သင္းသင္းက ဆိုပါတယ္။အေျခခံဥပေဒ ျပင္ဆင္ဖို႔ အခ်က္ေတြကို က်မလည္း နားမလည္ဘူး။ မသိပါဘူး။

ျပည္သူျပည္သားခ်င္း Facebook အေကာင့္အတုေတြနဲ႕ လွည့္တိုက္ေပးတယ္။ ျပည္သူေတြနဲ႕ လွည့္တိုက္ေပးတယ္။ နိုင္ငံေရးကို လႈံ႕ေဆာ္တဲ့ သေဘာပါ။ သင္းထက္ကို ခုတုံး လုပ္တယ္။ ေျဖရွင္းတယ္ဆိုတာကလည္း ကိုယ္နဲ႕လည္း ဘာမွ မဆိုင္ဘဲ နိုင္ငံေရးေတြ ပါလာလို႔ပါ” လို႔ သင္းသင္းက ေျပာပါတယ္။

သင္းသင္းက အခုလို ျပန္ ေျဖရွင္းရတာဟာ သူ႕ကို ခုတုံးလုပ္ကာ နိုင္ငံေရးမ်ား ပါလာတဲ့အတြက္ေၾကာင့္လို႔ ဆိုပါတယ္။ အလွမယ္ သင္းသင္းကေတာ့ သ႐ုပ္ေဆာင္ ေဝဠုေက်ာ္ကို တရားစြဲဆိုခဲ့ရာမွ တဆင့္ လူအမ်ားရဲ႕ စိတ္ဝင္စားျခင္း၊ ေဝဖန္မႈမ်ားစြာ ခံခဲ့ရၿပီး လတ္တေလာမွာလည္း အမႈက ရင္ဆိုင္ေနဆဲ မၿပီးျပတ္ေသးဘူးလို႔ သိရပါတယ္။

Credit \\  original

Unicode

အလှမယ် သင်းသင်းကတော့ သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုခဲ့ရာမှ အစပြုပြီး ဝေဖန်မှုများစွာနဲ့ တိုက်ခိုက်မှုများ ခံနေရပြီး သူ့အနေနဲ့ ခြိမ်းခြောက်တိုင်းလည်း မကြောက်သလို မြှောက်တိုင်းလည်း မမြောက်ဘူးလို့ ပြောပါတယ်။ဇူလိုင်လ ၁၇ ရက်နေ့ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို သွားရောက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း သင်းသင်းဟာ ဝေဖန်ခံခဲ့ရတယ်လို့ သိရပါတယ်။

“အမှုနဲ့ သက်ဆိုင်မှု ရှိတာ၊ မရှိတာတော့ မသိဘူး။ လောလောဆယ်မှာ သင်းထက် ဖြစ်နေတဲ့ အမှုနဲ့တော့ မဆိုင်ဘူးလို့ ထင်ပါတယ်။ ကိုယ်က အမေစုကို ချစ်လို့ သွားလိုက်တယ်။ ဒါကို ဘယ်လိုကြောင့် တိုက်ခိုက်လဲပေါ့။ ဆိုးဆိုးရွားရွားကို ရေးထားတယ်။ ကိုယ်လည်း ဘာမှ မပြောခဲ့ပါဘူး။ သင်းထက်က ခြိမ်းခြောက်တိုင်းလည်း မကြောက်တတ်ဘူးရှင့်။ မြှောက်တိုင်းလည်း မမြောက်ဘူး။ ကိုယ့်ဦးနှောက်နဲ့ ကိုယ်လုပ်တာပါ” လို့ သင်းသင်းက ပြောပါတယ်။အဆိုပါ ပွဲကိုသွားရောက်တာနဲ့ ပတ်သက်ပြီး Page အတု တခုမှ သင်းသင်း မပြောခဲ့တဲ့ စကားများကို လူအများ အထင်လွဲစရာ သတင်းအဖြစ် ဖော်ပြခဲ့ပြီး သင်းသင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့အတွက် သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့တွေက အမေစုကို ထည့်ပြီးတော့ ကျမကို အရမ်းပုတ်ခတ်ပြီးတော့ ထည့်ရေးထားတယ်။ ဒီမြေပေါ်မှာ နေတာလေ။ ကျမကို ဒါနဲ့ တိုက်ခိုက်တယ်ဆိုတော့ ဒါ နိုင်ငံရေးနဲ့ ဆိုင်သွားပါပြီ။ ကျမတို့က အမေစုကို ချစ်တယ်။ ဟိုပါ၊ ဒီပါတွေ ကျမလည်း စိတ်မဝင်စားပါဘူး။ နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ ချစ်လို့ ချစ်တယ်လို့ပြောတာ ဖိတ်လို့လည်း သွားခဲ့တာ”“အဲ့အကောင့်တုကိုတော့ ထည့်မပြောတော့ပါဘူး။ ကျမရဲ့ရှေ့နေနဲ့လည်း တိုင်ပင်ထားပါတယ်။ သူတို့ သဘောနဲ့ သူတို့ စွပ်စွဲပြီးတော့ ရေးထားပါတယ်။ လူတယောက် ထိခိုက်ဖို့အတွက်ကို ကျမကို အဲ့လောက်ထိ တိုက်ခိုက်ဖို့ မလိုဘူးလို့ ကျမ ထင်တယ်။ စိတ်ဓာတ်ရေးရာပိုင်းမှာ အရမ်းကို ညံ့နေပါတယ်။ အမေစုကို ချစ်လို့ ကျမ သွားခဲ့တာပါ”လို့ သင်းသင်းက ပြောပါတယ်။

အဲဒီပွဲကိုတော့ ပရဟိတ အတူတကွ လုပ်ကြတဲ့ မိတ်ဆွေများရဲ့ ဖိတ်ခေါ်မှုကြောင့် သွားရောက်ခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်ဖို့ အချက်တွေကိုလည်း နားမလည်ပါဘူးလို့ သင်းသင်းက ဆိုပါတယ်။အခြေခံဥပဒေ ပြင်ဆင်ဖို့ အချက်တွေကို ကျမလည်း နားမလည်ဘူး။ မသိပါဘူး။ ပြည်သူပြည်သားချင်း Facebook အကောင့်အတုတွေနဲ့ လှည့်တိုက်ပေးတယ်။ ပြည်သူတွေနဲ့ လှည့်တိုက်ပေးတယ်။ နိုင်ငံရေးကို လှုံ့ဆော်တဲ့ သဘောပါ။ သင်းထက်ကို ခုတုံး လုပ်တယ်။ ဖြေရှင်းတယ်ဆိုတာကလည်း ကိုယ်နဲ့လည်း ဘာမှ မဆိုင်ဘဲ နိုင်ငံရေးတွေ ပါလာလို့ပါ” လို့ သင်းသင်းက ပြောပါတယ်။

သင်းသင်းက အခုလို ပြန် ဖြေရှင်းရတာဟာ သူ့ကို ခုတုံးလုပ်ကာ နိုင်ငံရေးများ ပါလာတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။ အလှမယ် သင်းသင်းကတော့ သရုပ်ဆောင် ဝေဠုကျော်ကို တရားစွဲဆိုခဲ့ရာမှ တဆင့် လူအများရဲ့ စိတ်ဝင်စားခြင်း၊ ဝေဖန်မှုများစွာ ခံခဲ့ရပြီး လတ်တလောမှာလည်း အမှုက ရင်ဆိုင်နေဆဲ မပြီးပြတ်သေးဘူးလို့ သိရပါတယ်။


Credit \\  original