အဝတ်တစ်ထည်ထဲကို ရက်တစ်ရာတိတိ ဝတ်ဆင်ခဲ့တဲ့ ကျောင်းဆရာမတစ်ဦး
ဘီရိုတံခါးကို ဖွင့်လိုက်ပြီး အဝတ်အစားပုံကြီးကို ကြည့်ပြီးတော့ ဝတ်စရာမတွေ့ဘူးဆိုပြီး စိတ်ပျက်ဖူးသလား။ ဒါဟာလည်း ပြောချင်လွန်းလို့တို့အတွက်တော့ ခေါင်းခဲစရာတစ်ခုပါ။
ဒါပေမယ့် တစ်ခါနှစ်ခါ အပြင် ပိုမဝတ်ဘဲ ဝယ်ထားမိတဲ့ အဝတ်အစားတွေရှိတယ်ဆိုတာကိုလည်း သတိမူမိရပါမယ်။ အစီရင်ခံစာတစ်ခုမှာ လူတွေဟာ ၂၀၀၀ ခုနှစ်မှာ အဝတ်အစားဝယ်ယူတဲ့နှုန်းထက် ၂၀၁၄ ခုနှစ်မှာ ၆၀% ပိုများလာတယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်က ဂျူလီယာမူနေး ဆိုတဲ့ အနုပညာဘာသာရပ်ပြ ဆရာမတစ်ဦးဟာ လျှင်မြန်စွာပြောင်းလဲနေတဲ့ ဖက်ရှင်ရေစီးကြောင်းရဲ့ အပြစ်နဲ့ သဘာဝတရားကို ထိခိုက်နေမှုတွေကို သိရှိခံစားမိလာပါတယ်။ သူမက ဒီပြဿနာကို လူတွေ အာရုံစိုက်လာစေဖို့အတွက် ထူးခြားတဲ့ စိန်ခေါ်မှုတစ်ခုကို ပြုလုပ်ပြခဲ့တယ်။
ဂျူလီယာဟာ ၂၀၁၈ ခုနှစ် သြဂုတ်လမှာ သူမရဲ့ အင်စတာဂရမ်အကောင့်ကနေတဆင့် ဓါတ်ပုံတစ်ခုနဲ့ ကြေငြာခဲ့တယ်။ အဲ့ဒါကတော့ သူမဟာ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်တဲ့အနေနဲ့ အဝတ်တစ်ထည်ထဲကိုပဲ ရက်တစ်ရာပြည့်အောင် ဝတ်ဆင်သွားမယ် ဆိုတာပါပဲ။
ဒီလို အဝတ်တစ်ထည်ထဲ ဝတ်ဆင်မယ်ဆိုလို့ ရွံစရာကောင်းတယ်ဆိုတဲ့ ကော်မန့်တွေကို သူမက ဒီအဝတ်ကို ပုံမှန်လျှော်ဖွတ်သွားမှာဖြစ်တယ်လို့ တုံ့ပြန်ခဲ့သလို ပျင်းစရာကောင်းတဲ့ဖက်ရှင်ဆိုတဲ့ စကားတွေကိုလဲ သူမဟာ ဒီတိုင်းတွေ့မြင်ကြတဲ့သူတွေအတွက် ပုံမှန်အမေရိကန်တစ်ယောက်လိုပဲ ဝတ်စားဆင်ယင်ထားတာလို့ ပြောကြားခဲ့ပါတယ်။
တကယ်လို့ ပေါက်ပြဲခဲ့ရင် အရင်က လူတွေလို ပြန်လည်ချုပ်လုပ်ဝတ်ဆင်သွားမှာဖြစ်ပြီး အလုပ်လုပ်ရာမှာလည်း အဝတ်ကို မပေအောင် ရှေ့က အကာကို ဝတ်ဆင်သွားမယ်လို့ ရှင်းပြခဲ့တယ်။
အတတ်နိုင်ဆုံးရှင်းလင်းစွာနေထိုင်ရေးဟာလည်း ဂျူလီယာရဲ့ စိန်ခေါ်မှုတစ်စိတ်တစ်ပိုင်းပါပဲ။ ဘာဝတ်ရင် ကောင်းမလဲလို့ စဉ်းစားနေရတာကို အကောင်းဆုံးတုံ့ပြန်တယ်လို့ သူမက ယုံကြည်ခဲ့တယ်။
အဝတ်အစား နည်းပါးလာလေ ၊ ကုန်ကျစရိတ်သာမက နေအိမ်ရဲ့ နေရာလွတ်တွေ ပိုသက်သာလာလေဖြစ်ပြီး မိသားစုတွေမှာ မလိုတဲ့ အဝတ်တွေ ပုံနေခြင်းကို စိန်ခေါ်လိုက်တာလည်း ဖြစ်တယ်။
ဒီဆုံးဖြတ်ချက်ကို ရှင်းပြရာမှာ ဆိုရှယ်လူ့ဘောင်ရဲ့ ပြဿနာကိုလည်း သူမက ထည့်သွင်းခဲ့ပါတယ်။ လူတွေဟာ ပိုများတဲ့ အဝတ်အထည်ပမာဏကို လိုအပ်လာတဲ့အတွက် ကုမ္ပဏီတွေကို နိုင်ငံရပ်ခြားမှာ ဈေးပေါပေါနဲ့ စက်ရုံတွေထောင်ပြီး ကုန်ကျစရိတ်ပိုနည်းအောင် ထုတ်လုပ်လာကြတယ်။
တစ်ခါတလေမှာ အသက်မပြည့်သေးတဲ့သူတွေကို အသုံးပြုကြသလို အထည်ချုပ်လုပ်သားတွေရဲ့ လစာဟာလည်း ပုံမှန်ရုံးဝန်ထမ်း တွေရဲ့ လစာထက် များစွာနည်းပါးနေတယ်လို့ ဂျူလီယာက ထောက်ပြခဲ့ပါတယ်။
ခက်ခဲမယ်လို့ ထင်ရပေမယ့် ဒီစိန်ခေါ်မှုကို သူမက အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အခုတော့ ဂျူလီယာဟာ တစ်ထည်တည်းကိုပဲ ဝတ်နေတာ တွေ့ရမှာမဟုတ်ပါဘူး။
ဒါပေမယ့်လည်း သူမရဲ့ အဝတ်ပုံကြီးကိုတော့ သိသာစွာလျှော့ချနိုင်ခဲ့ပြီး ထိရောက်သက်သာတဲ့ ဖက်ရှင်ကို ပြောင်းလဲသွားခဲ့ပါပြီ။ သူမက ဒီအတွေးအခေါ်ကို တတ်နိုင်သမျှ လူများများစီ ပျံ့နှံ့စေနိုင်ဖို့ လိုလားနေပြီး ဒီစိန်ခေါ်မှုကို စမ်းသပ်ကြည့်ချင်ရင် #OneOutift100Days ဆိုတဲ့ Hashtag နဲ့ အခုပဲစတင်လိုက်ပါတော့။
Credit \\ original