Latest Posts

ချစ်စရာကောင်းသလောက် ဈေးလည်းကြီးတဲ့ အမွှေးရှည်ခွေးကြီးများ



တိရစ္ဆာန်ချစ်တဲ့သူတွေကတော့ ကမ္ဘာပေါ်မှာ တော်တော်များများ ရှိကြပါတယ်။ အနောက်ဥရောပ နိုင်ငံမှာတွေက ပိုပြီးတော့ တိရစ္ဆာန်တွေကို ချစ်ကြပြီး တိရစ္ဆာန် ညည်းပန်းနှိပ်စက်ရင် ချမှတ်ထားတဲ့ ဥပဒေတွေတောင် ရှိပါတယ်။

တိရစ္ဆာန်ချစ်ကြတဲ့သူတွေကတော့ များသောအားဖြင့် အိမ်တွေမှာ ခွေးတွေ ကြောင်တွေကို အများစုမွေးကြပါတယ်။ တချို့ကျတော့လည်း မြင်းတွေ ငှက်တွေ အစရှိတဲ့အကောင်တွေကို မွေးကြပါသေးတယ်။ ဒါပေမယ့်လည်း အများဆုံး မွေးတဲ့ အိမ်မွေးတိရစ္ဆာန်တွေကတော့ ခွေးတွေပဲ များပါတယ်။





အိမ်မွေးတိရစ္ဆာန်အဖြစ် ခွေးတွေကို မွေးရာမှာတော့ ပိုင်ရှင်တွေ ကိုယ်စီကိုယ်စီကတော့ မတူညီတဲ့ ခွေးအမျိုးအစားတွေကို မွေးလေ့ရှိပါတယ်။ ဒီလိုခွေးအမျိုးအစားတွေ အများကြီးထဲမှာမှ ထူးထူးဆန်းဆန်းနဲ့ ရှားရှားပါးပါး ခွေးအမျိုးအစားတွေလည်း ရှိပါတယ်။ ယခုပြောချင်လွန်းလို့ ပေ့ခ်ျက ဖော်ပြမယ့် ခွေးလေးတွေကတော့ သာမန်ထက်ပိုပြီး ရှည်နေတဲ့ အမွှေးတွေကို ပိုင်ဆိုင်ထားတဲ့ Afghan Hound အမျိုးအစား ခွေးတွေကို ဖော်ပြပေးလိုက်ပါတယ်။



ဒီခွေးတွေကတော့ ချစ်စရာကောင်းပေမယ့်လည်း သူ့တို့ရဲ့ ခေါင်းပေါ်မှာ သာမန် မိန်းကလေး တယောက်လို ဆံပင်တွေ ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ်မှာ ရှိတဲ့ အမွှေးအမျှင်တွေကလည်း တော်တော်လေးကို ရှည်ပါတယ်။ ဒီခွေးလေးတွေက ချစ်စရာကောင်းပြီး ရုတ်တရတ်ကြည့်လိုက်ရင် Animation ဇာတ်ကားတွေထဲက ခွေးမလေးတွေနဲ့ ခပ်ဆင်ဆင်ရှိပါတယ်။ ဒါပေမယ့်လည်း အထီးတွေလည်း ရှိပါတယ်။



Afghan Hound ဆိုတဲ့ ခွေးအမျိုးအစားခွေးလေးတွေကတော့ မွေးချင်စရာကောင်းပေမယ့်လည်း သူတို့ရဲ့ ရှည်လျားလှတဲ့ အမွှေးအမျှင်တွေကို တော်တော်ထိန်းသိမ်းရခက်မှာပါ။ ဒီခွေးတွေက တော်ရုံလည်း မွေးလို့တော့ မရပါဘူး။



ဈေးတွေကလည်းတော်တော်လေးကို ကြီးပါတယ်။ ပျမ်းမျှဒီခွေးတကောင်ရဲ့ ဈေးကတော့ ဒေါ်လာ ၅ ထောင် အထက်မှာရှိပါတယ်။ လူချမ်းသာတွေအတွက်ကတော့ တကယ့်ကို ခမ်းနားလှတဲ့ အိမ်မွေးခွေးတကောင်ပါပဲ။ ဒါကြောင့် ချစ်စရာကောင်းပြီး တမူထူးခြားနေတဲ့ အမွှေးအရှည်ကြီးနဲ့ Afghan Hound ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။




Credit  \\  original