ဂျိုးဖြူရေ ထက် မြစ်ရေက ပိုသန့်လောက်မယ်လို့ ပြောချလိုက်တဲ့ အဆိုတော် နိုင်းဝမ်း
အချစ်သီချင်းတွေကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးလာတဲ့ အဆိုတော်နိုင်းဝမ်းဟာ ယခုချိန်မှာတော့ သီချင်းလေးတွေလုပ်ရင်း ဖြတ်သန်းနေသူပါ။ သူကတော့ အစအနာက်သန်တဲ့ လူငယ်ပီပီ သူငယ်ချင်းတွေကိုဆေးထိုးလေ့ရှိသလို သူကိုယ်တိုင်ကလဲ မဟုတ်မခံ စိတ်ရှိတဲ့ကောင်လေးတစ်ယောက်ပါ။သူက ယနေ့မှာတော့ ဒေါင်းတောင်းမြို့နယ်မှာနေပြီး ဂျိုးဖြူရေသုံးစွဲတာကိုရေတွေ အရမ်းနောက်နေတယ်ဆိုတဲ့အကြောင်းကို ပြောပြလာပါတယ်။မဟုတ်မခံ လူငယ်လေးပီပီ ပြောချလိုက်ပုံကတော့ “
အော် ဒါက ရန်ကုန်မြို့လည်ခေါင် ဒေါင်းတောင်းမှာသုံးဖို့ ဂျိုးဖြူကပို့ပေးတဲ့ “ရေ” တဲ့လား??? ဟွာလေ ခဏနေရင် ဗိုလ်တထောင်ကမ်းနားသွားပြီး ရန်ကုန်မြစ်ထဲရေဆင်းချိုးမလို့ ဘယ်သူတွေလိုက်ကြအုံးမလဲ??? အဲ့မှာ ဒီထက် ပိုသန့်လောက်တယ်” လို့ ဆိုပြီးပြောချလိုက်ပါတယ်။ပရိသတ်တွေ ချစ်တဲ့ နိုင်းဝမ်းပြောသလို ဂျိုးဖြူရေ ညစ်ပတ်နေတယ်ဆိုတဲ့ ပြဿနာတွေကို ကြုံတွေ့နေရတဲ့သူတွေရှိလားပြောခဲ့ပါဦး ။
တစ်ချို့မြို့နယ်တွေမှာလဲ အဲ့လိုအခက်အခဲတွေနဲ့ ကြုံတွေနေရတယ်ဆိုတာတွေ ကြားသိနေရပါတယ်။ ဒီလိုပြဿနာတွေကို အချိန်နဲ့ တစ်ပြေးညီရှင်းလင်းပေးဖို့အတွက် လိုအပ်ချက်တွေများစွာရှိနေပါသေးတယ် ။ရေပြဿနာဆိုတာလဲ မြို့ပြရဲ့ အခြေခံကြတဲ့ အချက်တစ်ခုဘဲဖြစ်ပါတယ်။နိုင်းဝမ်း နေထိုင်တာကတော့ ဗိုလ်တစ်ထောင်မြို့နယ်ထဲမှာဖြစ်ပါတယ်။ သူကတော့ ယနေ့အချိန်ထိ စလုံးက ချစ်သူ၊ ကမ္ဘာငယ်လေး၊ အရောင်မဆိုးနဲ့ စတဲ့သီချင်းတွေက လူငယ်တွေကြားမှာ အရမ်းကိုဟစ်နေဆဲပါ။
Credit \\ original