၁ နှစ်ကလေးကို ကိုက်သည့် ခွေးများကို မြို့နယ်စည်ပင်ဥက္ကဌ ကိုယ်တိုင်ဖမ်းဆီး၊ လှည်းကူးသို့ပို့
ဗဟန်းမြို့နယ် သာသနာ့ရိပ်သာရပ်ကွက်တွင် (၂၄.၇.၂၀၁၉)ရက်နေ့ နံနက်(၁၀း၁၂)မိနစ်တွင် ဖြစ်ပွားခဲ့သော သာသနာ့ ရိပ်သာရပ်ကွက်နေ ကလေးငယ်တစ်ယောက်အား လမ်းဘေး လေလွင့်ခွေး (၅ကောင်)မှ ၀ိုင်းကိုက်သော ဖြစ်စဉ်အား သာသနာ့ရိပ်သာရပ်ကွက် ရပ်ကျေး အလုပ်အမှုဆောင်များမှ အဆိုပါနေ့တွင်ပင် ဗဟန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီသို့ တိုင်ကြားခဲ့ပါသည်။
ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ (၂၅.၇.၂၀၁၉)ရက်နေ့တွင် ဗဟန်းမြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဌ ဦးဝင်းဗိုလ်နှင့်ကော်မတီဝင် (၁) ဦးမြင့်သန်း ကော်မတီဝင်များ ခွေးချစ်သူအဖွဲ့များ မှ သွားရောက်အရေးယူ ဆောင်ရွက် ခဲ့ပြီးကြောင်း သိရှိရပါသည်။
အဆိုပါ ကလေးငယ်အား ၀ိုင်းကိုက်သော ခွေး(၅ကောင်) အနက် (၄ကောင်) အား ဖမ်းဆီးရမိကာ ကျန်သည့် တစ်ကောင် မှာ ရပ်ကွက်အနောက်ဖက် တောခြုံများအတွင်း ပြေးဝင် သွားကြောင်း သိရှိရပါသည်။ အထက်ပါ ဖမ်းဆီးရမိသော ခွေးများ အား လှည်းကူးမြို့နယ် သစ်နီပင် မင်းကုန်းပရဟိတခွေးဂေဟာသို့ ပို့ဆောင်ပြီးစီး ကြောင်း တင်ပြအပ်ပါသည်။
အထက်ဖော်ပြပါ ကလေးငယ်အား လေလွင့်ခွေးကင်းစင်ရေးအဖွဲ့မှ ဆေးရုံသို့ သွားရောက်ကာ တွေ့ဆုံ၍ အလှူငွေကျပ် နှစ်သိန်းတိတိအား လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ ကလေးငယ်မှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျှက် ရှိကြောင်း သိရှိရပါသည်။
Credit \\ original





