ဆယ်ကျော်သက်လေးလို ဆွဲဆောင်မှုအလှတရားတွေပြည့်နေတဲ့ မင်းသမီးခင်လေးနွယ်
တစ်ခေတ်တစ်ခါ မြန်မာဗီဒီယိုရုပ်ရှင်လောကရဲ့ နာမည်ကြီး မင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး အခုအချိန်ထိ အားပေးမှုတွေရရှိနေဆဲဖြစ်တဲ့ ခင်လေးနွယ်ကို သိကြမယ်ထင်ပါတယ်..။ သူမဟာဆိုရင် မြန်မာဝတ်စုံလေးတွေကို ရိုးယဉ်စွာ ဝတ်ဆင်လျက်ရှိပြီး အမြဲကိုသေသပ်လှပနေတာပါ…။ အပျိုကြီးမမဖြစ်တဲ့ ခင်လေးနွယ်ဟာဆိုရင် ကျန်းမာရေးလိုက်စာပြီး နုပျိုသွယ်လျနေတာဖြစ်ပါတယ်..။
ခင်လေးနွယ်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကို လက်ခံရိုက်ကူးလျက်ရှိပြီး အခမ်းအနားဖွင့်ပွဲတွေသို့လည်း တက်ရောက်ခဲ့တာပါနော်…။ အပန်းဖြေခရီးသွား ဝါသနာပါတဲ့ ခင်လေးနွယ်ဟာဆိုရင်သူငယ်ချင်းတွေနဲ့အတူ လန်ဒန်သို့ ရောက်ရှိနေတာပါ..။
ခင်လေးနွယ်က ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း “ကိုယ်ဟာ မင်းရဲ့ BABY လေးပါပဲ…” ဆိုတဲ့ status လေးနဲ့အတူ တင်ဆက်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်…။
Source Khin Lay Nwe
Credit \\ original





