Latest Posts

“ေႂကြလြင့္သြားတာ ၁၂ ႏွစ္ၾကာသည့္တိုင္ ပရိသတ္ေတြမေမ့ႏိုင္ေသးတဲ့ အႏုပညာၾကယ္ပြင့္တစ္ပြင့္”


ဒီေန႕(ဇူလိုင္၁၁ရက္)က သရုပ္ေဆာင္ ေဒြး(ခ) ကိုသားႀကီး အားလံုးကို ခြဲခြာ ႏႈတ္ဆက္သြားတဲ့ေန႕ေလးပါ။ ကြယ္လြန္သြားတာ (၁၂) ႏွစ္တိတိျပည့္ခဲ့ေပမယ့္ ပရိသတ္ေတြရဲ႕ ရင္ထဲမွာ ယေန႔ထက္တိုင္ ရွင္သန္ေနဆဲ အႏုပညာရွင္တစ္ဦးပါ။



ေဒြး ဆိုခဲ့တဲ့ “ဘယ္ေတာ့မွမေမ့ဘူး” ဆုိတဲ့ သီခ်င္းအတုိင္း သူ႕ကို ခ်စ္တဲ့ ပရိသတ္ေတြ၊ အႏုပညာရွင္ေ တြအားလံုး ယေန႕ထက္တိုင္ သူ႔ကို သတိရေနဆဲပါ။ အားလံုးရဲ႕ရင္ဘက္ထဲမွာ ရွင္သန္ေနဆဲ ျဖစ္တဲ့ ေဒြးဟာ သူခ်စ္တဲ့ အသိုင္းအဝိုင္းတစ္ခုလံုးကို ဒီေန႕(ဇူလိုင္၁၁ရက္)မွာ ခြဲခြာသြားခဲ့ရတာပါ။ ဇူလိုင္မိုးစက္ေတြၾကားထဲမွာ ပရိသတ္ေတြကို နႈတ္ဆက္သြားခဲ့တဲ့ ေဒြးဟာ သရုပ္ေဆာင္ ေလာကမွာ ပရိသတ္မ်ားစြာတုိ႔ရဲ႕ အခ်စ္ေတြ အခုိင္အမာရရွိခဲ့သူ၊ ေအာင္ျမင္ခဲ့သူပါ။

ေဒြးကို ေအာက္ေမ့ေနဆဲ သတိရ လြမ္းဆြတ္ေနဆဲ ပရိသတ္ေတြမ်ားစြာ ရွိေနတယ္ဆုိတာ ဒီေန႕လူမႈကြန္ယက္ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚက ပရိသတ္ေတြရဲ႕ သတိရျခင္း စာေတြက သက္ေသပါပဲ။ ဒီေန႕မွာ ေဒြးကို သတိရေၾကာင္း ေဒြးရဲ႕ သရုပ္ေဆာင္မႈေတြကို လြမ္းေၾကာင္း ေျပာထားတဲ့ စာေတြက လူမႈကြန္ယက္ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ျပန္႕လို႕ေနပါတယ္။

အဲဒီထဲကမွ ပရိသတ္တစ္ဦးက ေဒြးမရွိေတာ့တာဟာ အႏုပညာေလာကအတြက္ တံတိုင္းတစ္ခု ၿပိဳက်သြားသလိုပါပဲလုိ႔ေတာင္ ဆုိပါတယ္။

“ကိုသားႀကီးကို ပထမဆုံး ရုပ္ရွင္ရုံမွာ ၾကည့္ဖူးတာ ေမာင္မူပိုင္ရွင္ကားပါ။ အရမ္းႀကိဳက္ခဲ့တယ္၊ေနာက္ပိုင္း ဇာတ္ကားေတြလည္း ေတာက္ေလွ်ာက္ အားေပးျဖစ္တယ္၊ အန္တီခ်ိဳၿပဳံး ေျပာဖူးသလို ေဒြးနဲ႔တူတဲ့ မင္းသား မေပၚေသးဘူးဆိုတာ ဟုတ္ပါတယ္၊ ကိုသားႀကီးက စြယ္စုံရတယ္၊ ေနာက္ၿပီး လက္ေအာက္ငယ္သားေတြကိုလည္း ၾကည့္ရႈေစာင့္ေရွာက္တယ္လို႔ ၾကားဖူးတယ္၊ သူဆုံးေတာ့ ကိုသားညီက တံတိုင္းႀကီး ၿပိဳက်သလို ခံစားရတယ္လို႔ ေျပာတာ ၾကားဖူးတယ္၊အမွန္ပဲ ကၽြန္ေတာ္တို႔ အႏုပညာ ေလာကအတြက္လည္း တံတိုင္းတစ္ခု ၿပိဳက်သြားတာပါ” လို႕ ၾကည့္ျမင္တိုင္မွာေနတဲ့ ေဒြးရဲ႕ ပရိသတ္တစ္ဦးက ရင္ဖြင့္ခဲ့ပါတယ္။



သဘာဝမင္းသားလို႕ ေခၚျခင္းခံရဲ့ ေဒြးဟာ စြယ္စံုရ အႏုပညာရွင္တစ္ဦးပါ။ သူ႕ရဲ မ်က္လံုးေတြဟာ စကားေျပာစရာမလိုဘဲသူ႕ရဲ႕ သရုပ္ေဆာင္မႈေတြကို ေဖာ္ျပေနတယ္လို႕ ပရိသတ္္ေတြ၊ အႏုပညာသည္ အခ်င္းခ်င္း ခ်ီးက်ဴးတာေတြ ရွိခဲ့ပါတယ္။

ေဒြးရဲ႕ ေမြးေန႕ေရာက္တိုင္း ႏွစ္ပတ္လည္ေန႕ေတြေရာက္တိုင္း သူ႕ကို ခ်စ္တဲ့ သူေတြက ေကာင္းမႈကုသိုလ္ေတြ ျပဳလုပ္ေပးေလ့ရွိသလို ေဒြးရဲ႕ ညီ သားညီနဲ႕ ညီအစ္ကို အရင္းလို ဆရာတပည့္ေတြလို ေနခဲ့တဲ့ သရုပ္ေဆာင္ ဇြဲႏိုင္ဝင္း၊ ဒါရိုက္တာ စတီးလ္တို႕ဟာ ေဒြးအတြက္ မေမ့မေလ်ာ့ဘဲ အလွဴအတန္းေတြ ျပဳလုပ္ေပးခဲ့သူေတြပါ။



ေဒြးကို အခုထက္ထိမေမ့ႏိုင္ဘဲ အိမ္မွာ ဓာတ္ပုံထားၿပီးကိုးကြယ္ထားတဲ့ ေဒြးရဲ႕ တပည့္ စတီးလ္က လည္း ဒီေန႕မွာ ေဒြးအတြက္ ဘယ္လိုကုသိုလ္ေတြ ျပဳလုပ္ေပးေနတယ္ဆုိတာလည္း ေျပာျပထားပါေသးတယ္။

“မနက္အေစာႀကီး ေရႊေစတီဘုန္းႀကီးေက်ာင္းမွာ ဆြမ္းသြားကပ္တယ္။ ကၽြန္ေတာ့္အိမ္မွာေတာ့ ႏွစ္တုိင္းလုပ္ေနၾက သက္သက္လြတ္ ထမင္းခ်က္ၿပီးေတာ့ မိဘမဲ့ေက်ာင္းကုိ သြားပုိ႔ပါတယ္။ သူ႔ကုိသတိရ မရကေတာ့ ကၽြန္ေတာ့္အိမ္ကုိ လာၾကည့္ပါ။ ကၽြန္ေတာ္က မိဘလုိ သေဘာထားတာ။ ကၽြန္ေတာ့္ အိမ္မွာ ဘုရားစင္လုိ လုပ္ၿပီး ကုိးကြယ္ထားတာပါ။ ကၽြန္ေတာ္တုိ႔ရဲ႕ ဟိႏၵဴဘာသာအရ မိဘေတြ ဆုံးသြားရင္ ကုိးကြယ္ရတယ္။ အဲဒီသေဘာပဲ သူ႔ကုိလည္း ဓာတ္ပုံနဲ႔တကြ ကုိးကြယ္ထားတာပါ။ မနက္ဆုိရင္လည္း ဘုရားဆြမ္းကပ္ရင္ သူ႔ကုိလည္း ကပ္တယ္။ ဒါကေတာ့ ေန႔စဥ္လုပ္ေနတာပါ။ ႏွစ္စဥ္အလုပ္ကေတာ့ ဒီႏွစ္က စၿပီး ပုိက္ဆံစုတယ္၊ စုၿပီးေတာ့ လွဴတယ္။ မႏွစ္ကဆုိရင္လည္း ၿငိမ္းခ်မ္းေရးေစတီ တည္ေဆာက္တဲ့ေနရာမွာ ကၽြန္ေတာ္ ဆယ္သိန္းလွဴခဲ့တယ္။ ဒီႏွစ္လည္း ကၽြန္ေတာ္ လွဴဖုိ႔ စီစဥ္ထားပါတယ္။ ရႈတင္ရွိေနလုိ႔ မလွဴျဖစ္ေသးတာပါ’’ လုိ႔ သူက Duwun Media ကို ေျပာပါတယ္။



သရုပ္ေဆာင္ ဇြဲႏိုင္ဝင္းကလည္း ေဒြးကို ဒီေန႕အခ်ိန္ထိ ရွိခုိးဦးခ် ကန္ေတာ့ၿပီး သတိရတမ္းတေနလ်က္ရွိတယ္လို႕ ဆုိပါတယ္။

“လြမ္းတယ္ အစ္ကိုရယ္ (၁၂)ႏွစ္ လို႔ေျပာရေပမယ့္အစ္ကို႔ကို ကၽြန္ေတာ့္ ရင္ထဲကေန အၿမဲတမ္း မေမ့မေလ်ာ့ဘဲ ဒီေန႔ ဒီခ်ိန္ထိ ရွိခိုးဦးခ် ကန္ေတာ့ၿပီးသတိရ တမ္းတေနလ်က္ပါ အစ္ကို ။ဒီေန႔ ကၽြန္ေတာ္ရယ္ ဖိုးသဲရယ္ ေရ႔ႊတိဂံုေစတီေတာ္ အထက္ပစၥယံမွာ ေမတၱာသုတ္ေတာ္နဲ႔ (၂၄)ပစၥည္း ပ႒ာန္း ေဒသနာေတာ္အက်ယ္ ကို ရြတ္ဖတ္ပူေဇာ္ကန္ေတာ့ျပီး ကုသိုလ္ျပဳခဲ့ပါတယ္ အစ္ကို။အစ္ကို သာဓု ေခၚေပးေနာ္။သာဓု သာဓု သာဓုအစ္ကို႔ကို အၿမဲတမ္း သတိရျခင္းမ်ားစြာျဖင့္စိန္သားညီ၊စိန္လူသား (၁၁.၇.၂၀၁၉)” ဆုိၿပီးဇြဲႏုိင္ဝင္းရဲ႕ ေဖ့စ္ဘြတ္မွာ ဇူလုိင္(၁၁) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။



ပရိသတ္ေတြသာမက အႏုပညာေမာင္ႏွမမ်ားက ကိုသားႀကီးလို႕ ခ်စ္စႏိုးေခၚၾကတဲ့ ေဒြးရဲဲ႕ နာမည္အရင္းက ထင္လင္းပါ။ ထင္လင္း(ခ)ေဒြးဟာ Y.I.T ကေန အင္ဂ်ီနီယာဘြဲ႕ရထားသူ တစ္ေယာက္ျဖစ္ပါတယ္။ ေဒြးဟာ ဘြဲ႕မရခင္ကတည္းက ဦးေလးျဖစ္သူ ေက်ာ္ဟိန္း နဲ႕ အတူ ဇာတ္ကားေတြ ရိုက္ကူးခဲ့ရင္း အႏုပညာေလာကထဲ ဝင္ေရာက္လာခဲ့တာပါ။ ေဒြးဟာ သူခ်စ္တဲ့ မိသားစု ၊ အႏုပညာကိုအလုပ္ေတြ အသက္ ၄၂ ႏွစ္အရြယ္ ၂၀၁၇ခုႏွစ္ ၊ ဇူလိုင္(၁၁) ရက္ေန႕မွာ အားလံုးကို ႏႈတ္ဆက္ခြဲခြာသြားခဲ့ပါတယ္။ သူဟာ ဇာတ္ကားေပါင္း ၁၀၀ ေက်ာ္ကို ရိုက္ကူးခဲ့ၿပီး ၁၉၉၇ ခုႏွစ္မွာ အေမ့ေျခရာ ရုပ္ရွင္ဇာတ္ကားနဲ႕ အကယ္ဒမီဆုႀကီးကို ပိုင္ဆုိင္ခဲ့တာလည္း ျဖစ္ပါတယ္။

Credit: Duwun

Unicode Version

ဒီနေ့(ဇူလိုင်၁၁ရက်)က သရုပ်ဆောင် ဒွေး(ခ) ကိုသားကြီး အားလုံးကို ခွဲခွာ နှုတ်ဆက်သွားတဲ့နေ့လေးပါ။ ကွယ်လွန်သွားတာ (၁၂) နှစ်တိတိပြည့်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့ထက်တိုင် ရှင်သန်နေဆဲ အနုပညာရှင်တစ်ဦးပါ။
ဒွေး ဆိုခဲ့တဲ့ “ဘယ်တော့မှမမေ့ဘူး” ဆိုတဲ့ သီချင်းအတိုင်း သူ့ကို ချစ်တဲ့ ပရိသတ်တွေ၊ အနုပညာရှင်ေ တွအားလုံး ယနေ့ထက်တိုင် သူ့ကို သတိရနေဆဲပါ။ အားလုံးရဲ့ရင်ဘက်ထဲမှာ ရှင်သန်နေဆဲ ဖြစ်တဲ့ ဒွေးဟာ သူချစ်တဲ့ အသိုင်းအဝိုင်းတစ်ခုလုံးကို ဒီနေ့(ဇူလိုင်၁၁ရက်)မှာ ခွဲခွာသွားခဲ့ရတာပါ။ ဇူလိုင်မိုးစက်တွေကြားထဲမှာ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့တဲ့ ဒွေးဟာ သရုပ်ဆောင် လောကမှာ ပရိသတ်များစွာတို့ရဲ့ အချစ်တွေ အခိုင်အမာရရှိခဲ့သူ၊ အောင်မြင်ခဲ့သူပါ။

ဒွေးကို အောက်မေ့နေဆဲ သတိရ လွမ်းဆွတ်နေဆဲ ပရိသတ်တွေများစွာ ရှိနေတယ်ဆိုတာ ဒီနေ့လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်က ပရိသတ်တွေရဲ့ သတိရခြင်း စာတွေက သက်သေပါပဲ။ ဒီနေ့မှာ ဒွေးကို သတိရကြောင်း ဒွေးရဲ့ သရုပ်ဆောင်မှုတွေကို လွမ်းကြောင်း ပြောထားတဲ့ စာတွေက လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြန့်လို့နေပါတယ်။

အဲဒီထဲကမှ ပရိသတ်တစ်ဦးက ဒွေးမရှိတော့တာဟာ အနုပညာလောကအတွက် တံတိုင်းတစ်ခု ပြိုကျသွားသလိုပါပဲလို့တောင် ဆိုပါတယ်။

“ကိုသားကြီးကို ပထမဆုံး ရုပ်ရှင်ရုံမှာ ကြည့်ဖူးတာ မောင်မူပိုင်ရှင်ကားပါ။ အရမ်းကြိုက်ခဲ့တယ်၊နောက်ပိုင်း ဇာတ်ကားတွေလည်း တောက်လျှောက် အားပေးဖြစ်တယ်၊ အန်တီချိုပြုံး ပြောဖူးသလို ဒွေးနဲ့တူတဲ့ မင်းသား မပေါ်သေးဘူးဆိုတာ ဟုတ်ပါတယ်၊ ကိုသားကြီးက စွယ်စုံရတယ်၊ နောက်ပြီး လက်အောက်ငယ်သားတွေကိုလည်း ကြည့်ရှုစောင့်ရှောက်တယ်လို့ ကြားဖူးတယ်၊ သူဆုံးတော့ ကိုသားညီက တံတိုင်းကြီး ပြိုကျသလို ခံစားရတယ်လို့ ပြောတာ ကြားဖူးတယ်၊အမှန်ပဲ ကျွန်တော်တို့ အနုပညာ လောကအတွက်လည်း တံတိုင်းတစ်ခု ပြိုကျသွားတာပါ” လို့ ကြည့်မြင်တိုင်မှာနေတဲ့ ဒွေးရဲ့ ပရိသတ်တစ်ဦးက ရင်ဖွင့်ခဲ့ပါတယ်။
သဘာဝမင်းသားလို့ ခေါ်ခြင်းခံရဲ့ ဒွေးဟာ စွယ်စုံရ အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ မျက်လုံးတွေဟာ စကားပြောစရာမလိုဘဲသူ့ရဲ့ သရုပ်ဆောင်မှုတွေကို ဖော်ပြနေတယ်လို့ ပရိသတ်တွေ၊ အနုပညာသည် အချင်းချင်း ချီးကျူးတာတွေ ရှိခဲ့ပါတယ်။

ဒွေးရဲ့ မွေးနေ့ရောက်တိုင်း နှစ်ပတ်လည်နေ့တွေရောက်တိုင်း သူ့ကို ချစ်တဲ့ သူတွေက ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးလေ့ရှိသလို ဒွေးရဲ့ ညီ သားညီနဲ့ ညီအစ်ကို အရင်းလို ဆရာတပည့်တွေလို နေခဲ့တဲ့ သရုပ်ဆောင် ဇွဲနိုင်ဝင်း၊ ဒါရိုက်တာ စတီးလ်တို့ဟာ ဒွေးအတွက် မမေ့မလျော့ဘဲ အလှူအတန်းတွေ ပြုလုပ်ပေးခဲ့သူတွေပါ။
ဒွေးကို အခုထက်ထိမမေ့နိုင်ဘဲ အိမ်မှာ ဓာတ်ပုံထားပြီးကိုးကွယ်ထားတဲ့ ဒွေးရဲ့ တပည့် စတီးလ်က လည်း ဒီနေ့မှာ ဒွေးအတွက် ဘယ်လိုကုသိုလ်တွေ ပြုလုပ်ပေးနေတယ်ဆိုတာလည်း ပြောပြထားပါသေးတယ်။

“မနက်အစောကြီး ရွှေစေတီဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်တယ်။ ကျွန်တော့်အိမ်မှာတော့ နှစ်တိုင်းလုပ်နေကြ သက်သက်လွတ် ထမင်းချက်ပြီးတော့ မိဘမဲ့ကျောင်းကို သွားပို့ပါတယ်။ သူ့ကိုသတိရ မရကတော့ ကျွန်တော့်အိမ်ကို လာကြည့်ပါ။ ကျွန်တော်က မိဘလို သဘောထားတာ။ ကျွန်တော့် အိမ်မှာ ဘုရားစင်လို လုပ်ပြီး ကိုးကွယ်ထားတာပါ။ ကျွန်တော်တို့ရဲ့ ဟိန္ဒူဘာသာအရ မိဘတွေ ဆုံးသွားရင် ကိုးကွယ်ရတယ်။ အဲဒီသဘောပဲ သူ့ကိုလည်း ဓာတ်ပုံနဲ့တကွ ကိုးကွယ်ထားတာပါ။ မနက်ဆိုရင်လည်း ဘုရားဆွမ်းကပ်ရင် သူ့ကိုလည်း ကပ်တယ်။ ဒါကတော့ နေ့စဉ်လုပ်နေတာပါ။ နှစ်စဉ်အလုပ်ကတော့ ဒီနှစ်က စပြီး ပိုက်ဆံစုတယ်၊ စုပြီးတော့ လှူတယ်။ မနှစ်ကဆိုရင်လည်း ငြိမ်းချမ်းရေးစေတီ တည်ဆောက်တဲ့နေရာမှာ ကျွန်တော် ဆယ်သိန်းလှူခဲ့တယ်။ ဒီနှစ်လည်း ကျွန်တော် လှူဖို့ စီစဉ်ထားပါတယ်။ ရှုတင်ရှိနေလို့ မလှူဖြစ်သေးတာပါ’’ လို့ သူက Duwun Media ကို ပြောပါတယ်။
သရုပ်ဆောင် ဇွဲနိုင်ဝင်းကလည်း ဒွေးကို ဒီနေ့အချိန်ထိ ရှိခိုးဦးချ ကန်တော့ပြီး သတိရတမ်းတနေလျက်ရှိတယ်လို့ ဆိုပါတယ်။

“လွမ်းတယ် အစ်ကိုရယ် (၁၂)နှစ် လို့ပြောရပေမယ့်အစ်ကို့ကို ကျွန်တော့် ရင်ထဲကနေ အမြဲတမ်း မမေ့မလျော့ဘဲ ဒီနေ့ ဒီချိန်ထိ ရှိခိုးဦးချ ကန်တော့ပြီးသတိရ တမ်းတနေလျက်ပါ အစ်ကို ။ဒီနေ့ ကျွန်တော်ရယ် ဖိုးသဲရယ် ရေ့ွှတိဂုံစေတီတော် အထက်ပစ္စယံမှာ မေတ္တာသုတ်တော်နဲ့ (၂၄)ပစ္စည်း ပဋ္ဌာန်း ဒေသနာတော်အကျယ် ကို ရွတ်ဖတ်ပူဇော်ကန်တော့ပြီး ကုသိုလ်ပြုခဲ့ပါတယ် အစ်ကို။အစ်ကို သာဓု ခေါ်ပေးနော်။သာဓု သာဓု သာဓုအစ်ကို့ကို အမြဲတမ်း သတိရခြင်းများစွာဖြင့်စိန်သားညီ၊စိန်လူသား (၁၁.၇.၂၀၁၉)” ဆိုပြီးဇွဲနိုင်ဝင်းရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၁၁) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
ပရိသတ်တွေသာမက အနုပညာမောင်နှမများက ကိုသားကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ဒွေးရဲ့ နာမည်အရင်းက ထင်လင်းပါ။ ထင်လင်း(ခ)ဒွေးဟာ Y.I.T ကနေ အင်ဂျီနီယာဘွဲ့ရထားသူ တစ်ယောက်ဖြစ်ပါတယ်။ ဒွေးဟာ ဘွဲ့မရခင်ကတည်းက ဦးလေးဖြစ်သူ ကျော်ဟိန်း နဲ့ အတူ ဇာတ်ကားတွေ ရိုက်ကူးခဲ့ရင်း အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာပါ။ ဒွေးဟာ သူချစ်တဲ့ မိသားစု ၊ အနုပညာကိုအလုပ်တွေ အသက် ၄၂ နှစ်အရွယ် ၂၀၁၇ခုနှစ် ၊ ဇူလိုင်(၁၁) ရက်နေ့မှာ အားလုံးကို နှုတ်ဆက်ခွဲခွာသွားခဲ့ပါတယ်။ သူဟာ ဇာတ်ကားပေါင်း ၁၀၀ ကျော်ကို ရိုက်ကူးခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ အမေ့ခြေရာ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကြီးကို ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Credit: Duwun