Latest Posts

“အသက္ ၂၈ ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ မိုးယုစံ”



မုိးယုစံက သူမရဲ႕ ေမြးေန႔မွာ ခင္ပြန္းျဖစ္သူဆီက လက္ေဆာင္ေလး ရၿပီးခဲ့ၿပီလုိ႔ဆုိပါတယ္။ ဒီေန႔ ကေတာ့ သူမအသက္ ၂၈ ႏွစ္ျပည့္ ေမြးေန႔ေလးပါ။



ဒီေန႔(ဇူလိုင္လ ၁၁) ရက္ေန႔ကေတာ့ သရုပ္ေဆာင္ မုိးယုစံရဲ႕ အသက္ ၂၈ ႏွစ္ျပည့္ ေမြးေန႔ျဖစ္ပါတယ္။ သူမရဲ႕ ေမြးေန႔မွာေတာ့ မိသားစုနဲ႔အတူ အလွဴအတန္းေလးတစ္ခု လုပ္ခဲ့တယ္လို႔ Duwun Media ကေန ဆက္သြယ္ေမးျမန္းရာမွာ အခုလုိ ေျဖဆုိခဲ့ပါတယ္။

‘’ ေမြးေန႔မွာလည္း ႀကီးႀကီးမားမား မလုပ္ခ်င္တာနဲ႔ တန္းဆြမ္းေလးပဲ ေလာင္းျဖစ္တာပါ။ ဒီ အလွဴေလးကုိလည္း အေမ စီစဥ္ေပးတာေပါ့ေနာ္။ ဒီေန႔ကေတာ့ အသက္ ၂၈ ႏွစ္ျပည့္တာပါ။ ေျပာရရင္ေတာ့ မုိးက အစကတည္းက ကေလးဆန္တဲ့လူ မဟုတ္ဘူးဆုိေတာ့ သိပ္အမ်ားႀကီး ေျပာင္းလဲတာမ်ဳိးေတာ့ မရွိပါဘူး။ အသက္လည္း တစ္ႏွစ္ႀကီးၿပီေပါ့ေနာ္။ ၃၀ နားကပ္ၿပီေပါ့ေနာ္’’လုိ႔ဆုိပါတယ္။



ဒီႏွစ္ ေမြးေန႔မွာေတာ့ ခင္ပြန္းျဖစ္သူဆီက ေမြးေန႔လက္ေဆာင္ ရၿပီးၿပီလုိ႔ မုိးယုစံက ေျပာပါတယ္။ ဒါေပမယ့္ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ စုံမွ ဖြင့္ၾကည့္ေတာ့မယ္တဲ့။

‘’ ခင္ပြန္းဆီက လက္ေဆာင္ေတာ့ ရတယ္။ ေဖာက္ေတာ့ မၾကည့္ရေသးဘူးရွင့္။ ေယာက်္ားက Surprise ေတြ ဘာေတြ မရွိဘူးဆုိေတာ့ ဘာေလးလဲ ဆုိတာကုိ မသိေသးပါဘူး။ သူနဲ႔မွ အတူတူေဖာက္ၾကည့္မယ္လုိ႔ စိတ္ကူးထားတယ္’’ လုိ႔လည္း ဆက္လက္ေျပာျပလာပါတယ္။



ကုိစြမ္းသူမုိး နဲ႔ မုိးယုစံတုိ႔ရဲ႕ စုလ်ားရစ္ပတ္ လက္ထပ္ ထိမ္းျမား မဂၤလာပြဲ ကိုလည္း ေအာက္တိုဘာ၂၉ရက္က Melia ဟိုတယ္မွာ က်င္းပခဲ့တာျဖစ္ၿပီး မဂၤလာညစာစားပြဲကိုေတာ့ ေအာက္တိုဘာ(၃၁)ရက္ေန႕က ႏိုဗိုတယ္ဟိုတယ္မွာ က်င္းပခဲ့တာ ျဖစ္ပါတယ္။ မိုးယုစံတို႕ ဇနီးေမာင္ႏံွရဲ႕ မဂၤလာပြဲေတြက ေတာ့ ပရိသတ္ေတြအားက်ခဲ့ရတဲ့ ပြဲတစ္ပြဲလည္း ျဖစ္ပါတယ္။ အဲ့ဒီေနာက္ မုိးယုစံက သူမတုိ႔ရဲ႕ သားဦးေလး Austin ကုိ ၂၀၁၇ ခုႏွစ္ ၾသဂုတ္ ၂၁ ရက္မွာ ေအာင္ျမင္စြာ ေမြးဖြားခဲ့ပါတယ္။ သားေလး Austin (ခ) ေကာင္းသိခၤမုိးသူ ကလည္း ပရိသတ္ေတြရဲ႕ အခ်စ္ကို ရရွိထားသူေလးပါ။

Credit: Duwun

Unicode Version

မိုးယုစံက သူမရဲ့ မွေးနေ့မှာ ခင်ပွန်းဖြစ်သူဆီက လက်ဆောင်လေး ရပြီးခဲ့ပြီလို့ဆိုပါတယ်။ ဒီနေ့ ကတော့ သူမအသက် ၂၈ နှစ်ပြည့် မွေးနေ့လေးပါ။
ဒီနေ့(ဇူလိုင်လ ၁၁) ရက်နေ့ကတော့ သရုပ်ဆောင် မိုးယုစံရဲ့ အသက် ၂၈ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာတော့ မိသားစုနဲ့အတူ အလှူအတန်းလေးတစ်ခု လုပ်ခဲ့တယ်လို့ Duwun Media ကနေ ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေဆိုခဲ့ပါတယ်။

‘’ မွေးနေ့မှာလည်း ကြီးကြီးမားမား မလုပ်ချင်တာနဲ့ တန်းဆွမ်းလေးပဲ လောင်းဖြစ်တာပါ။ ဒီ အလှူလေးကိုလည်း အမေ စီစဉ်ပေးတာပေါ့နော်။ ဒီနေ့ကတော့ အသက် ၂၈ နှစ်ပြည့်တာပါ။ ပြောရရင်တော့ မိုးက အစကတည်းက ကလေးဆန်တဲ့လူ မဟုတ်ဘူးဆိုတော့ သိပ်အများကြီး ပြောင်းလဲတာမျိုးတော့ မရှိပါဘူး။ အသက်လည်း တစ်နှစ်ကြီးပြီပေါ့နော်။ ၃၀ နားကပ်ပြီပေါ့နော်’’လို့ဆိုပါတယ်။
ဒီနှစ် မွေးနေ့မှာတော့ ခင်ပွန်းဖြစ်သူဆီက မွေးနေ့လက်ဆောင် ရပြီးပြီလို့ မိုးယုစံက ပြောပါတယ်။ ဒါပေမယ့် ဇနီးမောင်နှံ နှစ်ယောက် စုံမှ ဖွင့်ကြည့်တော့မယ်တဲ့။

‘’ ခင်ပွန်းဆီက လက်ဆောင်တော့ ရတယ်။ ဖောက်တော့ မကြည့်ရသေးဘူးရှင့်။ ယောကျ်ားက Surprise တွေ ဘာတွေ မရှိဘူးဆိုတော့ ဘာလေးလဲ ဆိုတာကို မသိသေးပါဘူး။ သူနဲ့မှ အတူတူဖောက်ကြည့်မယ်လို့ စိတ်ကူးထားတယ်’’ လို့လည်း ဆက်လက်ပြောပြလာပါတယ်။
ကိုစွမ်းသူမိုး နဲ့ မိုးယုစံတို့ရဲ့ စုလျားရစ်ပတ် လက်ထပ် ထိမ်းမြား မင်္ဂလာပွဲ ကိုလည်း အောက်တိုဘာ၂၉ရက်က Melia ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မိုးယုစံတို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးယုစံက သူမတို့ရဲ့ သားဦးလေး Austin ကို ၂၀၁၇ ခုနှစ် သြဂုတ် ၂၁ ရက်မှာ အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။ သားလေး Austin (ခ) ကောင်းသိင်္ခမိုးသူ ကလည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားသူလေးပါ။

Credit: Duwun