Latest Posts

ပိစပ္ရြက္(ဘီးစပ္ရြက္/ ဇာမဏီရြက္ / ေတာရႈပ္ရြက္ / နတ္ေဆးရြက္) ရဲ ့ အစြမ္းသတၱိ



ပိစပ္ရြက္ကို ျပဳတ္ၿပီး တုိ႔စားစရာ ဟင္းအျဖစ္ လည္းေကာင္း၊ သားငါးမ်ားႏွင့္ ေရာေႏွာ ခ်က္ျပဳတ္၍ လည္းေကာင္း၊ စားသုံးပါက ၀မ္းမီးကို ေတာက္ေစ၍ ၀မ္းေဖာ၊ ၀မ္းေရာင္၊ ၀မ္းပ်က္ျခင္းကို ေပ်ာက္ကင္း ေစပါသည္။ နာတာရွည္ ၀မ္းပ်က္ျခင္း အတြက္ အထူး သင့္ေလ်ာ္ေသာ ဟင္းလ်ာ တစ္မ်ိဳးလည္း ျဖစ္ပါသည္။ပိစပ္ရြက္ သတၱဳရည္ ေအာင္စ၀က္ ခန္႔ကို သိေႏၵာဆားႏွင့္ တုိက္ေပးပါက သလိပ္ကုိ ေၾကေစၿပီး၊ သလိပ္ကုိ ရႊင္ေစသည္။ ပိစပ္ကုိ ရုိးကုိက္ဖ်ားေခၚ ၾကြက္သား ရုိးဆက္မ်ား ျပင္းထန္စြာ ကုိက္ခဲ၍ ဖ်ားနာျခင္းကုိ ကုသရာတြင္ သုံးသည္။ ပိစပ္ သတၱဳရည္ကို အစာ မေၾကေသာ ေရာဂါမ်ားတြင္ သုံးသည္။ ပိစပ္ (ေတာ) ၅၀က်ပ္သားကုိ ေရစင္ေအာင္ ေဆး၍ ေထာင္းထုၿပီး အရြက္ဦးရည္ (သို႔) အရက္ပ်ံ ၁၀၀၀ စီစီတြင္ သုံးရက္ၾကာ စိမ္ထားပါ။ ၎ ေဆးရည္ကို ထိခုိက္ရွနာ ၊ ဒဏ္ရာ၊ အဆစ္ အျမစ္ ကုိက္ခဲနာ၊ အေဖာ အေရာင္ႏွင့္ အနာေပါက္ ေရာဂါ မ်ားတြင္ ထည့္ေပးျခင္း၊ လိမ္းေပးျခင္းမ်ား ျပဳလုပ္ပါက အဆုိပါ အနာ ေရာဂါမ်ား လ်င္ျမန္စြာ သက္သာ ေပ်ာက္ကင္း ႏုိင္သည္။ပိစပ္ရြက္ သတၱဳရည္ (သို႔) အဆုိပါ အရည္သည္ အထူး အားျဖင့္ ထိခုိက္ ရွနာႏွင့္ ဒဏ္ရာမ်ား အတြက္ အထူး အစြမ္း ထက္ေသာ ေဆးျဖစ္သည္။ ပိစပ္ (ေတာ) ပဥၥငါးပါး ျပဳတ္ရည္ကုိ အႏွစ္ ရေအာင္ က်ိဳၿပီး ပ်ားရည္ႏွင့္ ေရာစပ္ ေသာက္သုံးပါက အာယု၀ဎုန ေဆးအျဖစ္ အသက္ကုိ ရွည္ေစသည္။အဆုတ္မွာအနာေပါက္ၿပီးျပည္တည္ေသာ ေရာဂါ”


ေရာဂါလကၡဏာမွာေခ်ာင္းဆိုးလိုက္ပါက..လည္ေခ်ာင္းအတြင္းမွ အဆုတ္အပိုင္းအစမ်ား..ျပည္မ်ား..ထြက္က်လာတတ္ပါတယ္..အခ်ိန္ၾကာၾကာ ေရခ်ိဳးရာမွ…အဆုတ္အေအးပတ္ၿပီး ျဖစ္ေသာ ေရာဂါ ျဖစ္ပါတယ္…”ေဆးနည္းကေတာ့လြယ္ပါတယ္”လြယ္တယ္ဆိုၿပီး အထင္မေသးေစခ်င္ပါဘူးလက္ေတြ႔ ေပ်ာက္သြားတဲ့သူေတြရဲ႕ေဆးနည္းျဖစ္ပါတယ္…ဘိစပ္ရြက္ ႀကိတ္ရည္ အၾကမ္းပုဂံ ၁ လံုးခန္႔မနက္အိပ္ရာထ ၁ ႀကိမ္..ညအိပ္ရာဝင္ ၁ ႀကိမ္…အစားနဲ႔ေဝးေဝး ေသာက္ေပးပါ..ေန႔စဥ္ ပံုမွန္ ေသာက္ေပးပါ..ေသာက္ေနရင္းနဲ႔ ထူးျခားလာပါလိမ့္မယ္..သက္သာတဲ့အထိ ေသာက္ေပးပါ..



နတ္ေဆးရြက္ေခၚ ပိစပ္ရြက္သည္အင္မတန္အစြမ္းထက္ပါသည္ထိခိုက္ရွနာမ်ား ဘယ္ေလာက္ျကီးျကီး အရိုးမထိအေက်ာမျပတ္ရင္ ၎ပိစပ္ရြက္ကိုေခ်ျပီး အရည္ညွစ္၍အနာကိုထဲ့ပါ ေခ်ထားေသာအရြက္ကိုအနာေပၚအုပ္ျပီး အဝတ္သန့္သန့္ျဖင့္စည္းထားပါအနာအေနအထားေပၚျကည့္ျပီးေနာက္ေန့ေတြလည္းဆက္ျပီးထဲ့ေပးပါအနာလံုးဝယင္းျခင္း ေယာင္ျခင္း ကိုက္ခဲျခင္း မရွိပါအနာေသးလ်ွင္တစ္ရက္ နွစ္ရက္နွင့္ေျပာက္ပါသည္အနာျကီးလ်ွင္စိတ္ရွည္စြာျဖင့္ဆက္ထဲ့ပါ လံုးဝေပ်ာက္ကင္းသြားပါလိမ့္မည္၎ေဆးပင္သည္ေနရာတိုင္း ေဒသတိုင္္းမွာေပါက္ပါသည္။ပိစပ္ပင္အရြက္ဟာအျပင္ပိုင္းထိခိုက္ရွနာျဖစ္လည္းပဲအရြက္ကိုျကိတ္ျပီးအရည္ကိုအနာေပၚညွစ္အံုပါ။ေပြး ၀ဲ နွင္း အကုန္ေပ်ာက္ပါတယ္။အံုတာကနာရီ၀က္ခန့္အံုပါ။



( ပိစပ္ပင္အရြက္ ေဆးဖက္ဝင္ပံု)ေပ်ာက္ကင္းေသာေရာဂါမ်ားအတြက္

( ၁) ေခ်ာင္းဆိုးရင္ပိစပ္ပင္အရြက္ညွစ္ျပီးေသာက္ပါ။

( ၂ ) အနာစိမ္းေပါက္ရင္ ပိစပ္ပင္အရြက္ကိုလက္ဝါနွစ္ဖက္ပြက္ျပီး ရင္အနားစိမ္ကိုအံုလိုက္ပါ။

( ၃ ) ေသြးဆံုမီးယပ္အမ်ိဳးသမီးမ်ားအတြက္ပိစပ္ပင္အရြက္ကိုအညာထနး္လ်က္နဲ့ သံုးခြက္တစ္ခြက္တင္ျပဳတ္ေသာက္ပါ။

( ၄ )ေခ်ာင္ဆိုး/ အဆုတ္ျပြန္ေယာင္ / လည္ေခ်ာင္နား ကိုယ္ပူ က်ေစမယ္ ႕ေဆးနည္းပိစပ္ပင္အရြက္ကိုေထာင္း္ျပီးအရည္ညွစ္ယူျပီး ဆားနဲ့ေရာျပီး
မနက္တစ္ျကိမ္ / ေန့လည္တစ္္ႀကိမ္/ ညေနတစ္ျကိမ္ ေသာက္ေပးပါ။သံုးရက္ဆက္တိုက္ေသာက္ပါ ။ ခ်က္ျခင္းေရာဂါေပ်ာက္ကင္းပါသည္။




(၅) လိပ္ေခါင္းေရာဂါ[ အရြက္ကုိၾကဳိခ်က္ပါ။ေရကုိပြတ္ေအာင္ၾကဳိခ်က္ပါ အရြက္မ်ားလ်ွင္ေရကုိပုိထည့္ပါ။ေရသန့္ဗူးႏွစ္ဗူးတြက္ေလာက္ခန္႔မွန္းၾကဳိပါ။အရြက္ကုိလည္းေရသန္႔ဗူးႏွစ္ဗူးနဲ႔ညီမ်ွေအာင္အာနိသင္႐ွိေအာင္ခန္႔မွန္းၿပီးထည့္ပါ။ၾကဳိခ်က္ၿပီးပါက အေအးခံၿပီးေရစစ္ျဖင့္စစ္ပါ။ ေအးၿပီးဆုိလ်ွင္ေရသန္႔ဗူးထဲထည့္ထားပါ မနက္ ေန ့လည္ ည သုံးႀကိမ္ေသာက္ပါ။(ေသာက္ရန္ခြက္ တစ္ၾကိမ္လ်ွင္လက္ဖက္ရည္ခြက္တစ္ခြက္ပါ)အစပုိင္းေသာက္တဲ့ခ်ိန္္မွာ ခါးသက္သက္႐ွိမွာပါ။အနံကလည္း႐ွိတာမုိ ့ ေသာက္ရတာအဆင္မေျပတာေတြ႐ွိမယ္။ခါးသက္သက္ျဖစ္လုိ ့ေသာက္ရခက္ေနရင္ သၾကားအနည္းငယ္ထည့္ၿပီးေသာက္သုံးႏုိင္ပါတယ္။ ေဆးေသာက္ၿပီးလုိ ့ႏွစ္ရက္ေလာက္ဆုိရင္ သက္သာလာပါလိမ့္မယ္။တစ္ခါတစ္ေလက်င္ႀကီးသြားတဲ့ခ်ိန္ေတြမွာေသြးပါတာေတြလဲသက္သာလာပါလိမ့္မယ္။

Credit  \\  original

UNICODE

ပိစပ်ရွက်(ဘီးစပ်ရွက်/ ဇာမဏီရွက် / တောရှုပ်ရွက် / နတ်ဆေးရွက်) ရဲ့ အစွမ်းသတ္တိ
ပိစပ်ရွက်ကို ပြုတ်ပြီး တို့စားစရာ ဟင်းအဖြစ် လည်းကောင်း၊ သားငါးများနှင့် ရောနှော ချက်ပြုတ်၍ လည်းကောင်း၊ စားသုံးပါက ဝမ်းမီးကို တောက်စေ၍ ဝမ်းဖော၊ ဝမ်းရောင်၊ ဝမ်းပျက်ခြင်းကို ပျောက်ကင်း စေပါသည်။ နာတာရှည် ဝမ်းပျက်ခြင်း အတွက် အထူး သင့်လျော်သော ဟင်းလျာ တစ်မျိုးလည်း ဖြစ်ပါသည်။ပိစပ်ရွက် သတ္တုရည် အောင်စဝက် ခန့်ကို သိန္ဒောဆားနှင့် တိုက်ပေးပါက သလိပ်ကို ကြေစေပြီး၊ သလိပ်ကို ရွှင်စေသည်။ ပိစပ်ကို ရိုးကိုက်ဖျားခေါ် ကြွက်သား ရိုးဆက်များ ပြင်းထန်စွာ ကိုက်ခဲ၍ ဖျားနာခြင်းကို ကုသရာတွင် သုံးသည်။ ပိစပ် သတ္တုရည်ကို အစာ မကြေသော ရောဂါများတွင် သုံးသည်။ ပိစပ် (တော) ၅၀ကျပ်သားကို ရေစင်အောင် ဆေး၍ ထောင်းထုပြီး အရွက်ဦးရည် (သို့) အရက်ပျံ ၁၀၀၀ စီစီတွင် သုံးရက်ကြာ စိမ်ထားပါ။ ၎င်း ဆေးရည်ကို ထိခိုက်ရှနာ ၊ ဒဏ်ရာ၊ အဆစ် အမြစ် ကိုက်ခဲနာ၊ အဖော အရောင်နှင့် အနာပေါက် ရောဂါ များတွင် ထည့်ပေးခြင်း၊ လိမ်းပေးခြင်းများ ပြုလုပ်ပါက အဆိုပါ အနာ ရောဂါများ လျင်မြန်စွာ သက်သာ ပျောက်ကင်း နိုင်သည်။ပိစပ်ရွက် သတ္တုရည် (သို့) အဆိုပါ အရည်သည် အထူး အားဖြင့် ထိခိုက် ရှနာနှင့် ဒဏ်ရာများ အတွက် အထူး အစွမ်း ထက်သော ဆေးဖြစ်သည်။ ပိစပ် (တော) ပဉ္စငါးပါး ပြုတ်ရည်ကို အနှစ် ရအောင် ကျိုပြီး ပျားရည်နှင့် ရောစပ် သောက်သုံးပါက အာယုဝဎုန ဆေးအဖြစ် အသက်ကို ရှည်စေသည်။အဆုတ်မှာအနာပေါက်ပြီးပြည်တည်သော ရောဂါ”

ရောဂါလက္ခဏာမှာချောင်းဆိုးလိုက်ပါက..လည်ချောင်းအတွင်းမှ အဆုတ်အပိုင်းအစများ..ပြည်များ..ထွက်ကျလာတတ်ပါတယ်..အချိန်ကြာကြာ ရေချိုးရာမှ…အဆုတ်အအေးပတ်ပြီး ဖြစ်သော ရောဂါ ဖြစ်ပါတယ်…”ဆေးနည်းကတော့လွယ်ပါတယ်”လွယ်တယ်ဆိုပြီး အထင်မသေးစေချင်ပါဘူး
လက်တွေ့ ပျောက်သွားတဲ့သူတွေရဲ့ဆေးနည်းဖြစ်ပါတယ်…ဘိစပ်ရွက် ကြိတ်ရည် အကြမ်းပုဂံ ၁ လုံးခန့်မနက်အိပ်ရာထ ၁ ကြိမ်..ညအိပ်ရာဝင် ၁ ကြိမ်…အစားနဲ့ဝေးဝေး သောက်ပေးပါ..နေ့စဉ် ပုံမှန် သောက်ပေးပါ..သောက်နေရင်းနဲ့ ထူးခြားလာပါလိမ့်မယ်..သက်သာတဲ့အထိ သောက်ပေးပါ..

နတ်ဆေးရွက်ခေါ် ပိစပ်ရွက်သည်အင်မတန်အစွမ်းထက်ပါသည်ထိခိုက်ရှနာများ ဘယ်လောက်ကြီးကြီး အရိုးမထိအကျောမပြတ်ရင် ၎င်းပိစပ်ရွက်ကိုချေပြီး အရည်ညှစ်၍အနာကိုထဲ့ပါ ချေထားသောအရွက်ကိုအနာပေါ်အုပ်ပြီး အဝတ်သန့်သန့်ဖြင့်စည်းထားပါအနာအနေအထားပေါ်ကြည့်ပြီးနောက်နေ့တွေလည်းဆက်ပြီးထဲ့ပေးပါအနာလုံးဝယင်းခြင်း ယောင်ခြင်း ကိုက်ခဲခြင်း မရှိပါအနာသေးလျှင်တစ်ရက် နှစ်ရက်နှင့်ပြောက်ပါသည်အနာကြီးလျှင်စိတ်ရှည်စွာဖြင့်ဆက်ထဲ့ပါ လုံးဝပျောက်ကင်းသွားပါလိမ့်မည်၎င်းဆေးပင်သည်နေရာတိုင်း ဒေသတိုင်းမှာပေါက်ပါသည်။ပိစပ်ပင်အရွက်ဟာအပြင်ပိုင်းထိခိုက်ရှနာဖြစ်လည်းပဲအရွက်ကိုကြိတ်ပြီးအရည်ကိုအနာပေါ်ညှစ်အုံပါ။ပွေး ဝဲ နှင်း အကုန်ပျောက်ပါတယ်။အုံတာကနာရီဝက်ခန့်အုံပါ။

( ပိစပ်ပင်အရွက် ဆေးဖက်ဝင်ပုံ)ပျောက်ကင်းသောရောဂါများအတွက်

( ၁) ချောင်းဆိုးရင်ပိစပ်ပင်အရွက်ညှစ်ပြီးသောက်ပါ။

( ၂ ) အနာစိမ်းပေါက်ရင် ပိစပ်ပင်အရွက်ကိုလက်ဝါနှစ်ဖက်ပွက်ပြီး ရင်အနားစိမ်ကိုအုံလိုက်ပါ။

( ၃ ) သွေးဆုံမီးယပ်အမျိုးသမီးများအတွက်ပိစပ်ပင်အရွက်ကိုအညာထန်းလျက်နဲ့ သုံးခွက်တစ်ခွက်တင်ပြုတ်သောက်ပါ။

( ၄ )်ချောင်ဆိုး/ အဆုတ်ပြွန်ယောင် / လည်ချောင်နား ကိုယ်ပူ ကျစေမယ့်ဆေးနည်းပိစပ်ပင်အရွက်ကိုထောင်းပြီးအရည်ညှစ်ယူပြီး ဆားနဲ့ရောပြီး
မနက်တစ်ကြိမ် / နေ့လည်တစ်ကြိမ်/ ညနေတစ်ကြိမ် သောက်ပေးပါ။သုံးရက်ဆက်တိုက်သောက်ပါ ။ ချက်ခြင်းရောဂါပျောက်ကင်းပါသည်။

(၅) လိပ်ခေါင်းရောဂါ[ အရွက်ကိုကြိုချက်ပါ။ရေကိုပွတ်အောင်ကြိုချက်ပါ အရွက်များလျှင်ရေကိုပိုထည့်ပါ။ရေသန့်ဗူးနှစ်ဗူးတွက်လောက်ခန့်မှန်းကြိုပါ။အရွက်ကိုလည်းရေသန့်ဗူးနှစ်ဗူးနဲ့ညီမျှအောင်အာနိသင်ရှိအောင်ခန့်မှန်းပြီးထည့်ပါ။ကြိုချက်ပြီးပါက အအေးခံပြီးရေစစ်ဖြင့်စစ်ပါ။ အေးပြီးဆိုလျှင်ရေသန့်ဗူးထဲထည့်ထားပါ မနက် နေ့လည် ည သုံးကြိမ်သောက်ပါ။(သောက်ရန်ခွက် တစ်ကြိမ်လျှင်လက်ဖက်ရည်ခွက်တစ်ခွက်ပါ)အစပိုင်းသောက်တဲ့ချိန်မှာ ခါးသက်သက်ရှိမှာပါ။အနံကလည်းရှိတာမို့ သောက်ရတာအဆင်မပြေတာတွေရှိမယ်။ခါးသက်သက်ဖြစ်လို့သောက်ရခက်နေရင် သကြားအနည်းငယ်ထည့်ပြီးသောက်သုံးနိုင်ပါတယ်။ ဆေးသောက်ပြီးလို့နှစ်ရက်လောက်ဆိုရင် သက်သာလာပါလိမ့်မယ်။တစ်ခါတစ်လေကျင်ကြီးသွားတဲ့ချိန်တွေမှာသွေးပါတာတွေလဲသက်သာလာပါလိမ့်မယ်။

Credit  \\  original