မင်္ဂလာဆောင်ကျ ဖိတ်ဦးလို့ ပြောသွားခဲ့တဲ့ ကိုအောင်ဇော်အကြောင်း စိတ်မကောင်းစွာပြောလာတဲ့ ချစ်စနိုးဦး
ပီးခဲ့တဲ့ ဂျူလိုင်လ (၂၁) ရက်နေ့က မိသားစုတွေ၊ ပရိသတ်တွေကို ခွဲခွာပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားတဲ့ သရုပ်ဆောင် ကိုအောင်ဇော်ရဲ့အကြောင်းကတော့ ချစ်ခင်ရသူတွေရဲ့ရင်ထဲမှာ လေပြင်းတွေ တိုက်ခတ်သွားသလို ခံစားခဲ့ကြရတာပါ။ အနုပညာရှင် မောင်နှမတွေကလည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲနေကြပြီး စိတ်ထားကောင်းသူကြီး ကိုအောင်ဇော်ရဲ့အကြောင်းကို စိတ်မကောင်းစွာ ပြောပြလာကြတာလည်း တွေ့ရပါတယ်။ ဒီနေ့လေးမှာတော့ ချစ်စနိုးဦးက သူမ မင်္ဂလာဆောင်ကျရင် ဖိတ်ဦးလို့ ပြောခဲ့တဲ့ ကိုအောင်ဇော်ရဲ့သတင်းကို ကြားကြားချင်း အရမ်းစိတ်မကောင်းတဲ့အကြောင်း ထုတ်ပြောလာတာကြောင့် ပရိသတ်တွေက ပိုလို့ ဝမ်းနည်းနေကြတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် ခရီးလွန်နေလို့ ခင်မင်ရတဲ့ ကိုအောင်ဇော်ရဲ့အကြောင်း နောက်ကျမှ ကြားခဲ့ရတယ်ဆိုတဲ့ ချစ်စနိုးဦးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ချစ်စနိုးဦးကတော့ “မင်္ဂဆောင်ကျ ငါ့ကိုဖိတ်ဦးနော်တဲ့ ပြောသွားတဲ့ငါ့အကို ဒီနေ့မှခရီးကပြန်ရောက်တော့ အမေကပြောတယ်အကိုဆုံးသွားပြီဆိုတော့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်အကိုရေ … ကားတွေအများကြီးတူတူရိုက်ခဲ့ပြီးစိတ်ကောင်းရှိတဲ့ငါ့အကို ကောင်းရာသုဂတိလားပါစေ ….😭😭😭😭” ဆိုပြီး ဝမ်းနည်းကြေကွဲစွာ သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
ရုတ်တရက်ကြီး မိသားစုနဲ့ သူချစ်ရတဲ့ အနုပညာအလုပ်တွေကို ပစ်ထားပြီး ထွက်သွားတဲ့ ကိုအောင်ဇော်…။
သရုပ်ဆောင် ကိုအောင်ဇော်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး၊ ဒီနေ့ ဇူလိုင်လ ၂၃ရက်နေ့မှာ ကျန်ရှိနေတဲ့ ရုပ်ကလာပ်ကို မန္တလေးမြို့၊ ကြာနီကန် သုဿန်မှာ ဂူသွင်းသဂြိုလ်သွားလိုက်ပြီလို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အနုပညာရှင်တွေရဲ့ပါးစပ်ဖျားမှာ နာမည်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့ စိတ်ထားပြည့်ဝသူကြီး ကိုအောင်ဇော်တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးသွားကြပါဦးနော်။
Credit \\ original