Latest Posts

မြန်မာဝတ်စုံလေးနဲ့ မြင်သူတကာငေးရလောက်အောင် ကျက်သရေရှိရှိလှနေတဲ့ မိုးဟေကို



ရုပ်ရှင်သရုပ်ဆောင် မိုးဟေကို ဟာဆိုရင် ချောမောလှပပြီး အမိုက်စား Body ကို ပိုင်ဆိုင်ထားသူပါ။ သရုပ်ဆောင်ပီပြင်ပြီး ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်တဲ့သူမက သူမကိုချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးအတွက် မိုးဟေကိုရဲ့ အမိုက်စား အလှပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။



မိုးဟေကို က နေတိုးနဲ့ အတူ ကျွန်တော် ရဲ့ သူ ရုပ်ရှင် ဇာတ်ကားကို ရိုက်မှာဖြစ်ပြီး ရုပ်ရှင်ကန်တော့ပွဲကို ပြုလုပ်ခဲ့တာပါ။ရုပ်ရှင်ကန်တော့ပွဲမှ ပုံရိပ်ကလေးတွေကိုလည်း ဖော်ပြထားပါသေးတယ်။



မိုးဟေကိုက သရုပ်ဆောင်အလုပ်အပြင် ရုပ်ရှင်ထုတ်လုပ်ရေးကိုပါလုပ်ကိုင်နေသူပါ။ စီးပွားရေးကို ဦးစားပေးလုပ်နေတာကြောင့် သရုပ်ဆောင်ပိုင်မှာ နည်းသွားတာတွေ့ရပေမယ့် ခုနောက်ပိုင်း မှာတော့ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား တွေ မြင်တွေ့ရတော့မှာပါ။



မိုးဟေကို ကကျွန်တော့်ရဲ့သူ’ ရုပ်ရှင်ကားကြီးကန်တော့ပေးပွဲ” ကို သွားရောက်ခဲ့ပြီး သူမရဲ့ မြန်မာဆန်ဆန်နဲ့ လှနေတဲ့ ပုံရိပ်ကလေးတွေကို မိုးဟေကို က သူမရဲ့ ဖေ့စ်ဘွတ်ပေါ် မှာဖော်ပြထားပါတယ်။



မိုးဟေကို က “ကျွန်တော့်ရဲ့သူ’ ရုပ်ရှင်ကားကြီးကန်တော့ပေးပွဲ”မိုးရဲ့ဝတ်စုံလေးကတော့ မြန်မာအငွေ့သက်ဖြစ်တဲ့ရွှေခြည်ထိုးရင်ခံနဲ့ရင်ဖုံးလေးကို ပိုးစစ်ချိတ်လုံချည်လေးနဲ့ တွဲဖက်ပြီးဝတ်ဆင်ဖြစ်တယ်” ဆိုပြီးပြောထားပါတယ်။



သရုပ်ဆောင်မိုးဟေကိုရဲ့ အလှပုံရိပ်ကလေးတွေကို ကြည့်ရှု့ပေးကြတဲ့ ပရိသတ် ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit  \\  original