Latest Posts

“ကြာရွင္းၿပီးေနာက္ လူကုံထံရပ္ကြက္က ဇိမ္ခံအိမ္ႀကီးကို ေျပာင္းေရြေနထိုင္တဲ့ ေဆာင္းဟယ္က်ိဳ”



ေတာင္ကိုးရီးယားႏုိင္ငံ နာမည္ေက်ာ္ ေတာ့ပ္စတားစုံတြဲ ေဆာင္းဂၽြန္ကီနဲ႔ ေဆာင္းဟယ္က်ိဳတို႔ဟာ ၿပီးခဲ့တဲ့ ဇြန္လ ၂၇ ရက္ေန႔မွာ ႏွစ္ဦးသေဘာတူ ကြာရွင္းျပတ္စဲေတာ့မည္႔အေၾကာင္း အသိေပးေၾကညာခဲ့ပါတယ္။ Song စုံတြဲဟာဆုိရင္ အာရွတစ္ခြင္က ပရိတ္သတ္ေတြရဲ႕ စံျပစုံတြဲျဖစ္တာမို႔ ပရိတ္သတ္အမ်ား စိတ္မေကာင္းျဖစ္ခဲ့ၾကပါတယ္။ လက္ရွိမွာ Song စုံတြဲဟာ ပိုင္ဆုိင္မွုမ်ားကို ေဝခြဲယူလိုက္ၿပီျဖစ္ၿပီး အၿပီးအပိုင္ခြဲေနလိုက္ၾကၿပီပဲျဖစ္ပါတယ္။ သူတို႔ႏွစ္ဦး ဘယ္သူက ဘယ္မွာေနတယ္ဆိုတာ သိရွိဖို႔ဆက္လက္ဖတ္ရွုလိုက္ရေအာင္။



ေဆာင္းဟယ္က်ိဳဟာ ေဆာင္းဂၽြန္ကီနဲ႔ ကြာရွင္းၿပီးေနာက္ UN Village မွာရွိတဲ့ ဇိမ္ခံအိမ္ႀကီးကို ေျပာင္းေရြ႕ေနထိုင္ခဲ့ပါတယ္။ UN Village ဟာေတာင္ကိုးရီးယားႏုိင္ငံမွာရွိတဲ့ လူကုံထံအသိုင္းအဝုိင္းမ်ားသာ ေနထိုင္ႏုိင္တဲ့ အိမ္ရာျဖစ္ပါတယ္။ ေဆာင္းဟယ္က်ိဳဟာ မ်ားစြာေသာ အိမ္မ်ားကို ပိုင္ဆုိင္သူတစ္ဦးျဖစ္ၿပီး အေမရိကမွာလဲ အလုပ္ကိစၥနဲ႔သြားရင္း ေနထိုင္ႏိုင္ဖို႔ ကြန္ဒိုတိုက္ခန္းတစ္ခန္းကိုလဲ ဝယ္ယူထားပါေသးတယ္။



ေဆာင္းဂၽြန္ကီကေတာ့ကြာရွင္းၿပီးေနာက္ ဇနီးသည္နဲ႔ လက္ထပ္ၿပီးအတူ ေနထိုင္ဖို႔ဝယ္ယူထားတဲ့ itaewon ကအိမ္မွာေနထိုင္ျခင္းမရွိပဲ လတ္တေလာ မိဘ၊ ေမာင္ႏွမေတြနဲ႔အတူ ေနထိုင္ေနေၾကာင္း သိရပါတယ္။ မိသားစုနဲ႔ ေႏြးေႏြးေထြးေထြးေနတတ္တဲ့ ေဆာင္းဂၽြန္ကီအတြက္ အခုလို ဘဝမ်ိဳးက ေပ်ာ္ရႊင္ဖြယ္အတိျဖစ္ေနမွာပါ။



ေဆာင္းဂၽြန္ကီနဲ႔ ေဆာင္းဟယ္က်ိဳတို႔ဟာ ေအာက္တုိဘာ ၃၁၊ ၂၀၁၇ မွာလက္ထပ္ထိမ္းျမားခဲ့ၿပီး ၂၀၁၉ ဇြန္လ ၂၇ မွာ ကြာရွင္းျပတ္စဲေၾကာင္း ထုတ္ျပန္ေၾကညာခဲ့တာပဲျဖစ္ပါတယ္။



Ref:allkpop

Credit: original

Unicode Version

တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် တော့ပ်စတားစုံတွဲ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟယ်ကျိုတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲတော့မည့်အကြောင်း အသိပေးကြေညာခဲ့ပါတယ်။ Song စုံတွဲဟာဆိုရင် အာရှတစ်ခွင်က ပရိတ်သတ်တွေရဲ့ စံပြစုံတွဲဖြစ်တာမို့ ပရိတ်သတ်အများ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ လက်ရှိမှာ Song စုံတွဲဟာ ပိုင်ဆိုင်မှုများကို ဝေခွဲယူလိုက်ပြီဖြစ်ပြီး အပြီးအပိုင်ခွဲနေလိုက်ကြပြီပဲဖြစ်ပါတယ်။ သူတို့နှစ်ဦး ဘယ်သူက ဘယ်မှာနေတယ်ဆိုတာ သိရှိဖို့ဆက်လက်ဖတ်ရှုလိုက်ရအောင်။
ဆောင်းဟယ်ကျိုဟာ ဆောင်းဂျွန်ကီနဲ့ ကွာရှင်းပြီးနောက် UN Village မှာရှိတဲ့ ဇိမ်ခံအိမ်ကြီးကို ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။ UN Village ဟာတောင်ကိုးရီးယားနိုင်ငံမှာရှိတဲ့ လူကုံထံအသိုင်းအဝိုင်းများသာ နေထိုင်နိုင်တဲ့ အိမ်ရာဖြစ်ပါတယ်။ ဆောင်းဟယ်ကျိုဟာ များစွာသော အိမ်များကို ပိုင်ဆိုင်သူတစ်ဦးဖြစ်ပြီး အမေရိကမှာလဲ အလုပ်ကိစ္စနဲ့သွားရင်း နေထိုင်နိုင်ဖို့ ကွန်ဒိုတိုက်ခန်းတစ်ခန်းကိုလဲ ဝယ်ယူထားပါသေးတယ်။
ဆောင်းဂျွန်ကီကတော့ကွာရှင်းပြီးနောက် ဇနီးသည်နဲ့ လက်ထပ်ပြီးအတူ နေထိုင်ဖို့ဝယ်ယူထားတဲ့ itaewon ကအိမ်မှာနေထိုင်ခြင်းမရှိပဲ လတ်တလော မိဘ၊ မောင်နှမတွေနဲ့အတူ နေထိုင်နေကြောင်း သိရပါတယ်။ မိသားစုနဲ့ နွေးနွေးထွေးထွေးနေတတ်တဲ့ ဆောင်းဂျွန်ကီအတွက် အခုလို ဘဝမျိုးက ပျော်ရွှင်ဖွယ်အတိဖြစ်နေမှာပါ။
ဆောင်းဂျွန်ကီနဲ့ ဆောင်းဟယ်ကျိုတို့ဟာ အောက်တိုဘာ ၃၁၊ ၂၀၁၇ မှာလက်ထပ်ထိမ်းမြားခဲ့ပြီး ၂၀၁၉ ဇွန်လ ၂၇ မှာ ကွာရှင်းပြတ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့တာပဲဖြစ်ပါတယ်။

Ref:allkpop

Credit: original