Latest Posts

ရုပ်ရည်ချောမောလှပတဲ့သူတွေက အချစ်ရေးကံသိပ်မကောင်းတတ်ကြောင်း တွေ့ရှိ


ရုပ်ရည်ချောမောတဲ့သူတွေဟာ ဘဝမှာပိုပျော်ရွှင်ရပြီး၊ ရုပ်ချောခြင်းကြောင့်ရတဲ့အကျိုးဆက်တွေလည်း အများကြီးရှိလိမ့်မယ်လို့ ထင်စရာရှိပါတယ်။ ရုပ်ချောတော့ ဘယ်နေရာရောက်ရောက်မျက်နှာပွင့်တယ်၊ မျက်နှာသာပေးခံရတယ်၊ ခင်ချင်တဲ့သူ၊ ဒိတ်လုပ်ချင်တဲ့သူတွေ အများကြီးရှိတယ်။

ဒါပေမယ့် ရုပ်ရည်ချောမောခြင်းကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတချို့လည်း ရှိပါတယ်။ အဲ့ဒီဆိုးကျိုးတွေထဲကမှ အဆိုးဆုံးကတော့ ရုပ်ချောတဲ့သူတွေက အချစ်ရေးကံမကောင်းတတ်ဘူးဆိုတဲ့ အချက်ပဲဖြစ်မယ် ထင်ပါတယ်။

(၁) ရွေးချယ်စရာတွေ များလွန်းတယ်



ရုပ်ချောတဲ့သူတွေအဖို့ ဒိတ်ချင်တဲ့သူ၊ တွဲချင်တဲ့သူတွေများပေမယ့် ဘယ်သူကသူတို့ကိုတကယ်ချစ်တာလဲဆိုတာကိုတော့ သေချာမသိနိုင်ပါဘူး။ လာကြိုက်တဲ့သူတွေများပြီး ရွေးချယ်စရာတွေများလွန်းတော့ ကိုယ့်အပေါ်ရေရှည်ကောင်းမယ့်သူ၊ ကိုယ့်ကိုတကယ်ချစ်တဲ့သူကို တွေ့ဖို့ခက်နေပြီး အချစ်ရေးအဆင်မပြေမှုတွေပိုဖြစ်နိုင်ပါတယ်။

(၂) တစ်ဖက်သားကိုသဝန်တိုစိတ်ဖြစ်စေတယ်



ချောလွန်းတဲ့သူတွေနဲ့တွဲတဲ့အခါ ဘယ်သွားသွားလူကြည့်ခံရလို့ သဝန်တိုရတယ်၊ မျက်နှာပွင့်လွန်းလို့စိတ်မချဖြစ်ရတယ်၊ ဒီလိုသဝန်တိုတာနဲ့ပတ်သက်လို့ မကြာခဏပြဿနာဖြစ်ရတယ်။အချိန်တိုင်းသဝန်တို၊ စိတ်မချဖြစ်နေပြီး ပြဿနာတွေဖြစ်နေရတော့ သူတို့ရဲ့အချစ်ရေးက ကြာရှည်မခိုင်မြဲတာမဆန်းပါဘူး။

(၃) ပိုင်ရှင်ရှိသွားတာတောင်လာကြိုက်တဲ့သူတွေရှိတုန်းပဲ



ရုပ်ချောတဲ့သူတွေဆိုတာ ချစ်သူရှိနေလည်း ခရပ်ရှ်တဲ့သူ၊ လာကြိုက်တဲ့သူတွေကရှိနေတုန်းပါပဲ။ ဒီလိုလာကြိုက်နေတဲ့သူတွေကို ပြန်မကြိုက်ပေမယ့်၊ ပြန်ပြီးမတုံ့ပြန်ပေမယ့် သူတို့ချစ်သူတွေအတွက်တော့ စိတ်အနှောက်အယှက်ဖြစ်စရာ၊ စိတ်တိုစရာဖြစ်စေပါတယ်။ ဒီအတွက်ကြောင့်လည်း ပြဿနာလေးတွေဖြစ်ရပြီး အချစ်ရေးကအဆင်မပြဖြစ်ရပြန်ပါတယ်။


Credit  \\  original