ရှိရင်းစွဲရုပ်ရည်ထက် အဆမတန်အိုမင်းသွားလို့ ပရိသတ်တွေအံ့အားသင့်နေရတဲ့ ညိမ်းသော်နဲ့ နန်းဆုဦး
credit \\ original
ယူနီကုဒ်ဖြင့်ဖတ်ရန်
မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး ညိမ်းသော်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ နှုတ်ဖျားမှာ အရမ်းရေပန်းစားအောင်မြင်နေတဲ့ ကိုလူချောလေးတစ်ယောက် ဖြစ်ပါတယ်။
ညိမ်းသော်က ကိုရီးယားမင်းသားတစ်ဦးလို ရုပ်ဖြောင့်ပြီး စတိုင်ကျတာကြောင့် မိန်းကလေးပရိသတ်တွေက ဝန်းရံအားပေးနေရတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ညိမ်းသော်တစ်ယောက် မင်းသမီး နန်းဆုဦးနဲ့အတူ ရိုက်ကူးရေးတစ်ခု ပြုလုပ်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော်လေးတွေဖြစ်တဲ့ ညိမ်းသော်နဲ့နန်းဆုဦးတို့နှစ်ယောက်က
လက်ရှိမှာ စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးတဲ့ “ဥတုမှားတဲ့ ဆောင်း”ဇာတ်လမ်းလေးကို ရိုက်ကူးနေကြတာ ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာ ရိုက်ကူးနေတဲ့ ဒီဇာတ်လမ်းလေးမှာတော့
သူတို့နှစ်ယောက်က အတွဲညီညီနဲ့ ပါဝင်သရုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အခုလည်း နန်းဆုဦးက ပရိသတ်တွေအံ့အားသင့်စေမယ့် ပုံရိပ်လေးတစ်ခုကို တင်ထားပါတယ်။
နန်းဆုဦးက ” ဖွား ရှုတင်မှာ” ဆိုပြီး ညိမ်းသော်နဲ့အတူ ထိုင်နေတဲ့ပုံလေးကို သူမရဲ့ My Story မှာတင်ထားတာပဲ ဖြစ်ပါတယ်။ ဒီပုံလေးမှာတော့ ညိမ်းသော်နဲ့ နန်းဆုဦးတို့နှစ်ယောက်က ရိုရင်းစွဲရုပ်ရည်တွေထက်
အဆမတန်အိုမင်းပြီး ပြောင်းလဲသွားတာ တွေ့ရပါတယ်။ ဒါကြောင့် ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ မင်းသားညိမ်းသော်နဲ့ မင်းသမီးနန်းဆုဦးရဲ့ပုံရိပ်လေးတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်နော်။
credit \\ original