ဝါဝါဝင္းေ႐ႊရဲ႕အိမ္ကိုသြားေရာက္ၿပီး အားေပးႏွစ္သိမ့္စကားေတြဆိုကာ အျပန္အလွန္ေထြးေပြ႕ထားတဲ့ ဝတ္မႈံေ႐ႊရည္
ပရိသတ္ႀကီးေရ မင္းသမီးေခ်ာေလး ဝတ္မႈံေ႐ႊရည္ကေတာ့ လက္တေလာမွာ Shooting ေတြဆက္ေနတာေၾကာင့္ မအားမလပ္ႏိုင္ေအာင္ျဖစ္ေနတာကိုေတြ႕ရပါတယ္ေနာ္။ဝတ္မႈံေ႐ႊရည္ကေတာ့ အႏုပညာေလာကမွာ ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈေတြနဲ႔ရပ္တည္ေနၿပီး အိုင္တင္အရမ္းေကာင္းတဲ့ေ႐ႊမင္းသမီးေလးျဖစ္ပါတယ္။ေ႐ႊကစ္ရဲ႕ အႏုပညာလႈပ္ရွားမႈတိုင္းကိုလည္း ပရိသတ္ေတြက ေစာင့္ၾကည့္ၿပီး အားေပးေနၾကတာပါေနာ္။
ယခုလက္တေလာမွာ ပရိသတ္ေတြအတြက္ ဝမ္းနည္းေၾကကြဲေနရတဲ့သတင္းဆိုးေလးတစ္ခုကေတာ့ အကယ္ဒမီဝါဝါဝင္းေ႐ႊရဲ႕ ခ်စ္ခင္ပြန္း ဦးသန္းထြဋ္ကြယ္လြန္သြားတဲ့ သတင္းပဲျဖစ္ပါတယ္။အႏုပညာရွင္အသိုင္းအဝိုင္းကလည္း အန္တီဝါတို႔အိမ္ကိုသြားေရာက္ၿပီး သတင္းေမးသလို ေနာက္ဆုံးႏႈတ္ဆက္ခရီးကိုလည္း အန္တီဝါတို႔မိသားစုနဲ႔အတူ လိုက္ပါပို႔ေဆာင္ခဲ့ၾကပါတယ္ေနာ္။
အခုဆိုရင္ေတာ့ ေ႐ႊကစ္က အန္တီဝါတို႔အိမ္ကိုသြားေရာက္ၿပီး အားေပးႏွစ္သိမ့္စကားေတြဆိုခဲ့ပါတယ္။ပရိသတ္ေတြအရမ္းခ်စ္ၿပီးအားေပးခဲ့ရတဲ့ ဝါဝါဝင္းေ႐ႊကေတာ့ ခ်စ္ခင္ပြန္းကြယ္လြန္သြားတာေၾကာင့္ ျဖည္မဆည္ႏိုင္ျဖစ္ခဲ့ရၿပီး ေ႐ႊကစ္ကလည္း အန္တီဝါနဲ႔ အျပန္အလွန္ေထြးေပြ႕ထားၿပီး ႏွစ္သိမ့္စကားေတြဆိုကာ ႏွစ္ေယာက္သားစကားေတြအမ်ားႀကီးေျပာခဲ့ၾကပါတယ္။ေ႐ႊကစ္ေလးနဲ႔အန္တီဝါတို႔ရဲ႕ပုံရိပ္ေလးေတြကို ပရိသတ္ႀကီးအတြက္ မွ်ေဝေပးလိုက္ပါရေစေနာ္။
Credit \\ original
UNICODE
ဝါဝါဝင်းရွှေရဲ့အိမ်ကိုသွားရောက်ပြီး အားပေးနှစ်သိမ့်စကားတွေဆိုကာ အပြန်အလှန်ထွေးပွေ့ထားတဲ့ ဝတ်မှုံရွှေရည်
ပရိသတ်ကြီးရေ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ လက်တလောမှာ Shooting တွေဆက်နေတာကြောင့် မအားမလပ်နိုင်အောင်ဖြစ်နေတာကိုတွေ့ရပါတယ်နော်။ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေနဲ့ရပ်တည်နေပြီး အိုင်တင်အရမ်းကောင်းတဲ့ရွှေမင်းသမီးလေးဖြစ်ပါတယ်။ရွှေကစ်ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေက စောင့်ကြည့်ပြီး အားပေးနေကြတာပါနော်။
ယခုလက်တလောမှာ ပရိသတ်တွေအတွက် ဝမ်းနည်းကြေကွဲနေရတဲ့သတင်းဆိုးလေးတစ်ခုကတော့ အကယ်ဒမီဝါဝါဝင်းရွှေရဲ့ ချစ်ခင်ပွန်း ဦးသန်းထွဋ်ကွယ်လွန်သွားတဲ့ သတင်းပဲဖြစ်ပါတယ်။အနုပညာရှင်အသိုင်းအဝိုင်းကလည်း အန်တီဝါတို့အိမ်ကိုသွားရောက်ပြီး သတင်းမေးသလို နောက်ဆုံးနှုတ်ဆက်ခရီးကိုလည်း အန်တီဝါတို့မိသားစုနဲ့အတူ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်နော်။
အခုဆိုရင်တော့ ရွှေကစ်က အန်တီဝါတို့အိမ်ကိုသွားရောက်ပြီး အားပေးနှစ်သိမ့်စကားတွေဆိုခဲ့ပါတယ်။ပရိသတ်တွေအရမ်းချစ်ပြီးအားပေးခဲ့ရတဲ့ ဝါဝါဝင်းရွှေကတော့ ချစ်ခင်ပွန်းကွယ်လွန်သွားတာကြောင့် ဖြည်မဆည်နိုင်ဖြစ်ခဲ့ရပြီး ရွှေကစ်ကလည်း အန်တီဝါနဲ့ အပြန်အလှန်ထွေးပွေ့ထားပြီး နှစ်သိမ့်စကားတွေဆိုကာ နှစ်ယောက်သားစကားတွေအများကြီးပြောခဲ့ကြပါတယ်။ရွှေကစ်လေးနဲ့အန်တီဝါတို့ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။
Credit \\ original





