အခက်အခဲ မပြေလည်မှုတွေကြားက အောင်မြင်အောင် ရိုက်ကူးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး 3D ရုပ်ရှင်ဇာတ်ကား
မြန်မာနိုင်ငံမှာ ပထမဆုံးရုံတင်ပြသခွင့်ရရှိခဲ့တဲ့ ကြီးမြတ်သောမြန်မာရုပ်ရှင် 3D ဇာတ်ကားကို သြဂုတ်လ(၁၅)ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသခွင့်ရရှိတော့မှာဖြစ်ပါတယ်။ဒီဇာတ်ကားမှာဆိုရင် နိုင်းနိုင်း၊ရဲအောင်၊ထိုက်စံမောစ့်၊ နက္ခတ်၊ဝါဆိုမိုးဦး၊ဂျူးဂျူးကေ၊ မြတ်သူသူဇင်နဲ့ တခြားသောသရုပ်ဆောင်တွေက အကောင်းဆုံးပါဝင်ပုံဖော်သရုပ်ဆောင်ရိုက်ကူးထားတာဖြစ်ပါတယ်။
နိုင်းနိုင်းက မြန်မာ့သမိုင်းမှာ ထင်းရှားအောင်မြင်ခဲ့တဲ့ မင်းဆက်တွေထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ ကျန်စစ်သားမင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီးတော့ ဝါဆိုမိုးဦးက ခင်ဦးနေရာကနေ
တက်ညီလက်ညီနဲ့ အကွက်ကျကျသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ရုက်ကွင်းအခက်အခဲတွေကြားကနေ အောင်မြင်အောင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစကားလည်း ဖြစ်ပါတယ်။ ရိုက်ကွင်းမှာဆိုရင်မြင်းတွေကို
အသုံးပြုခဲ့ရတာဖြစ်ပြီးတော့ နိုင်းနိုင်းစီးရတဲ့မြင်းက ကဆုံပေါက်တာကြောင့် နိုင်းနိုင်းမြင်းပေါ်က လိမ့်ကျကာ ပေါင်ပွန်းပဲ့ဒဏ်ရာရခဲ့တယ်။” ကြီးမြတ်တဲ့ မြန်မာ”ဆိုတဲ့
ရုပ်ရှင်ဇာတ်ကားကြီးက အခက်အခဲ မပြေလည်မှုတွေကြားက အောင်မြင်အောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ပရိသတ်ကြီး စောင့်မျှော်ကြည့်ရှူလို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်။
Credit \\ original


