စော်ကြည်ပေမယ့် အချစ်ရေးမှာကံမကောင်းဘူးဆိုတဲ့ ထွန်းကိုကို
မြန်မာနိုင်ငံက ကောင်မလေးတွေ ရဲ့ အသည်းစွဲ မင်းသားတစ်ယောက်ဖြစ်တဲ့ထွန်းကိုကို ကိုတော့ အားလုံးရင်းနီးပြီးသားဖြစ်မှာပါ ။ အခု သူနဲ့ We News နဲ့ အင်တာဗျူးမှာ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ်။
ထွန်းကိုကိုက “ဒီကားကတော့ ဒုတိယမြောက်ကားပါ ခိုးဆိုးလုနှိုက် ရှိသေးတယ် ။ ဒါ ဒုတိယကားပေါ့ မဟော်ဂနီနဲ့ ရိုက်မယ်လုပ်လိုက်မရိုက်ဖြစ်လိုက်နဲ့တိုက်တိုက်ဆိုင်ဆိုင် ရုပ်ရှင်ကားကြီးကျမှ ရိုက်ဖြစ်သွားတာ အဲ့အတွက်လည်းမဟော်ဂနီကိုကျေးဇူးတင်ပါတယ် မပွင့် (ပွင့်သင်္ဂီဇော် ပေါ့) သူကိုလည်း ကျေးဇူးတင်ပါတယ်။
အဲ့ဒီအချိန်တုန်းက ကျွန်တော်တို့ကအသစ်လေးတွေပေါ့ ကိုယ့်မှာရှိတဲ့အင်အားလေးတွေနဲ့ ရသလောက်ကိုလုပ်ခဲ့ကြတယ် ။ ခုရုံတင်ပြီပေါ့ ပရိတ်သတ်တွေကြိုက်ပါ့မလား အရင်တုန်းကအိုက်တင်တွေ အရင်တုန်းကပုံစံတွေ စိုးရိမ်မိတယ် ။ ဒါပေမယ့်ရုပ်ရှင်ပိုစတာထွက်လာတော့ ပရိတ်သတ်တွေအားပေးကြတယ် ပိုစတာကိုလည်း စိတ်ဝင်စားကြလို့ ကျေးဇူးတင်ပါတယ် ကားထွက်ရင်လည်း လာအားပေးကြပါလို့ ပုံမှန်ရိုက်နေကျကားတွေနဲ့မတူဘူး ဒီလိုကားမျိုးရှားတယ်။
ကျွန်တော်က စမတ်ကျကျ အဲလက်စ်ပေါ့အလက်ဇန္ဒား ဥစ္စာပေါရုပ်ချောစော်ကြည်ဘဲ အဲ့လိုမျိုးလေးမြင်ရမှာပါ ဇာတ်လမ်းကမွေးနေ့ပွဲကစတယ် ဘယ်လိုဘယ်လိုတွေဖြစ်ပြီးတော့ အဲ့ဒီဇာတ်လမ်းလေးဖြစ်လာတယ်ဆိုတာ ပရိသတ်တွေ လာကြည့်ကြပါလို့ ။ အကောင်းဆုံးလုပ်ခဲ့တယ် ကိုယ့်ကာရိုက်တာလည်းမိတယ်လို့ ပြောလို့ရတယ် ကိုက်လည်းကိုက်တယ် အခုပြန်ကြည့်ရင်ဘယ်လိုနေမလဲ ရင်ခုန်နေတယ် ။
အချောကိုမကြည့်ရသေးဘူး ဆင်ဆာတင်တဲ့အချိန် ကျွန်တော်နဲ့ခါရာ သွားကြည့်ဖြစ်တယ်။ အပြင်မှာကစော်ကြည်တော့ကြည်ပါတယ် ဒါပေမယ့် အချစ်ရေးက ကံမကောင်းဘူး ကျွန်တော်ကအရင်ထဲက ခါရာနဲ့ကညီအစ်ကိုတွေလိုပဲ ရှိုးပွဲတွေတူတူလျှောက်ခဲ့တယ်လေ ခုမှပထမဆုံးဆုံတာ မဟုတ်ပါဘူး ။ အာ့ကြောင့်အပေးအယူမျှမျှလေးနဲ့ ကာရိုက်တာကိုအဆင်ပြေပါတယ် ပြဿနာမရှိပါဘူး ။
ပိုစတာက ကျွန်တော်တို့မသိဘူး ကျွန်တော်တို့ ငါတို့သည်ဆိုတဲ့ကား ကျွန်တော်ရောသူရောပါတယ် ပြင်ဦးလွင်မှာသွားရိုက်နေတာ အဲ့ဒီမှာ ခါရာလှမ်းပို့တာ ကျွန်တော်သိတာသုံးယောက်ပါတယ် ဒါဘဲဟာ မိုက်တယ်ပေါ့ဆိုပြီး ကျွန်တော် ရှယ်လိုက်တယ်
ရိုက်တုန်းကနှစ်ယောက်ပုံတွေ မပါဘူး ဖိုတိုရှော့နဲ့ လုပ်လိုက်တာ အကြည့်တွေပေါ့ နှစ်ယောက်အကြည့်တွေ ပြင်ထားတဲ့ပုံကိုလည်းကြည့်တယ် တကယ့်အပြင်ပုံကိုလည်းကြည့်တယ် အဲ့လိုဖြစ်နေလား ဆိုပြီးတော့ ပြန်ကြည့်ရတာပေါ့ အမှတ်တရလေးတစ်ခုပေါ့ ။
တခြားဇာတ်ရုပ်တွေနဲ့ဘယ်လိုကွဲလည်း ဆိုတော့ ထင်ကြတယ်ပေါ့ ရဲပေါ့ ဘယ်လိုရဲလည်းပေါ့ ဒီကားမှာတော့ ရဲမဟုတ်ပါဘူးပေါ့ မတင်ရသေးတဲ့ကားတော်တော်များများမှာတော့ ရဲပုံစံတွေရှိပါတယ်။
အဲ့ဒီတုန်းကတော်တော်များများ ရဲကာရိုက်တာပေးတယ် နောက်ဆုံးခန်းမှရောက်လာတဲ့ ရဲမဟုတ်ဘဲ တိုက်မယ်ခိုက်မယ်ဆိုတဲ့ ရဲကာရိုက်တာအဲ့လိုမျိုးပေးထားတယ် ။
မတင်ရသေးတာတွေအများကြီးရှိတယ် ခုရဲကာရိုက်တာ ခဏနားလိုက်တယ် တခြားကာရိုက်တာပြောင်းတယ်ဆိုတာ ပရိသတ်ကိုရသစုံပေးချင်တယ် ။ကျွန်တော်ကိုယ်တိုင်လည်းတခြားကာရိုက်တာ လုပ်ကြည့်ချင်တယ် အဲ့ဒါမှလုပ်ဖူးမှာပေါ့နော် ။”ဆိုပြီး ပြောပြသွားခဲ့ပါတယ်။
Credit \\ original