Latest Posts

တကယ်တော့ အရှုံးပေးတာက အနိုင်ရလိုက်တာနော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ



သည်းခံခြင်းမရှိတဲ့ပုဂ္ဂိုလ်ဟာ ကုသိုလ်အရနည်းတယ်..မေတ္တာထားခြင်း သည်းခံခွင့်လွှတ်ခြင်းဖြင့်

မိမိက အရှုံးပေးလိုက်တာဟာ အနိုင်ရခြင်းပဲဖြစ်တယ်..သည်းခံပြီး တုန့်ပြန်မှုမပြုတဲ့ပုဂ္ဂိုလ် သည်းခံခြင်းတရားလက်ကိုင်ထားတဲ့ပုဂ္ဂိုလ်ကသာလျှင် အနိုင်ရတာပါ စိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ကိုတုန့်ပြန်ပြီးတော့ စိတ်ဆိုးလို့ရှိရင်နဂိုစိတ်ဆိုးတဲ့ပုဂ္ဂိုလ်ထက် ပိုမိုက်မဲရာရောက်တယ်..ဒေါသကို ဒေါသနဲ့ပြန်တုန့်ပြန်ရင် ပိုမိုက်မဲရာရောက်တယ်..

သူတစ်ပါးက ကိုယ့်အပေါ်ဒေါသဖြစ်လာတယ်ဆိုတာ သိလို့ရှိရင်သတိနဲ့ မေတ္တာနဲ့ ခန္တီနဲ့ ဒီလိုသည်းခံခွင့်လွှတ်ခြင်းနဲ့ပဲ တုန့်ပြန်ပါတစ်ခြားနည်းနဲ့ မတုန့်ပြန်ပါနဲ့..အဲဒီလို တုန့်ပြန်ခြင်းကိုလောကလူသားတွေက အရှုံးလို့ထင်ကြတယ်..

တစ်ကယ်တော့အောင်နိုင်ခဲတဲ့ စစ်ပွဲကြီးတစ်ခုကို အောင်လိုက်ရသလိုကြီးမားတဲ့ အောင်မြင်မှုပဲဖြစ်တယ်လို့မြတ်စွာဘုရားက ဒီလိုဟောတာ လူတစ်ယောက်က ဒေါသဖြစ်ပြီး ကိုယ့်ကိုလာဆဲတယ် ဆဲရေးတိုင်းထွာတာဟာ သူ့ရဲ့အရှုံးပဲ ဘယ်သူ့ကို ရှုံးတုန်းဆိုရင် ဒေါသကိုရှုံးတယ် ကိုယ်က ပြန်ဆဲလိုက်လို့ရှိရင်သူဆဲတာ အသိအမှတ်ပြုလိုက်သလိုဖြစ်သွားတယ်..



သူဆဲသော်လည်း တုန့်ပြန်မှုမပြုလိုက်လို့ရှိရင်အသိအမှတ်မပြုရာရောက်တယ် သူပေးတာကို လက်မခံဘူးဆိုတဲ့အဓိပ္ပာယ် လာပေးတဲ့ဆဲရေးတိုင်းထွာမှုကို လက်မခံတာဟာ လာပေးတဲ့လက်ဆောင်ကို လက်မခံသလိုပဲ သည်းခံပြီးတော့ ခွင့်လွှတ်ပြီးတော့စဉ်းစားဆင်ခြင်အသိဉာဏ်နဲ့နေတဲ့ပုဂ္ဂိုလ်က အနိုင်ရလိုက်တာ ဘာကို အနိုင်ရတုန်းဆိုရင်ကိုယ့်သန္တာန်မှာ ဒေါသမဖြစ်အောင်ကိုယ့်စိတ်ကို ထိန်းလိုက်နိုင်တာဟာ စိတ်အပေါ်မှာ အနိုင်ယူလိုက်ခြင်းပဲဖြစ်တယ်..ဒေါသအပေါ်မှာ အနိုင်ယူလိုက်ခြင်းပဲဖြစ်တယ် အရှုံးပေးသူက အနိုင်ရခြင်းဆိုသည်မှာမေတ္တာနဲ ကရုဏာနဲ့ မုဒိတာနဲ့ ဥပေက္ခာနဲ့

ဗြဟ္မစိုရ်တရားနှလုံးသားထဲမှာ ခိုင်ခိုင်မာမာထားပြီးတော့သည်းခံခွင့်လွှတ်ခြင်းဆိုတဲ့ သဘာဝတရားတွေနဲ့ကိုယ့်ရဲ့စိတ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ တစ်ဖက်သားကို တုန့်ပြန်မှုမပြုပဲနဲ့ ကျေအေးသည်းခံခြင်းဟာ အနိုင်ရခြင်းပဲဖြစ်ပါတယ်..ဒီအနိုင်ရခြင်းသည် သူတော်ကောင်းတို့၏ အနိုင်ရခြင်းဖြစ်တယ်…။

Credit:ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ