လူသိများလာလို့ ပျော်တယ်ဆိုတဲ့ သင်ဇာ့ဘေးက လုံခြုံရေး ကိုကို နှုတ်ခမ်းမွှေး
ကျော်မျိုးထက်ကတော့ သင်ဇာဝင့်ကျော် ပွဲတက်လာတော့ ဘေးနားမှာ လုံခြုံရေးအဖြစ်ဆောင်ရွက်ခဲ့တာကြောင့် ဓာတ်ပုံ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပြီး သင်ဇာဝင့်ကျော်ကို ဝန်းရံကြသလို သူ့ကိုလည်း ဝန်းရံသူတွေရှိခဲ့ပါတယ်။ မိန်းကလေးပရိသတ်တွေရဲ့ ကြားမှာ ပိုပြီးတော့ ဝန်းရံခံနေရတဲ့ သင်ဇာဝင့်ကျော်ရဲ့ လုံခြုံရေးကို တာဝန်ယူခဲ့တဲ့ ကျော်မျိုးထက် အဲ့လိုမျိုး လုံခြုံရေးတာဝန်ကို ယူဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ပြောသွားခဲ့ပါတယ်။
ကျော်မျိုးထက် “ကျွန်တော်တို့ Company ပေါ့ လုပ်နေတဲ့ Company တစ်ခုကပေါ့ ဘယ်လိုပြောရမလဲ ရုံးဝန်ထမ်းအပိုင်း အဲ့လိုအပိုင်းကိုမှ ပွဲတွေလည်း လက်ခံတယ် ရုံးမှာ ခဏလိုက်ခဲ့ဆိုလို့ ကျွန်တော်က ခဏလိုက်သွားဖြစ်တာ။ ပထမဦးဆုံးပဲ အဲ့တာ။
အဲ့လိုမျိုး မလုပ်ဖူးဘူးဗျ မလုပ်ဖူးဘူးဆိုပေမယ့် ဒီဟာမတိုင်ခင် Lotte Hotel မှာ မင်္ဂလာပွဲတော့ လိုက်ဖူးတယ် နှစ်ယောက် အဲ့မှာ အဲ့တာ ပထမဦးဆုံးပေါ့။
ကျွန်တော် အစက မသိခဲ့ဘူး အဆောင်ကနေလေ ရုံးက လူတွေ ပြောမှ သိတာ ပုံတွေဘာတွေ တက်လာတာပေါ့နော် အဲ့တာနဲ့ ကျွန်တော်က မယုံဘူး။ လျှောက်ပြောတာနေမှာပါဆိုပြီး နောက်မှ ကိုယ်တိုင်ဖွင့်ကြည့်တော့မှ သိတယ်။”လို့ ပြောသွားခဲ့ပါတယ်။
ဒီလိုမျိုးတွေ လူသိများလာလို့ ဘယ်လိုတွေ ခံစားရလဲလို့ မေးမြန်းရာ “အဲ့လိုတွေတော့ မပြောတတ်ဘူး မသိဘူးဗျ ပျော်တော့ပျော်ပါတယ်။ တစ်ခါမှလည်း မဖြစ်ဖူးဘူးလေ အဲ့လိုမျိုး။ အခုဆိုရင်တော့ ဒီပွဲတွေ ဘာတွေကို လက်ခံပြီး ညပိုင်းတော့ လိုက်နေပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။
Credit \\ original