ကိုယ္မယူမိတဲ့ ဝန္ေဆာင္မႈေတြနဲ႔ ဖုန္းေဘလ္ျဖတ္ေနတာေတြကို လက္မခံဖို႔ လႈံ႕ေဆာ္သတိေပးလိုက္တဲ့ အမ်ိဳးသား(ရုပ္သံ)
ခ်စ္ခင္ေလးစားရတဲ့ ပရိသတ္ၾကီးတို႔ခင္ဗ်ာ..
ကြ်န္ေတာ္တုိ႔ ျမန္မာနိုင္ငံမွာ ယခင္ကနဲ႔မတူပဲ ဖုန္းေတြဟာ လြယ္လြယ္ကူကူ ေပါမ်ားလာခဲ့ပါတယ္။ ဖုန္းေတြ ေပါမ်ားသလို Operators ေတြလည္း ေပါမ်ားလာပါတယ္။ ဒါေၾကာင့္ ၾကိဳက္တဲ့ Operator ကို အသံုးျပဳသူက ေရြးခ်ယ္ခြင့္
ရွိလာတာပဲျဖစ္ပါတယ္။ ဒီအထဲမွာမွ.. ဖုန္း Operator ေတြဟာ System Error တက္သလိုလိုနဲ႔ ကြ်န္ေတာ္တို႔ရဲ႕ ဖုန္းေဘလ္ေတြထဲကေန နည္းနည္းခ်င္းစီ ခိုးယူေနၾကပါတယ္။ ဥပမာ အားျဖင့္ ေျပာရမယ္ဆိုရင္ MPT အသံုးျပဳသူ
၂၂ သန္းရွိတယ္ဆိုပါေတာ့.. တစ္ေန႕ကို တစ္ဦးဆီက တစ္က်ပ္ပဲ ခိုးယူလိုက္ရင္ပဲ..တစ္ေန႔ကို က်ပ္ေပါင္း ၂၂ သန္း ခိုးယူရရွိသြားပါတယ္။ ဒါဟာ တစ္ရက္စာပဲရွိပါတယ္။ တစ္လ ..တစ္နွစ္.. ဆိုရင္ ဘယ္ေလာက္ေတာင္ ခိုးယူ
လုိက္ၾကမလဲ..။
ဒါက တစ္ပိုင္းပါ။ ေနာက္တစ္ခုက ကိုယ္လည္းမယူမိတဲ့ အစီအစဥ္ေတြကို ယူပါတယ္ဆိုျပီး မက္ေဆ့ေတြ ပို႔ေတာ့တာပါပဲ။ အလကား မဟုတ္ပါဘူး။ တစ္လ ၈၀၀ (သုိ႔) ၅၀၀ စသျဖင့္ ပိုက္ဆံျဖတ္ပါတယ္။ ဒါကို ေတ္ာေတ္ာမ်ားမ်ားက
ေက်းလက္ေနသူေတြ ျဖစ္ျပီး ဘယ္လို လုပ္ရမလဲ မသိေတာ့..ဒီလိုပဲ လည္စင္းျဖတ္ခံေနရေတာ့တာပါပဲ..။ ဒီ Operator ေတြက ဒီလိုလုပ္ေလ့ရွိၾကပါတယ္။ ကြ်န္ေတာ္တို႔ကလည္း ဖုန္းေဘလ္ ၁၀၀၀၀ ေလာက္ထဲက တစ္က်ပ္ေလာက္
ေလ်ာ့သြားတာ ဘယ္သူက သတိထားမိမွာလဲ..။ ဒီအတြက္ အသံုးျပဳသူနစ္နာမႈေတြ အတြက္ေတာ့ ဥပကၡာျပဳထားၾကပါတယ္။
ဒါမ်ိဳးေတြ ျဖစ္ပ်က္ေနမႈအေပၚ ကိုယ္တိုင္ၾကံဳေတြ႕ရတဲ႕ အကိုတစ္ေယာက္က .. အခုလိုပဲ သတိေပးနိုးေဆာ္လိုက္ပါတယ္..။
အားလံုးပဲ သတိထားနိုင္ေအာင္ Video ကို ျပီး သူေျပာထားတာေတြကို လက္ခံ မခံ ေဝဖန္ေပးခဲ့ပါဦးေနာ္..
ရုပ္သံဖုိင္အား ၾကည့္ရႈရန္ နွိပ္ပါ
SMT
ေန႔စဥ္သတင္းနွင့္သုတရသအျဖာျဖာ
Credit \\ original
Unicode Version
ချစ်ခင်လေးစားရတဲ့ ပရိသတ်ကြီးတို့ခင်ဗျာ..
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ယခင်ကနဲ့မတူပဲ ဖုန်းတွေဟာ လွယ်လွယ်ကူကူ ပေါများလာခဲ့ပါတယ်။ ဖုန်းတွေ ပေါများသလို Operators တွေလည်း ပေါများလာပါတယ်။ ဒါကြောင့် ကြိုက်တဲ့ Operator ကို အသုံးပြုသူက ရွေးချယ်ခွင့်
ရှိလာတာပဲဖြစ်ပါတယ်။ ဒီအထဲမှာမှ.. ဖုန်း Operator တွေဟာ System Error တက်သလိုလိုနဲ့ ကျွန်တော်တို့ရဲ့ ဖုန်းဘေလ်တွေထဲကနေ နည်းနည်းချင်းစီ ခိုးယူနေကြပါတယ်။ ဥပမာ အားဖြင့် ပြောရမယ်ဆိုရင် MPT အသုံးပြုသူ
၂၂ သန်းရှိတယ်ဆိုပါတော့.. တစ်နေ့ကို တစ်ဦးဆီက တစ်ကျပ်ပဲ ခိုးယူလိုက်ရင်ပဲ..တစ်နေ့ကို ကျပ်ပေါင်း ၂၂ သန်း ခိုးယူရရှိသွားပါတယ်။ ဒါဟာ တစ်ရက်စာပဲရှိပါတယ်။ တစ်လ ..တစ်နှစ်.. ဆိုရင် ဘယ်လောက်တောင် ခိုးယူ
လိုက်ကြမလဲ..။
ဒါက တစ်ပိုင်းပါ။ နောက်တစ်ခုက ကိုယ်လည်းမယူမိတဲ့ အစီအစဉ်တွေကို ယူပါတယ်ဆိုပြီး မက်ဆေ့တွေ ပို့တော့တာပါပဲ။ အလကား မဟုတ်ပါဘူး။ တစ်လ ၈၀၀ (သို့) ၅၀၀ စသဖြင့် ပိုက်ဆံဖြတ်ပါတယ်။ ဒါကို တေ်ာတေ်ာများများက
ကျေးလက်နေသူတွေ ဖြစ်ပြီး ဘယ်လို လုပ်ရမလဲ မသိတော့..ဒီလိုပဲ လည်စင်းဖြတ်ခံနေရတော့တာပါပဲ..။ ဒီ Operator တွေက ဒီလိုလုပ်လေ့ရှိကြပါတယ်။ ကျွန်တော်တို့ကလည်း ဖုန်းဘေလ် ၁၀၀၀၀ လောက်ထဲက တစ်ကျပ်လောက်
လျော့သွားတာ ဘယ်သူက သတိထားမိမှာလဲ..။ ဒီအတွက် အသုံးပြုသူနစ်နာမှုတွေ အတွက်တော့ ဥပက္ခာပြုထားကြပါတယ်။
ဒါမျိုးတွေ ဖြစ်ပျက်နေမှုအပေါ် ကိုယ်တိုင်ကြုံတွေ့ရတဲ့ အကိုတစ်ယောက်က .. အခုလိုပဲ သတိပေးနိုးဆော်လိုက်ပါတယ်..။
အားလုံးပဲ သတိထားနိုင်အောင် Video ကို ပြီး သူပြောထားတာတွေကို လက်ခံ မခံ ဝေဖန်ပေးခဲ့ပါဦးနော်..
ရုပ်သံဖိုင်အား ကြည့်ရှုရန် နှိပ်ပါ
SMT
နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ
Credit \\ original