Latest Posts

“အလႉလုပ္ေနရင္း သဒၵါၾကည္ညိဳစိတ္ျဖစ္မိလို႔ အၿမဲဆြဲေနက်ဆြဲႀကိဳးက ေလာ့ကတ္သီးကို ထပ္မံလႉဒါန္းခဲ့တဲ့ နႏၵာလႈိင္”


အႏုပညာအလုပ္ေတြမလုပ္ေတာ့ေပမယ့္ ပရိသတ္ေတြရင္ထဲမွာ ထာဝရက်န္ခဲ့တဲ့ နာမည္ေက်ာ္ မင္းသမီး နႏၵာလႈိင္ဟာဆိုရင္ လက္ရွိမွာ ေပ်ာ္႐ႊင္စရာမိသားစုဘဝ ေလးကိုပိုင္ဆိုင္ထားၿပီး ခ်စ္စဖြယ္သမီးေလး သုံးေယာက္နဲ႔အတူ ၾကည္ႏူးေပ်ာ္႐ႊင္စရာ အခ်ိန္ေတြကို ကုန္ဆုံးေနတာပဲျဖစ္ပါ တယ္။ ေအးခ်မ္းသာယာတဲ့ဘဝေလးမွာ ခင္ပြန္းျဖစ္သူလည္း သူမကိုဂ႐ုစိုက္ၿပီး ခ်စ္ေပးတာေၾကာင့္ အရမ္းကိုေပ်ာ္႐ႊင္ေနရတာပဲ ျဖစ္ပါတယ္။



အိမ္ေထာင္သက္ဆယ္ႏွစ္ေက်ာ္အတြင္းမွာ သူမကိုအၿမဲတမ္းဂ႐ုတစိုက္နဲ႔ခ်စ္ေပးၿပီး မိသားစုကိုလည္း သိပ္ခ်စ္တဲ့ခင္ပြန္းျဖစ္သူကိုပိုင္ဆိုင္ထားတဲ့ နႏၵာကေတာ့ တကယ့္ကို ကံေကာင္းသူေလးပါပဲ။ မိသားစုလိုက္ မၾကာခဏဆိုသလို အလႉႀကီးေတြေပးတတ္ၿပီး တကယ့္ကိုအလႉေရစက္လက္နဲ႔မကြာ ဆိုတဲ့စကားေလးနဲ႔ ညီႏိုင္လြန္းသူေတြပါ။



ဒီတစ္ေခါက္မွာလည္း စန႖ကူး နံ႔သာ ေက်ာင္းေတာ္ရာ ေစတီေတာ္ျမတ္ႀကီးမွာ လႉဒါန္းမႈေတြျပဳေနစဥ္မွာပဲ နႏၵာတစ္ေယာက္ သူမအၿမဲဆြဲေနက် ဆြဲႀကိဳးရဲ႕ ေလာ့ကတ္ သီးကိုျဖဳတ္ၿပီးလႉဒါန္းလိုက္တာပဲ ျဖစ္ပါတယ္။ လႉခ်င္တဲ့အခ်ိန္မွာ လႉႏိုင္တဲ့သူျဖစ္ရ တာလည္း တကယ့္ကိုကုသိုလ္ထူးပဲေနာ္။ ေစတနာသဒၵါတရားထက္သက္လြန္းတဲ့ နႏၵာ့ရဲ႕ပုံရိပ္ေတြကို တင္ဆက္ေပးလိုက္တယ္ေနာ္။



Photo – Zay Thiha

Credit – celefamily

Unicode Version

အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် ပရိသတ်တွေရင်ထဲမှာ ထာဝရကျန်ခဲ့တဲ့ နာမည်ကျော် မင်းသမီး နန္ဒာလှိုင်ဟာဆိုရင် လက်ရှိမှာ ပျော်ရွှင်စရာမိသားစုဘဝ လေးကိုပိုင်ဆိုင်ထားပြီး ချစ်စဖွယ်သမီးလေး သုံးယောက်နဲ့အတူ ကြည်နူးပျော်ရွှင်စရာ အချိန်တွေကို ကုန်ဆုံးနေတာပဲဖြစ်ပါ တယ်။ အေးချမ်းသာယာတဲ့ဘဝလေးမှာ ခင်ပွန်းဖြစ်သူလည်း သူမကိုဂရုစိုက်ပြီး ချစ်ပေးတာကြောင့် အရမ်းကိုပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။

အိမ်ထောင်သက်ဆယ်နှစ်ကျော်အတွင်းမှာ သူမကိုအမြဲတမ်းဂရုတစိုက်နဲ့ချစ်ပေးပြီး မိသားစုကိုလည်း သိပ်ချစ်တဲ့ခင်ပွန်းဖြစ်သူကိုပိုင်ဆိုင်ထားတဲ့ နန္ဒာကတော့ တကယ့်ကို ကံကောင်းသူလေးပါပဲ။ မိသားစုလိုက် မကြာခဏဆိုသလို အလှူကြီးတွေပေးတတ်ပြီး တကယ့်ကိုအလှူရေစက်လက်နဲ့မကွာ ဆိုတဲ့စကားလေးနဲ့ ညီနိုင်လွန်းသူတွေပါ။
ဒီတစ်ခေါက်မှာလည်း စန္တွကူး နံ့သာ ကျောင်းတော်ရာ စေတီတော်မြတ်ကြီးမှာ လှူဒါန်းမှုတွေပြုနေစဉ်မှာပဲ နန္ဒာတစ်ယောက် သူမအမြဲဆွဲနေကျ ဆွဲကြိုးရဲ့ လော့ကတ် သီးကိုဖြုတ်ပြီးလှူဒါန်းလိုက်တာပဲ ဖြစ်ပါတယ်။ လှူချင်တဲ့အချိန်မှာ လှူနိုင်တဲ့သူဖြစ်ရ တာလည်း တကယ့်ကိုကုသိုလ်ထူးပဲနော်။ စေတနာသဒ္ဒါတရားထက်သက်လွန်းတဲ့ နန္ဒာ့ရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်တယ်နော်။
Photo – Zay Thiha

Credit – celefamily