Latest Posts

မအူဝဲကို ေမေမ လို႔ပဲ ေခၚတယ္ဆိုတဲ႔ ခ်ိဳျပံဳးရဲ႕ ေျမး ဝင္းခန္႔မိုး


ဝါရင့္သရုပ္ေဆာင္ ခ်ိဳျပံဳးရဲ႕ေျမးျဖစ္သူ ႔ ဝင္းခန္႔မိုး က အိျႏၵာေက်ာ္ဇင္ကို အေမလို႔ပဲေခၚျဖစ္တဲ့အေၾကာင္း သူစိမ္းအိမ္ ရုပ္ရွင္ဇာတ္ကားလာၾကည့္ရင္းခုလိ္ုေျပာျပထားပါတယ္။

ဒီကားေလးက ရိုက္ေနတဲ့အခ်ိန္မွာလည္း ကၽြန္ေတာ္သြားၾကည့္ျဖစ္တယ္။ ကၽြန္ေတာ္ရဲ႕ ဒါရိုက္တာ ကိုထူးပိုင္ေဇာ္ဦးရဲ႕ ကားေလး မလို႔လည္းလာၾကည့္ျဖစ္တာပါ။ ဒီဇာတ္ကားက စထြက္ကတည္းက အရမ္းအၾကမ္းၾကီးေတြလုပ္ထားတာ။ Editing ေတြ Audio ေတြနဲ႔ ဘယ္လိုထြက္လာမလဲဆိုတာ အရမ္းရင္ခုန္ေနပါတယ္။ ဒီကားမွာေတာ့ ကၽြန္ေတာ္မပါဝင္ထားဘူးခင္ဗ်။ လရဲ႕ေအာက္ဖက္မိုင္အေဝးမွာေတာ့ ကၽြန္ေတာ္ပါဝင္ထားတယ္။ ဒီကားကလည္း ရံုတင္ဖို႔အခ်ိန္ေတာ့နဲနဲလိုဦးမယ္။ Editing အပိုင္းေတြခုမွလုပ္ေနတာျဖစ္ေၾကာင္းသူကဆိုပါတယ္။


Editing ဆက္တဲ့အပိုင္းေတြကေတာ့ မေတြ႔ရေသးဘူးဗ်။ ရုပ္ရွင္ရိုက္ျပီးသြားတဲ့အခ်ိန္မွာေတာ့ ျပန္ၾကည့္ျဖစ္တယ္။

မအူဝဲနဲ႔ သရုပ္ေဆာင္ရတာေတာ့ အမ်ားၾကီး အေတြ႔အၾကံဳရပါတယ္။ ျပီးေတာ့ မအူဝဲကိုကၽြန္ေတာ္က ေမေမလို႔ေခၚတာဗ်။ အသက္ကလည္းအရမ္းကြာေနေတာ့ေလ။ ေမေမနဲ႔ သရုပ္ေဆာင္ရတာ ေမေမတို႔ကအရမ္းလည္းဝါရင့္ေနျပီ။ စံထားရမယ့္လူေတြလည္းျဖစ္တယ္။ သူနဲ႔ တြဲျပီး သရုပ္ေဆာင္ရတာ အရမ္းလည္းဂုဏ္ယူတယ္။ မသိနဲ႔အပိုင္းေတြလည္းအမ်ားၾကီးေမးလို႔ရတယ္။ သူကေရႊအိုးၾကီးလိုပဲ။ အမ်ားၾကီးႏႈိုက္လို႔ရတယ္။


အဘြားကေတာ့ အခ်ိန္ကိုေလးစားဖို႔၊ ဆရာသမားေတြကိုရို္ေသဖို႔၊ၾကိဳးစားဖို႔ အျမဲမွာတယ္။ အေမနဲ႔ဆန္႔က်င္ဘက္လို႔အမ်ားထင္တဲ့အေပၚမွာ ကၽြန္ေတာ္က ေလးေယာက္ေျမာက္ဆုိေတာ့ အဲ့လို နည္းနည္းျပန္ခံေျပာတဲ့အက်င့္ရွိတယ္။ မအူဝဲ ေမေမနဲ႔သရုပ္ေဆာင္တဲ့အခ်ိန္မွာလည္း အဲ့လိုအခံေလးေတြရွိေတာ့ ခက္ခက္ခဲခဲေတာ့မရွိပါဘူး။ မအူဝဲက Mood အရမ္းေကာင္းတယ္။ ဇာတ္ကိုဆြဲလည္းဆြဲထားႏိုင္တယ္။ သူ႔ဆီကေနပညာေတြအမ်ားၾကီးရလိုက္တာ အရမ္းအဖိုးတန္ပါတယ္။ ဒီကားမွာ ကိုယ့္အျပင္ကကာရိုက္တာနဲ႔ သိမ့္မကြာေတာ့ Mood ထည့္ရတာအဆင္ေျပပါတယ္။ ဇာတ္ကားေလးရံုတင္ရင္လည္း လာၾကည့္ၾကဖုိ႔ ပရိသတ္ၾကီးကို ဖိတ္ေခၚခဲ့ပါေသးတယ္။


Credit  \\  original

UNICODE

မအူဝဲကို မေမေ လို့ပဲ ခေါ်တယ်ဆိုတဲ့ ချိုပြုံးရဲ့ မြေး ဝင်းခန့်မိုး

ဝါရင့်သရုပ်ဆောင် ချိုပြုံးရဲ့မြေးဖြစ်သူ့ ဝင်းခန့်မိုး က အိန္ဒြာကျော်ဇင်ကို အမေလို့ပဲခေါ်ဖြစ်တဲ့အကြောင်း သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားလာကြည့်ရင်းခုလိုပြောပြထားပါတယ်။

ဒီကားလေးက ရိုက်နေတဲ့အချိန်မှာလည်း ကျွန်တော်သွားကြည့်ဖြစ်တယ်။ ကျွန်တော်ရဲ့ ဒါရိုက်တာ ကိုထူးပိုင်ဇော်ဦးရဲ့ ကားလေး မလို့လည်းလာကြည့်ဖြစ်တာပါ။ ဒီဇာတ်ကားက စထွက်ကတည်းက အရမ်းအကြမ်းကြီးတွေလုပ်ထားတာ။ Editing တွေ Audio တွေနဲ့ ဘယ်လိုထွက်လာမလဲဆိုတာ အရမ်းရင်ခုန်နေပါတယ်။ ဒီကားမှာတော့ ကျွန်တော်မပါဝင်ထားဘူးခင်ဗျ။ လရဲ့အောက်ဖက်မိုင်အဝေးမှာတော့ ကျွန်တော်ပါဝင်ထားတယ်။ ဒီကားကလည်း ရုံတင်ဖို့အချိန်တော့နဲနဲလိုဦးမယ်။ Editing အပိုင်းတွေခုမှလုပ်နေတာဖြစ်ကြောင်းသူကဆိုပါတယ်။

Editing ဆက်တဲ့အပိုင်းတွေကတော့ မတွေ့ရသေးဘူးဗျ။ ရုပ်ရှင်ရိုက်ပြီးသွားတဲ့အချိန်မှာတော့ ပြန်ကြည့်ဖြစ်တယ်။

မအူဝဲနဲ့ သရုပ်ဆောင်ရတာတော့ အများကြီး အတွေ့အကြုံရပါတယ်။ ပြီးတော့ မအူဝဲကိုကျွန်တော်က မေမေလို့ခေါ်တာဗျ။ အသက်ကလည်းအရမ်းကွာနေတော့လေ။ မေမေနဲ့ သရုပ်ဆောင်ရတာ မေမေတို့ကအရမ်းလည်းဝါရင့်နေပြီ။ စံထားရမယ့်လူတွေလည်းဖြစ်တယ်။ သူနဲ့ တွဲပြီး သရုပ်ဆောင်ရတာ အရမ်းလည်းဂုဏ်ယူတယ်။ မသိနဲ့အပိုင်းတွေလည်းအများကြီးမေးလို့ရတယ်။ သူကရွှေအိုးကြီးလိုပဲ။ အများကြီးနှိုက်လို့ရတယ်။

အဘွားကတော့ အချိန်ကိုလေးစားဖို့၊ ဆရာသမားတွေကိုရိုသေဖို့၊ကြိုးစားဖို့ အမြဲမှာတယ်။ အမေနဲ့ဆန့်ကျင်ဘက်လို့အများထင်တဲ့အပေါ်မှာ ကျွန်တော်က လေးယောက်မြောက်ဆိုတော့ အဲ့လို နည်းနည်းပြန်ခံပြောတဲ့အကျင့်ရှိတယ်။ မအူဝဲ မေမေနဲ့သရုပ်ဆောင်တဲ့အချိန်မှာလည်း အဲ့လိုအခံလေးတွေရှိတော့ ခက်ခက်ခဲခဲတော့မရှိပါဘူး။ မအူဝဲက Mood အရမ်းကောင်းတယ်။ ဇာတ်ကိုဆွဲလည်းဆွဲထားနိုင်တယ်။ သူ့ဆီကနေပညာတွေအများကြီးရလိုက်တာ အရမ်းအဖိုးတန်ပါတယ်။ ဒီကားမှာ ကိုယ့်အပြင်ကကာရိုက်တာနဲ့ သိမ့်မကွာတော့ Mood ထည့်ရတာအဆင်ပြေပါတယ်။ ဇာတ်ကားလေးရုံတင်ရင်လည်း လာကြည့်ကြဖို့ ပရိသတ်ကြီးကို ဖိတ်ခေါ်ခဲ့ပါသေးတယ်။

Credit  \\  original