Latest Posts

နာရေးကားမောင်းသူတစ်ဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ် ပြောပြချက်



Zawgyi

အရင်တုန်းကဆိုရင် အသုဘအလုပ်တွေပြုလုပ်နေတဲ့သူတွေဆိုရင်



ကောင်းမှုပြုနေသောသူတွေကို သူတော်ကောင်းတွေ နတ်ကောင်းနတ်မြတ်များကလဲ ကူညီစောင့်ရှောက်ကြတယ်ဆိုတာ

ယခု ကျနော်ကြုံတွေ့ ခဲ့ရတဲ့အဖြစ်အပျက်လေးနဲ့ ဗဟုသုတရစေဖို့



အလောင်းကိုနာရေးကားပေါ်တင်၍ မန္တလေးမြို့ကနေ ညသန်းခေါင်ယံ

အချိန်လောက်မှာစတင်ထွက်ခွာခဲ့ပြီး ဖြည်းဖြည်း နဲ့ ပုံမှန်ပဲဟိုက်ဝေးလမ်းမထက်မှာ မောင်းနှင်လာခဲ့တယ် ကားပေါ်မှာ

ကျနော်ကကားမောင်းပြီး ဘေးကရှေ့ကားကြည့်ဖို့အကိုတစ်ယောက်




ကားကိုလမ်းဘေးချရပ်လိုက်တယ် ကျနော်တို့ရှေ့ကို၄၅မိနစ်လောက်မောင်းရင် ထီးချိုင့်တံတားရောက်တော့မယ် အိပ်ချင်လာတာနဲ့ ကားရပ်ပြီးတော့


” ညီလေး အကိုခဏအိပ်အုန်းမယ်နော် ဒီအချိန်ကငိုက်တက်လို့နော် ”











ကားမောင်းရင်း စိတ်ကအိမ်မက်ထဲမှာလာပြောနေတာတွေကို ပြန်မြင်ယောင်မိ သူပြောတဲ့စကားတွေကိုလဲကြားနေရပြီ

ကျနော် ဆုံးဖြတ်မိတာက ဒါထူးဆန်းတယ် အပြန်ကျသိအောင်လုပ်ရမယ်ဆိုပြီးမောင်းလာခဲ့တယ်…


ကားကမောင်းနေရင်းဝိတ်အရမ်းစီးနေတာကိုပဲ အဲ့နေရာကထွက်ပြီး

အာရုံထဲမှာ ဘုရား တရား သံဃာ ရတနာသုံးပါးကိုနှလုံးသွင်းလိုက်တော့ ကားကခုဏာကနဲ့မတူပဲ မောင်းရတာ ပေါ့ပေါ့လေးဖြစ်သွားတယ် အဲ့တစ်ချက်တော့သတိထားမိလိုက်တယ်….

အဲ့ဒီနောက် တစ်မြို့ပြီး တစ်မြို့ဖြတ်မောင်းလာခဲ့တာနောက်ဆုံး မြစ်ကြီးနားရောက်ကျနော်တို့ကိုစောင့်မျှော်နေကြတဲ့ များပြားသောလူအုပ်ကြီးနဲ့ သေသူ၏မိသားစုဝင်များအိမ်ရောက်တော့ နာရေးကားပေါ်ကနေ အလောင်းကိုချ အသုဘအလောင်းပြင်ကျဆင်ကျ သူတို့ဓလေ့အတိုင်းပေါ့ အားလုံးအဆင်ပြေပြီ ဆိုမှ ကျနော်တို့ သူတို့မိသားစုကိုနှုတ်ဆက်စကားဆိုပြီး ပြန်ထွက်လာခဲ့တယ်…….


တွေးနေမိတယ် ကားမောင်းရင်းနဲ့ ဘေးကသူငယ်ချင်းအကို ကို

အလာတုန်းက ဒီလို ဒီလို ဖြစ်ခဲ့တယ်ဆိုတာပြောပြလိုက်တော့

ဟုတ်လားဟ ငါလဲအိပ်ကောင်းနေတာနဲ့မသိလိုက်ဖူးတဲ့ အခုမင်းပြောမှငါလဲသိတော့ အင်းတွေးကြည့်လိုက်တော့ ကျတ်သိမ်းထစရာပဲ ကျော်ဇင် ရေတဲ့…. ဟုတ်တယ်အကို ကျနော်အဲ့နားရောက်ရင် တစ်ခုခုတော့သိရလိမ့်မယ်ထင်တယ် လို့ပြောပြီး ဆက်မောင်းလာခဲ့တယ်….

ကျေးဇူးပြု၍ စာဖတ်ရတာအရမ်းရှည်နေမှာစိုးလို့ ဆက်ပါအုံးမည်…..

(ပထမပိုင်း)

ကျော်ဇင် (မန္တလေးသား)

Credit  \\  original

Unicode

အသုုဘကားမောင်းနေစဉ် ကိုယ်တွေ့ကြုံခဲ့ရတာလေးဗဟုသုတရရှိဖို့ဖတိ်ကြည့်လိုက်ပါ

အရင်တုန်းကဆိုရင် အသုုဘအလုပ်တွေပြုလုပ်နေတဲ့သူတွေဆိုရင််

လူတွေက လဒ်မရှိဘူး အမင်္ဂလာတွေ ဆိုပြီး အရေးလုပ်မဆက်ဆံချင်ကြပါဘူး အမှန်တကယ်က နာရေးကူညီမှုလုပ်ကိုင်ပေးကြတဲ့သူတွေသည် လူတိုင်းမလုပ်ချင်မကိုင်ချင်သောအရာတွေကို ကူညီဆောင်ရွက်ပေးနေရတဲ့ သူတစ်ပါးသောကမီးကိုငြိမ်းပေးရတဲ့ အလုပ်ဖြစ်သောကြောင့် အင်မတန်မွန်မြတ်သောကုသိုလ်လုပ်ငန်းဖြစ်တယ်ဆိုတာ ယနေ့ခေတ်ကာလမှာ လူတိုင်းအမှန်ကိုမြင်သိလာကြပြီး နာရေးကိစ္စရှိလာရင် အားတက်သရောပါဝင်ကူညီဆောင်ရွက်လာကြပါတယ်…

ကောင်းမှုပြုနေသောသူတွေကိုိ သူတော်ကောင်းတွေ နတ်ကောင်းနတ်မြတ်များကလဲ ကူညီစောင့်ရှောက်ကြတယ်ဆိုတာ

ယခုု ကျနော်ကြံုတွေ ့ခဲ့ရတဲ့အဖြစ်အပျက်လေးနဲ့ ဗဟုသုတရစေဖို့

ရည်ရွယ်ကာ ဝေမျှရေးသားလိုက်ပါတယ်ခင်ဗျာ….

မြစ်ကြီးနားကနေ မန္တလေးဆေးရုံကြီးကိုဆေးလာကုသရင်းနဲ့ ကံကုန်တော့ ဘဝတစ်ပါးကူးပြောင်းသွားတဲ့သူတစ်ယောက်ရဲ ့ကျန်ရစ်ခဲ့သောကိုယ်ခန္ဓာ(အလောင်း)ကို ကျနော်တို့သူ ့ဇာတိ သူ့ဆွေမျိုးများရှိရာ မြစ်ကြီးနားမြို့သို့ ပြန်လည်ပို့ဆောင်ပေးဖို့

အလောင််းကိုနာရေးကားပေါ်တင်၍ မန္တလေးမြို့ကနေ ညသန်းခေါင်ယံ

အချိန်လောက်မှာစတင်ထွက်ခွာခဲ့ပြီး ဖြည်းဖြည်း နဲ့ ပုံမှှန်ပဲဟိုက်ဝေးလမ်းမထက်မှာ မောင်းနှင်လာခဲ့တယ် ကားပေါ်မှာ

ကျနော််ကကားမောင်းပြီး ဘေးကေ့ရှကားကြည့်ဖို့အကိုတစ်ယောက်

ကားအနောက်ခန်းမှာက အသုဘအလောင်း နဲ့ သေဆုံးသူရဲ့အငယ်ဆုံးသားတစ်ယောက် ကျနော်တို့အားလုံးကားပေါ်

မှာစုစုပေါင်း ၄ ယောက်ပေါ့ဗျာ ဒါနဲ့တော်တော်လေးခရီးရောက်လာပြီး

မနက် ၄ နာရီလောက်ရောက်တော့ ကျနော်မျက်လုံးကအိပ်ငိုက်ချင်လာပြီ ဒါနဲ့ဆက်မောင်းလို့မဖြစ်တော့လို့

ကားကိုိလမ်းဘေးချရပ်လိုက််တယ် ကျနော်တို့ေ့ရှကို၄၅မိနစ်လောက်မောင်း်ရင် ထီးချိုင့်တံတားရောက်တော့မယ် အိပ်ချင်လာတာနဲ့ ကားရပ်ပြီးတော့

နောက်ခန်းကဧည့်သည်ကို ကျနော်လှမ်းပြောလိုက်တယ်

” ညီလေး အကိုခဏအိပ်အုန်းမယ််နော် ဒီအချိန်ကငိုက်တက်လို့နော် ”

အဲ့ကောင်လေးကလဲ “ဟုတ်ကဲ့အကိုအိပ်ပါ” ပြောပြီး သူလဲအိပ်ပျော်သွားတယ် ကျနော်ဘေးကတစ်ယောက်ကလဲအိပ်ပျော်နေပီ ဒါနဲ့ ကျနော်လဲ ကားထိုင်ခုံကိုနောက်ကိုလှန်ပြီး နဖူးပေါ်လက်တင်လိုက်တာနဲ့ခဏကြာတော့မှေးခနဲအိပ်ပျော်သွားတယ်

အဲ့ဒီအချိန်လေးအတွင်းမှာပဲ ကျနော်ဘေးကမှန်ကိုလာခေါက်တယ်

“ဒေါက်..ဒေါက်..ဒေါက်..ဆိုသုံးချက်ခေါက်တော့ ကျနော်ဖြတ်ခနဲ့လန့်နှိုးသွားတယ် ကြည့်လိုက်တော့ ဘာမှမတွေ့ရဘူး

ဘေးပတ်ပတ်လည်ကြည့်လိုက်တော့လဲ အားလုံးအိပ်မောကျနေပြီ

ကျနော်လဲစိတ်ထင်လို့နေမာလို့တွေးပြီး ပြန်ပြီးတော့အိပ်ပျော်သွားတယ်

အဲ့ဒီအချိန်မာပဲ လူတစ်ယောက်ရောက်လာတယ်ကျနော်အနားကို သူ့ကိုကြည့်လိုက်တော့ လူပုံစံကသိပ်မသဲကွဲဘူး သူကပြောတယ်

ကောင်လေး ဒီနေရာကနေအမြန်ဆုံးသွားပါ သွားပါကောင်လေး

ဒီနေရာကမကောင်းတဲ့အရာတွေရှိတယ် အမြန်သွားတော့ကောင်လေး

ဆိုပြီး အဲ့လူတစ်ယောက်ကကျနော်ကိုလာပြောနေတယ်…ပြီးတော့ ဘယ်ရောက်သွားလဲမသိဘူး သူမရှိတော့ဘူး ခဏနေတော့

” အစောကလို ကားမှန်ကို ဒေါက်..ဒေါက်..ဒေါက်.. နဲ့သုံးချက်လာ ခေါက်တော့ ” ဖြတ်ခနဲကျနော်လန့်နှိုးသွားပြီ လိုက်ကြည့်တော့လဲဘာမှမရှိဘူး မဖြစ်တော့ဘူး ငါဒီနေရာကနေအမြန်ဆုံးသွားမှဖြစ်တော့မယ်ဆိုပြီး ကားစက်နှိုးပြီးအဲ့နေရာကနေမောင်းထွက်လာခဲ့တယ်…

ကားမောင်းရင်း စိတ်ကအိမ်မက်ထဲမှာလာပြောနေတာတွေကိုိ ပြန်မြင်ယောင်မိ သူပြောတဲ့စကားတွေကိုလဲကြားနေရပြီ

ကျနော် ဆုံးဖြတ်မိတာက ဒါထူးဆန််းတယ် အပြန်ကျသိအောင်လုပ်ရမယ်ဆိုပြီးမောင်းလာခဲ့တယ်…

ကျနော်ရိပ်မိလိုက်တာ တစ်ခုက အဲ့နေရာတစ်ဝိုက်ရောက်တော့

ကားကမောင်းနေရင်းဝိတ်အရမ်းစီးနေတာကိုိပဲ အဲ့နေရာကထွက်ပြီး

အာရုံထဲဲမှာ ဘုရား တရား သံဃာ ရတနာသုံးပါးကိုနှလုံးသွင်းလိုက်တော့ ကားကခုဏာကနဲ့မတူပဲ မောင်းရတာ ပေါ့ပေါ့လေးဖြစ်သွားတယ် အဲ့တစ်ချက်တော့သတိထားမိလိုက်တယ်….

အဲ့ဒီနောက် တစ်မြို့ပြီး တစ်မြို့ဖြတ်မောင်းလာခဲ့တာ

နောက်ဆုံး မြစ်ကြီးနားရောက် ်ကျနော်တို့ကိုစောင့်မျှော်နေကြတဲ့ များပြားသောလူအုပ်ကြီးနဲ ့သေသူ၏မိသားစုဝင်များအိမ်ရောက်တော့ နာရေးကားပေါ်ကနေ အလောင်းကိုချ အသုဘအလောင်းပြင်ကျဆင်ကျ သူတို့ဓလေ့အတိုင်းပေါ့ အားလုံးအဆင်ပြေပြီ ဆိုမှ ကျနော်တို့ သူတို့မိသားစုကိုနှုတ်ဆက်စကားဆိုပြီး ပြန်ထွက်လာခဲ့တယ်…….

ကျနော်စိတ်ထဲမှာ အလာတုန်းကဖြစ်ခဲ့တာနဲ့ပတ်သတ်ပြီးအဖြေရှာဖို့

တွေးနေမိတယ်် ကားမောင်းရင်းနဲ့ ဘေးကသူငယ်ချင်းအကို ကို

အလာတုန််းက ဒီလို ဒီလို ဖြစ်ခဲ့တယ်ဆိုတာပြောပြလိုက်တော့

ဟုတ်လားဟ ငါလဲဲအိပ်ကောင်းနေတာနဲ့မသိလိုက်ဖူးတဲဲ့ အခုမင်းပြောမှငါလဲသိတော့ အင်းတွေးကြည့်လိုက်တော့ ကျတ်သိမ်းထစရာပဲ ကျော်ဇင် ရေတဲ့…. ဟုတ်တယ်အကို ကျနော်အဲ့နားရောက်ရင် တစ်ခုခုတော့သိရလိမ့်မယ်ထင်တယ် လို့ပြောပြီး ဆက်မောင်းလာခဲ့တယ်….

ကျေးဇူးပြု၍ စာဖတ်ရတာအရမ်းရှည်နေမှာစိိုးလို့ ဆက်ပါအုံးမည်…..

(ပထမပိိုင်း)

ကျော်ဇင် (မန္တလေးသား)


Credit  \\  original