Latest Posts
ဘဝကို Single အဖြစ် အချိန်အကြာကြီး ဖြတ်သန်းကြတဲ့ မိန်းကလေးတွေရဲ့ အားသာချက်များ
Unicode
သူငယ်ချင်းတွေက ဟေ့ နင်ခုထိ single လားလို့မေးတိုင်း အားမငယ်ပါနဲ့နော်။ တကယ်တော့ single ဆိုတာ အပူတွေမရှာချင်လို့ အေးအေးဆေးဆေး နေနေကြတဲ့သူတွေပါ။ ကိုယ့်ကိုယ်ကို သူများထက် ပိုချစ်တတ်ပြီး၊ တန်ဖိုးထားတတ်ကြလို့ ဆင်ဂယ်လေးတွေ ဖြစ်နေကြတာပါနော်။ ဒီလိုမျိုး single လေးတွေက ဘဝကို ပိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါတယ်တဲ့။
ကိုယ့်အတွက် အချိန်ပိုပေးနိုင်တယ်
တစ်ချို့သော RS ရှိတဲ့သူတွေက ကိုယ်နေချင်သလို၊ သွားချင်သလို သွားလို့မရပဲ ချစ်သူက ဟိုမသွားရ၊ ဒီမသွားရ၊ အတိုတွေမဝတ်နဲ့ ဆံပင်တိုမညှပ်နဲ့ စသဖြင့် ချစ်သူ့အလိုကို လိုက်ပေးရတတ်ပါတယ်။ Single လေးတွေကတော့ ဘယ်သူ့စကားမှ နားထောင်နေစရာ မလိုသလို ကိုယ်လှတယ်ထင်ရင် ဘာမဆိုဝတ်၊ ဘယ်နေရာမဆို ကိုယ့်စိတ်ကိုယ့်သဘော ဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ပိုပြီးအချိန်ပေးနိုင်တဲ့ ဆင်ဂယ်လေးတွေပါနော်။
စိတ်ဖိစီးမှုတွေ မရှိဘူး
စိတ်ပျိုရင် ကိုယ်နုတယ်တဲ့ ဆင်ဂယ်လေးတွေကတော့ ဘာစိတ်ဖိစီးမှုမှမရှိ ချစ်သူနဲ့ စိတ်ကောက်လို့ စိတ်ညစ်နေရတဲ့ သူတွေလို၊ အချစ်ရေးအဆင်မပြေလို့ ပူပန်နေရတဲ့ သူတွေလိုမျိုး စိတ်ညစ်နေစရာလည်း မလိုပါဘူး။ အရာရာကို အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတဲ့ သူလေးတွေပါ။
ဘဝမှာ ပိုအောင်မြင်တယ်
မိန်းကလေး တော်တော်များများက အိမ်ထောင်ပြုပြီးလို့ သားသမီးတွေ ရသွားကြတဲ့အချိန်မှာ သူတို့ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ ရည်မှန်းချက်တွေဟာ အိမ်ထောင်မှုထိန်းသိမ်းခြင်းဆိုတဲ့အောက်မှာ ရေစုန်မျောသွားကြတာ များပါတယ်။ ဆင်ဂယ်လေးတွေကတော့ ဒါတွေကို ပူစရာမလိုပဲ သူတို့ရဲ့ ဖြစ်ချင်တဲ့အရာတွေကို အကောင်အထည်ဖော်ရင်း ဘဝရဲ့အောင်မြင်ခြင်းမှတ်တိုင်တွေကို တစ်တိုင်ချင်းစိုက်ထူတတ်သူလေးတွေပါ။
သူတို့ရဲ့ တခြား relationship တွေကို ပိုခိုင်မာစေတယ်ဆင်ဂယ်လေးတွေ အတွက်ကတော့ ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်းတွေကသာ သူတို့အတွက် အဓိကဖြစ်ပြီး၊ သူတို့အတွက် အချိန်ပိုပေးတတ်ကြပါတယ်။ ဒီလိုမျိုး မိသားစု၊ သူငယ်ချင်းတွေနဲ့ ရယ်မောပျော်ရွှင်ရတာဟာ သူတို့အတွက် တကယ့်ကို စစ်မှန်တဲ့ ပျော်ရွှင်မှုလို့ သတ်မှတ်ထားသူလေးတွေ ဖြစ်ကြပါတယ်။ မိသားစု၊ သူငယ်ချင်းတွေကို ပိုတန်ဖိုးထားတတ်ပြီး၊ သူတို့အတွက်ဆို အမြဲအဆင်သင့်ဖြစ်နေတတ်ပါတယ်။Credit-aungrsay