Latest Posts

သင့်ကလေးကို အပြုအမူဆိုးသူတစ်ယောက် မဖြစ်စေချင်ရင် ဒီလိုပျိုးထောင်ပါ

လူမႈပတ္၀န္းက်င္တြင္ တစ္ေယာက္နဲ႔တစ္ေယာက္ ဆက္ဆံရာမွာ အျပဳအမူဟာ အေရးပါပါတယ္။ ဒါေၾကာင့္ မိဘေတြအေနနဲ႔ သားသမီးေတြကို အျပဳအမူ၊ အေျပာအဆိုမွာ လိမၼာပါးနပ္ေစဖို႔ ငယ္စဥ္ကတည္းက လမ္းညႊန္ေပးသင့္ပါတယ္။ အခုအခါမွာေတာ့ ကေလးေတြကို အျပဳအမူဆိုးသူေတြအျဖစ္ လူမႈ၀န္းက်င္မွာ အသတ္မွတ္မခံရေလေအာင္ asiaone ကေနတဆင့္ လိုက္နာသင့္တဲ့ အခ်က္အလက္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ကေလးကို ငယ္တုန္းမွာ မျပတ္သြန္သင္ဆံုးမပါ
တစ္ခါတစ္ေလ ကေလးက ေဒါသထြက္္ၿပီး ဆိုးဆိုး၀ါး၀ါးအျပဳအမူေတြျပဳလုပ္တဲ့အခါ သူတို႔ကို ကေလးပဲဆိုၿပီးေတာ့ ဒီအတိုင္း လႊတ္မထားသင့္ပါဘူး။ ဆံုးမသင့္တဲ့အခ်ိန္မွာ ဆံုးမရပါမယ္။ ဒီလိုမွမဟုတ္ပဲ ကေလးကို လႊတ္ထားရင္ ကေလးရဲ႕အျပဳအမူဆိုးကို တစ္ဖက္လွည့္နဲ႔ တြန္းအားေပးရာ ေရာက္ပါတယ္။ ကေလးဟာ အသက္ၾကီးလာတာနဲ႔အမွ် ဒီလိုအျပဳအမူဆိုးေတြကို သြန္သင္ဖို႔လည္း ခက္လာပါလိမ့္မယ္။

ကေလးကို မဖ်က္ဆီးပါနဲ႔
မိဘေတြအေနနဲ႔ ကိုယ့္ကေလး အသက္ၾကီးလာတဲ့အခါ အသံုးတည့္ေစဖို႔ က်န္းမာတဲ့အေလ့အက်င့္ေတြမ်ား ပ်ိဳးေထာင္ေပးေနရဲ႕လားဆိုတာ အစဥ္ ဆန္းစစ္သင့္ပါတယ္။ ဥပမာ ေလးစားမႈရဲ႕တန္ဖိုး၊ စည္းကမ္းတန္ဖိုးနဲ႔ တာ၀န္ယူမႈေတြအေၾကာင္းကို သင္ၾကားေပးတတ္ရပါမယ္။

တစ္ပါးသူေတြကိုလည္း ကိုယ့္ကေလးကို ဆံုးမခြင့္ေပးလိုက္ပါ
အရင္ေခတ္ေတြတုန္းက  ကေလးတစ္ေယာက္ကို မိဘေတြအပါအ၀င္ ဆရာသမားေတြ၊ ေဆြမ်ိဳးနီးစပ္မေတာ္ေပမယ့္ မိသားစုနဲ႔ခင္မင္ရင္းႏွီးၾကတဲ့ လူၾကီးသူမေတြ၊ အသက္အရြယ္ၾကီးသူ အဖိုးအဖြားေတြက ၀ိုင္း၀န္းဆံုးမေလ့ရွိပါတယ္။ ဒါေပမယ့္ ဒီဘက္ေခတ္ေရာက္လာေတာ့ မိခင္အမ်ားစုက သူတို႔ကေလးကို သူမ်ားက ေစတနာနဲ႔ ေျပာဆိုဆံုးမတာေတာင္ မၾကိဳက္ခ်င္ၾကေတာ့ပါဘူး။ ဒါေၾကာင့္ မိခင္ေတြအေနနဲ႔ ကိုယ့္သားသမီးရဲ႕ အျပဳအမူက မွားေနလို႔ သူမ်ားက ၀င္ေထာက္ျပေပးရင္ နားလည္လက္ခံႏိုင္ဖုိ႔ လိုပါတယ္။

ကေလးငိုမွာ ေၾကာက္မေနပါနဲ႔
တကယ္လို႔ သင့္ကေလးက တစ္ခုခုလိုခ်င္တယ္လို႔ဆိုတိုင္း သူလိုခ်င္တာမွန္သမွ် အကုန္ ျဖည့္ဆည္းေပးေနတယ္ဆိုရင္ ေရရွည္မွာ ကေလးအတြက္ မေကာင္းႏိုင္ပါဘူး။ ကေလးက သူငိုတာ၊ ပစၥည္းေတြပစ္ေပါက္တာ၊ ေပါက္ကြဲျပတာနဲ႔ မိဘေတြက သူအလုိရွိရာကို ယူေဆာင္ေပးတယ္ဆိုတဲ့ တလြဲစိတ္၀င္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ မိဘေတြအေနနဲ႔ ကေလးေတြကို သူတို႔မရသင့္တဲ့ အခြင့္အေရးမ်ိဳး မေပးသင့္ပါဘူး။ လိုခ်င္တာနဲ႔ လိုအပ္တာကို ခြဲျခားနားလည္ေအာင္ ကေလးေတြကို သင္ေပးသင့္ပါတယ္။

ျဖတ္လမ္းနည္းေတြ မေပးပါနဲ႔
မိဘတိုင္းဟာ သားသမီးေတြရဲ႕ ဘ၀ကို အျမဲတမ္းလြယ္ကူေခ်ာေမြ႔ေစလိုၾကတာခ်ည္းပါ။ ဒါေပမယ့္ ေငြရဖုိ႔ ေအာင္ျမင္မႈရဖို႔ တစ္ခုလည္းနဲ႔ ဘယ္ေတာ့မွ ျဖတ္လမ္းနည္းေတြ မေပးမိေအာင္ ဆင္ျခင္သင့္ပါတယ္။ ကေလးေတြကို စိတ္ရွည္္သည္းခံဖို႔၊ အလုပ္တစ္ခုမွာ အျမဲတမ္းဇြဲထားၿပီးလုပ္ကိုင္ဖို႔ သင္ေပးရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ယခုေခတ္ေပၚ ဆက္သြယ္ေရးနဲ႔ အပန္းေျဖရာမွာ အသံုးျပဳတဲ့ တီဗီ၊ ဖုန္းေတြ ကြန္ျပဴတာေတြ မရွိပဲလည္း ေပ်ာ္ရႊင္မႈရေအာင္ ရွာတတ္ဖို႔ သင္ေပးရမွာ ျဖစ္ပါတယ္။ လုပ္အားတန္ဖိုးကို နားလည္ေစဖို႔အတြက္ အိမ္မွာ အကူေတြရွိေနတာေတာင္ ကေလးကို အိမ္အလုပ္ေတြလုပ္တတ္ေအာင္ မိဘေတြက သင္ေပးထားသင့္ေၾကာင္း ေဖာ္ျပေပးလိုက္ပါတယ္။Credit-လင္းလင္း (ShweMom)
Unicode
လူမှုပတ်ဝန်းကျင်တွင် တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရာမှာ အပြုအမူဟာ အရေးပါပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးတွေကို အပြုအမူ၊ အပြောအဆိုမှာ လိမ္မာပါးနပ်စေဖို့ ငယ်စဉ်ကတည်းက လမ်းညွှန်ပေးသင့်ပါတယ်။ အခုအခါမှာတော့ ကလေးတွေကို အပြုအမူဆိုးသူတွေအဖြစ် လူမှုဝန်းကျင်မှာ အသတ်မှတ်မခံရလေအောင် asiaone ကနေတဆင့် လိုက်နာသင့်တဲ့ အချက်အလက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကလေးကို ငယ်တုန်းမှာ မပြတ်သွန်သင်ဆုံးမပါ

တစ်ခါတစ်လေ ကလေးက ဒေါသထွက်ပြီး ဆိုးဆိုးဝါးဝါးအပြုအမူတွေပြုလုပ်တဲ့အခါ သူတို့ကို ကလေးပဲဆိုပြီးတော့ ဒီအတိုင်း လွှတ်မထားသင့်ပါဘူး။ ဆုံးမသင့်တဲ့အချိန်မှာ ဆုံးမရပါမယ်။ ဒီလိုမှမဟုတ်ပဲ ကလေးကို လွှတ်ထားရင် ကလေးရဲ့အပြုအမူဆိုးကို တစ်ဖက်လှည့်နဲ့ တွန်းအားပေးရာ ရောက်ပါတယ်။ ကလေးဟာ အသက်ကြီးလာတာနဲ့အမျှ ဒီလိုအပြုအမူဆိုးတွေကို သွန်သင်ဖို့လည်း ခက်လာပါလိမ့်မယ်။

ကလေးကို မဖျက်ဆီးပါနဲ့

မိဘတွေအနေနဲ့ ကိုယ့်ကလေး အသက်ကြီးလာတဲ့အခါ အသုံးတည့်စေဖို့ ကျန်းမာတဲ့အလေ့အကျင့်တွေများ ပျိုးထောင်ပေးနေရဲ့လားဆိုတာ အစဉ် ဆန်းစစ်သင့်ပါတယ်။ ဥပမာ လေးစားမှုရဲ့တန်ဖိုး၊ စည်းကမ်းတန်ဖိုးနဲ့ တာဝန်ယူမှုတွေအကြောင်းကို သင်ကြားပေးတတ်ရပါမယ်။

တစ်ပါးသူတွေကိုလည်း ကိုယ့်ကလေးကို ဆုံးမခွင့်ပေးလိုက်ပါ

အရင်ခေတ်တွေတုန်းက  ကလေးတစ်ယောက်ကို မိဘတွေအပါအဝင် ဆရာသမားတွေ၊ ဆွေမျိုးနီးစပ်မတော်ပေမယ့် မိသားစုနဲ့ခင်မင်ရင်းနှီးကြတဲ့ လူကြီးသူမတွေ၊ အသက်အရွယ်ကြီးသူ အဖိုးအဖွားတွေက ဝိုင်းဝန်းဆုံးမလေ့ရှိပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်ရောက်လာတော့ မိခင်အများစုက သူတို့ကလေးကို သူများက စေတနာနဲ့ ပြောဆိုဆုံးမတာတောင် မကြိုက်ချင်ကြတော့ပါဘူး။ ဒါကြောင့် မိခင်တွေအနေနဲ့ ကိုယ့်သားသမီးရဲ့ အပြုအမူက မှားနေလို့ သူများက ဝင်ထောက်ပြပေးရင် နားလည်လက်ခံနိုင်ဖို့ လိုပါတယ်။

ကလေးငိုမှာ ကြောက်မနေပါနဲ့

တကယ်လို့ သင့်ကလေးက တစ်ခုခုလိုချင်တယ်လို့ဆိုတိုင်း သူလိုချင်တာမှန်သမျှ အကုန် ဖြည့်ဆည်းပေးနေတယ်ဆိုရင် ရေရှည်မှာ ကလေးအတွက် မကောင်းနိုင်ပါဘူး။ ကလေးက သူငိုတာ၊ ပစ္စည်းတွေပစ်ပေါက်တာ၊ ပေါက်ကွဲပြတာနဲ့ မိဘတွေက သူအလိုရှိရာကို ယူဆောင်ပေးတယ်ဆိုတဲ့ တလွဲစိတ်ဝင်သွားနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို သူတို့မရသင့်တဲ့ အခွင့်အရေးမျိုး မပေးသင့်ပါဘူး။ လိုချင်တာနဲ့ လိုအပ်တာကို ခွဲခြားနားလည်အောင် ကလေးတွေကို သင်ပေးသင့်ပါတယ်။

ဖြတ်လမ်းနည်းတွေ မပေးပါနဲ့

မိဘတိုင်းဟာ သားသမီးတွေရဲ့ ဘဝကို အမြဲတမ်းလွယ်ကူချောမွေ့စေလိုကြတာချည်းပါ။ ဒါပေမယ့် ငွေရဖို့ အောင်မြင်မှုရဖို့ တစ်ခုလည်းနဲ့ ဘယ်တော့မှ ဖြတ်လမ်းနည်းတွေ မပေးမိအောင် ဆင်ခြင်သင့်ပါတယ်။ ကလေးတွေကို စိတ်ရှည်သည်းခံဖို့၊ အလုပ်တစ်ခုမှာ အမြဲတမ်းဇွဲထားပြီးလုပ်ကိုင်ဖို့ သင်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုခေတ်ပေါ် ဆက်သွယ်ရေးနဲ့ အပန်းဖြေရာမှာ အသုံးပြုတဲ့ တီဗီ၊ ဖုန်းတွေ ကွန်ပြူတာတွေ မရှိပဲလည်း ပျော်ရွှင်မှုရအောင် ရှာတတ်ဖို့ သင်ပေးရမှာ ဖြစ်ပါတယ်။ လုပ်အားတန်ဖိုးကို နားလည်စေဖို့အတွက် အိမ်မှာ အကူတွေရှိနေတာတောင် ကလေးကို အိမ်အလုပ်တွေလုပ်တတ်အောင် မိဘတွေက သင်ပေးထားသင့်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။Credit-လင်းလင်း (ShweMom)