အိပ်ရေးပျက်ခြင်းက ဦးနှောက်အတွင်းက ဆဲလ်များ ပျက်စီးစေနိုင်ကြောင်း တွေ့ရှိ
Unicode
အိပ်ရေးမဝခြင်း၊ လုံလုံလောက်လောက်အိပ်စက်ချိန်မရှိတဲ့ လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ ပျက်စီးနိုင်ကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြတာပါ။ အိပ်ရေးမဝခြင်းက ဦးနှောက်အတွင်းမှာ ရှိတဲ့ ဦးနှောက် သန့်ရှင်းမှုအလုပ်ကို ထိပါးစေပါတယ်။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဆဲလ်တချို့ပျက်စီးမှုတွေလည်း ဖြစ်လာမှာပါ။
ဦးနှောက်ကို့ပုံမှန်လည်ပတ်ဖို့အတွက် အလုပ်လုပ်ပေးတဲ့ ဆဲလ်တစ်မျိုးရှိပါတယ်။ အဆိုပါ ဆဲလ်များဟာ ဦးနှောက်တစ်လုံးကို ပုံမှန်လည်ပတ်စေဖို့အတွက် အရေးကြီးတဲ့ နေရာက လုပ်ပေးရတဲ့ ဆဲလ်တွေပါ။ ဦးနှောက်အတွင်းမှာ ရှိတဲ့ အမှိုက်သရိုက်တွေ၊ အညစ်အကြေးတွေကိုလည်း ဒီဆဲလ်တွေက ရှင်းလင်းပေးပါတယ်။
ဦးနှောက်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ဆဲလ်တွေပါ။ အခု လေ့လာတွေ့ရှိချက်အသစ်အရ လူတစ်ယောက်အိပ်ရေးမဝတာ၊ အိပ်ရေးပျက်တာတွေ ဖြစ်လာရင် အဆိုပါ ဆဲလ်တွေဟာ ပုံစံတစ်မျိုးအဖြစ် အသွင်းပြောင်းလဲသွားပြီး တခြား ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် ဦးနှောက်အတွင်းက ဆဲလ်တွေကို ဖျက်စီးပစ်လိုက်ပါတယ်။ ဒီလိုဆဲလ်တွေဖျက်စီးပစ်လိုက်တာကြောင့် ဦးနှောက်ဟာ ပုံမှန်အလုပ်ကို လုပ်ဆောင်ခြင်းမရှိတော့ဘဲ တခြားယိုယွင်းပျက်စီးမှုတွေလည်း ဖြစ်လာနိုင်တာပါ။
သိပ္ပံပညာရှင်များဖြစ်တဲ့ Michele Bellesi၊ Luisa De Vivo၊ Mattia Chini နဲ့ Chiara Chirelli တို့ရဲ့ လေ့လာတွေ့ရှိချက်တွေ အရ ဦးနှောက်ကို့ပုံမှန်လည်ပတ်ဖို့အတွက် အလုပ်လုပ်ပေးတဲ့ ဆဲလ်တစ်မျိုးမှာ အမျိုးအစားနှစ်ခုရှိပါတယ်။ တစ်မျိုးကတော့ ဦးနှောက်အတွင်းပိုင်းမှာ ရှိတဲ့ အာရုံကြောတွေအတွက် ဥယျာဉ်မှူးတစ်ယောက်လို ဦးနှောက်အတွင်းပိုင်းမှာရှိတဲ့ ဆဲလ်တွေ၊ လုပ်ဆောင်ချက်တွေကို လုပ်ပေးပြီး တစ်မျိုးကတော့ ဦးနှောက်အတွင်းပိုင်းမှာ ရှိတဲ့ အညစ်အကြေးတွေ၊ အမှိုက်သရိုက်တွေကို ရှင်းလင်းပေးတဲ့ အလုပ်ကို လုပ်တာပါ။
အရင်ကတော့ အိပ်ရေးပျက်တာကြောင့် ဦးနှောက်အတွင်းက ဆဲလ်တွေ သေတယ်လို့သာ သိခဲ့ပေမယ့် အခုလေ့လာတွေ့ရှိချက်အသစ်အရ ဆဲလ်တွေ သေရတဲ့ အကြောင်းအရင်းကို သိရှိခဲ့ကြောင်း BigThink အွန်လိုင်း ဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့တာပါ။ အခု လေ့လာချက်အရအိပ်ရေးမဝတာတွေကြောင့် ဦးနှောက်အတွင်းမှာ ရှိတဲ့ ဆဲလ်တွေဟာ အချင်းချင်း ပြန်လည် ဖျက်စီးပစ်တယ်လို့ သိရပါတယ်။Credit-YYK