Latest Posts

တရားမဝင္ နိုင္ငံျခားအရက္ ၉၀၈ ဖာ ႏွင့္ ေဆးျပင္းလိပ္ ၇ဖာ ေပါင္း ၉၁၅ ဖာ သိမ္းဆည္းရမိ

လွိုင္သာယာၿမိဳ့နယ္ အလယ္ေက်းရြာ ေရႊလင္ပန္းစက္မွုဇုံ ရွိWEI WANG ပဲငံျပာရည္စက္႐ုံအတြင္း ၁၂ဘီးယာဥ္ေပၚ၌ ေအာက္တိုဘာလ ၃၀-၃၁ ရက္ေန႔တို့က နိုင္ငံျခားျဖစ္အရက္ ပါကင္မ်ား သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

ေအာက္တိုဘာ ၃၀ ရက္ေန က အဆိုပါစက္႐ုံတြင္ နိုင္ငံျခားအရက္မ်ားသိုေလွာင္ေနေၾကာင္းသတင္းအရ လွိုင္သာယာၿမိဳ့နယ္ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ ဦး၀င္းမင္း အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးေအးဗိုလ္ တိုင္းေဒသႀကီး ၂ လႊတ္ေတာ္ကိုယ္စားလွယ္ဦးျမတ္မင္းသူ ၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွူးဦးေက်ာ္ေဆြ ၿမိဳ့နယ္ရဲတပ္ဖြဲ႕မွူးရဲမွူးခင္ေဇာ္ နင့္ တာဝန္ရွိသူမ်ားမွ စစ္ေဆးရွာေဖြခဲ့ရာ စက္႐ုံအတြင္းရပ္ထားသည့္ ၁၂ဘီးယာဥ္ေပၚမွ နိုင္ငံျခားျဖစ္အရက္ပါကင္ ၈၀၀ ေက်ာ္ခန႔္အား စက္ရိုဂိုေထာင္အတြင္းထည့္သြင္းေနသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း တာ၀န္ရွိသူတစ္ဦးမွ ေျပာၾကားသည္။

ဆက္လက္၍ အေကာက္ခြန္ဦးစီးဌာန လွုပ္ရွားစစ္ေဆးေရးအဖြဲ႕မွ ဒုညႊန္မွူးဦးသန႔္ဇင္ထြန္းႏွင့္အဖြဲ႕ေရာက္စစ္ေဆးခဲ့ရာ ခန႔္မွန္းအရက္မ်ိဳးစုံ ၉၀၈ ဖာ ေဆးျပင္းလိပ္ ၇ ဖာ စုစုေပါင္း ၉၁၅ ဖာ စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိမ္းဆည္းရရွိသည့္ တရားမဝင္နိုင္ငံျခားအရက္မ်ားႏွင့္ ေဆးလိပ္ သယ္ေဆာင္သိုေလွာင္လက္ဝယ္ထားရွိမွုႏွင့္ ပတ္သက္၍ ဥပေဒႏွင့္အညီ အေရးယူနိုင္ေရး စစ္ေဆး ေဆာင္ရြက္လၽွက္ရွိေၾကာင္း သတင္းရရွိသည္။Credit-aungparsay
Unicode
လှိုင်သာယာမြို့နယ် အလယ်ကျေးရွာ ရွှေလင်ပန်းစက်မှုဇုံ ရှိWEI WANG ပဲငံပြာရည်စက်ရုံအတွင်း ၁၂ဘီးယာဉ်ပေါ်၌ အောက်တိုဘာလ ၃၀-၃၁ ရက်နေ့တို့က နိုင်ငံခြားဖြစ်အရက် ပါကင်များ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၃၀ ရက်နေ က အဆိုပါစက်ရုံတွင် နိုင်ငံခြားအရက်များသိုလှောင်နေကြောင်းသတင်းအရ လှိုင်သာယာမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအေးဗိုလ် တိုင်းဒေသကြီး ၂ လွှတ်တော်ကိုယ်စားလှယ်ဦးမြတ်မင်းသူ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဆွေ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးခင်ဇော် နင့် တာဝန်ရှိသူများမှ စစ်ဆေးရှာဖွေခဲ့ရာ စက်ရုံအတွင်းရပ်ထားသည့် ၁၂ဘီးယာဉ်ပေါ်မှ နိုင်ငံခြားဖြစ်အရက်ပါကင် ၈၀၀ ကျော်ခန့်အား စက်ရိုဂိုထောင်အတွင်းထည့်သွင်းနေသည်ကို တွေ့ရှိခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
ဆက်လက်၍ အကောက်ခွန်ဦးစီးဌာန လှုပ်ရှားစစ်ဆေးရေးအဖွဲ့မှ ဒုညွှန်မှူးဦးသန့်ဇင်ထွန်းနှင့်အဖွဲ့ရောက်စစ်ဆေးခဲ့ရာ ခန့်မှန်းအရက်မျိုးစုံ ၉၀၈ ဖာ ဆေးပြင်းလိပ် ၇ ဖာ စုစုပေါင်း ၉၁၅ ဖာ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သိမ်းဆည်းရရှိသည့် တရားမဝင်နိုင်ငံခြားအရက်များနှင့် ဆေးလိပ် သယ်ဆောင်သိုလှောင်လက်ဝယ်ထားရှိမှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။Credit-aungparsay