Latest Posts

အသည်းရောဂါကြောင့် နောက်ဆုံးအခြေနေရောက်နေရာမှ ပြန်ကောင်းလာသူပြောပြသော ကိုယ်တွေ့ဖြစ်ရပ် အသည်းရောဂါရှင်များ ဖတ်ဖြစ်အောင်ဖတ်ပါ

အသည္းေရာဂါႏွင့္ ေသမလိုျဖစ္ေနရာမွ ျပန္ေကာင္းလာသူေျပာျပေသာ ကိုယ္ေတြ႕ျဖစ္ရပ္(အသည္းေရာဂါရွင္မ်ား ဖတ္ျဖစ္ေအာင္ဖတ္ပါ )

ဒီဘက္ႏွစ္ေတြမွာ အသည္း ေရာဂါ နဲ႔ ပတ္သက္လုိ႔ အသံေတြ က်ယ္က်ယ္ေလာင္ေလာင္ ၾကားလာ ရတယ္။ ဘီပိုး၊ စီပိုးနဲ႔ အသည္းေျခာက္တာတဲ့။ ခႏၶာရွိရင္ ေရာဂါရွိမယ္ဆုိတာ သိပါတယ္။ အရင္ တုန္းကေတာ့ အရက္ေသာက္ရင္ အသည္း ေရာဂါ ျဖစ္တတ္တယ္လုိ႔ ၾကားဖူးပါတယ္။ အခု ဒီ ေရာဂါ ေတြက အျဖစ္မ်ားလြန္း လာၿပီး အရက္၊ ကြမ္း၊ ေဆးလိပ္ေတြနဲ႔ ဘာမွမပတ္သက္ ဘာမွမေသာက္ စားတဲ့သူေတြ လည္း ျဖစ္လာကုန္ၾကတယ္။ ျဖစ္ၿပီးရင္လဲ အမ်ားစုက အသက္ဆံုးပါးၾကရတယ္။ ဒါကို မစဥ္းစားပဲ မေန သင့္ေတာ့ ဘူး။

ကၽြန္ေတာ္ ဆရာဝန္ မဟုတ္ပါဘူး။ စာေရးဆရာလဲ မဟုတ္ပါဘူး။ ကၽြန္ေတာ္ ဒီေရာဂါကို မလိုခ်င္ဘဲ လက္ခံလုိက္ရတဲ့ သူပါ။ ကၽြန္ေတာ့္ရဲ႕အေတြးအေခၚနဲ႔ ကၽြန္ေတာ့္ရဲ႕စိတ္ခံစားခ်က္ေတြကို မွ်ေဝယံု သက္သက္ျဖင့္ သာ ေရးသားလုိက္ျခင္း ျဖစ္ပါတယ္။

ကၽြန္ေတာ္ လြန္ခဲ့တဲ့ ၂၀၀၇ ခုႏွစ္ေလာက္မွာ ေျခေထာက္ေတြ စေရာင္လာပါတယ္။ ဒါနဲ႔ပဲ ညီ အစ္ကိုလိုေန တဲ့ ဆရာဝန္ဆီကို သြားၿပီးျပပါတယ္။ ဒီ ဆရာဝန္က ဂ႐ုစုိက္ၾကည့္ၿပီး X-ray, Ultrasound နဲ႔ လိုအပ္ တဲ့ ေသြးစစ္ေဆးျခင္းတုိ႔ကို စစ္ခုိင္းလုိက္ပါတယ္။ စစ္ေဆးခ်က္ေတြကို ျပန္ ၿပီးေတာ့ အားလံုးေကာင္း ပါတယ္ဆိုၿပီး လိုအပ္တဲ့ ေရာဂါ ေတြေပးလုိက္ပါတယ္။ ဒီလိုနဲ႔ပဲ ေျခေထာက္ေတြက ေရာင္လုိက္၊ က်လုိက္ နဲ႔ ေနခဲ့တာ (၂၀၁၀) ေရာက္ေတာ့စၿပီး ေခါင္းေတြအၿမဲ မူးၿပီး၊ မလႈပ္ခ်င္ မကုိင္ခ်င္ ျဖစ္လာတာပါပဲ။ ဒီတစ္ခါေတာ့ စစ္စရာ ရွိတာေတြ အကုန္ျပန္စစ္ၿပီးမွ အရင္ဆရာဝန္ဆီ ျပန္သြားပါတယ္။ ဆရာကလည္း ၾကည့္ၿပီးေတာ့ ေကာင္း ပါတယ္။ ဒါေပမယ့္ ပို ေသခ်ာေအာင္ဆိုၿပီး အထူးကုဆရာဝန္မႀကီးဆီကို လႊတ္လုိက္ ပါတယ္။

ဆရာဝန္မႀကီးဆီေရာက္ ေတာ့ ေဆး႐ံု တက္ပါဆိုၿပီး အဲဒီေန႔မွာပဲ ကၽြန္ေတာ့္ ကို ေဆး႐ံုတင္လုိက္ပါေတာ့တယ္။ ဆရာဝန္မ ႀကီးနဲ႔ ဆရာမေတြလဲ အစြမ္းကုန္ ကုသၾကပါ တယ္။ ႏွလံုး သိပ္မေကာင္းဘူးလုိ႔ ေျပာပါတယ္။ကၽြန္ေတာ္ နည္းနည္းသက္သာတာနဲ႔ ျပန္ဆင္းလာခဲ့တယ္။ ၂၀၁၁ မွာ မသကၤာ လုိ႔ ေဆး႐ံု တစ္ခါ ျပန္တက္ရတယ္။ ဒီတစ္ႀကိမ္မွာ စစ္ၾကည့္ေတာ့မွ (C) positive တဲ့။ ကၽြန္ေတာ္ ဒီေလာက္ၾကာ ေအာင္ ဒုကၡျဖစ္ၿပီး ခံစားေန ခဲ့ရတာက ဘီပိုးနဲ႔ စီပိုးကို မစစ္ခဲ့ရလို႔ပါပဲ

ကၽြန္ေတာ္ အႀကံေပးပါရေစ။ ဘာမွမျဖစ္ေသးလဲ ဘီပိုး နဲ႔ စီပိုး ကိုေတာ့ စစ္ဖို႔ လံုးဝမေမ့ပါနဲ႔၊ မပ်င္းပါ နဲ႔၊ မေၾကာက္ ပါနဲ႔။ ေမ့လုိက္ ပ်င္းလုိက္ ေၾကာက္လုိက္မိရင္ မျဖစ္ရင္ေတာ့ ေကာင္းတာေပါ့။ ျဖစ္ လုိက္လုိ႔ ကေတာ့ ေငြကုန္မယ္၊ လူနာမယ္၊ ကံဆိုးရင္ အသက္ပါေပးလုိက္ရလိမ့္မည္။ ဘီပိုးက ကာ ကြယ္ေဆး ထိုးလုိ႔ရပါတယ္။ ထိုးျဖစ္ေအာင္ ထိုးပါ။ စီပိုးကေတာ့ အေနအထိုင္နဲ႔ ကာကြယ္ရမွာပါ။

ကၽြန္ေတာ့္မွာ (C) Positive ဆိုေတာ့ ေၾကာက္သြားတာေပါ့။ စိတ္ဓာတ္လဲ က်သြားတယ္။ မၾကာခင္ ပဲ ေသေတာ့မယ္ လို႔ထင္တာေပါ့။ ေၾကာက္ေတာ့ လူတကာေလွ်ာက္ေမးျဖစ္တာေပါ့။ အဲဒီမွာ အသည္း ဆိုတာ အသည္းအထူးကုနဲ႔ပဲ ကုသင့္တယ္ဆိုလို႔ အသည္းအထူးကုရွိတဲ့ ေနာက္ေဆး႐ံု တစ္႐ံု ကို ေျပးခဲ့ရပါေတာ့တယ္။

ကၽြန္ေတာ့္မွာ ဒုတိယေဆး႐ံုကိုေရာက္ေတာ့ အထူးကုဆရာဝန္ႀကီးက ေဆး႐ံုတက္စရာမလိုဘူး။ ပိုးသတ္ေဆး (အင္တာဖရြန္) ထိုးမယ္ အသည္းအားေဆး စားထားဆိုၿပီး ေဆးေတြေပးပါတယ္။ ေနာက္ (၁၀) ရက္ ခြာခ်ိန္းၿပီး ျပန္လႊတ္လုိက္တယ္။ သူငယ္ခ်င္း D Bio နဲ႔ Eco ေအာင္ႀကီးတို႔ မိတ္ ဆက္ေပးလုိ႔လား မသိဘူး။ အေတာ္ ဆက္ဆံေရးေကာင္းတာပဲ။ တစ္လေလာက္ၾကာေတာ့မွ စထိုး ပါၿပီဗ်ာ။ ပိုးသတ္ေဆး (အင္တာဖရြန္)။ အေျပာမ်ားသေလာက္ အခံရမဆိုးပါလားလို႔ ထင္ၿပီး ေအး ေအးေဆးေဆး ဘဲ ျပန္လာခဲ့တယ္။ တစ္ပတ္ကို တစ္လံုးထိုးရမွာတဲ့။ တစ္လံုး ႏွစ္လံုးခံႏုိင္ပါေသး တယ္။ ညအိပ္မရတာနဲ႔ အစားမစားခ်င္ တာကေတာ့ ဆိုးတယ္။ သံုးလံုးမွာ မခံႏုိင္ေတာ့ဘူး။ ေလး လံုးထိုးမဲ့ေန႔မွာ ခႏၶာကုိယ္အျပင္ စိတ္ပါ မခံႏုိင္ေတာ့လုိ႔ ကၽြန္ေတာ္စိတ္ကို မထိန္းလုိက္ႏုိင္ဘဲ ေၾကာင္ၿပီး ကေယာင္ေခ်ာက္ ခ်ားေတြ ေလွ်ာက္ေျပာပါေတာ့တယ္။



အဲဒီေန႔မွာဘဲ ေဆး႐ံုကိုေရာက္ ေတာ့ ဆရာဝန္ႀကီး ကို ေျပာျပလုိက္တာ ေဆး႐ံုတက္ခုိင္းၿပီး ကၽြန္ေတာ့္ကို ဆရာဝန္ႀကီး လာကို မၾကည့္ေတာ့တာ ပါဘဲ။ ႏွစ္ရက္ေလာက္ေနေတာ့ ကၽြန္ေတာ့္မိသားစုကိုေခၚၿပီး ကုလုိ႔မရႏုိင္ေတာ့ ဘူး။ ဒီေတာင္ က ေက်ာ္ႏိုင္ မွာ မဟုတ္ေတာ့ဘူး။ အသည္းေျခာက္တာလြန္ေနၿပီလို႔ ေျပာပါေတာ့တယ္။ ကၽြန္ေတာ့္ အသည္း မာသြားခဲ့ၿပီေပါ့။

ေနာက္တစ္ရက္ သြင္းေနတဲ့ေဆးေတြ အကုန္ရပ္ အိမ္ ကို ျပန္လာခဲ့ၾကရပါတယ္။ ကၽြန္ေတာ္ကေတာ့ ဘာမွ မသိဘူး။ အိမ္ေရာက္ေတာ့ လူနာလာေမးတဲ့ သူေတြကေတာ့ မ်ားတယ္လုိ႔ေတာ့ ထင္သား။ အဲဒီထဲ မွာ ႏွစ္ေယာက္ရဲ႕စကားေတြက သိသင့္ေနၿပီ။ ပထဝီဦးကိုကို က ငါ့ညီ မင္းတာဝန္ေက်ခဲ့ပါတယ္ကြာတဲ့။ လက္ကို ဆြဲၿပီး ႏႈတ္ဆက္တယ္။ ေနာက္ တစ္ေယာက္က အစ္မ ေဒၚခင္ေဌး (အေရွ႕တုိင္းဇာတ္) ငါ့ေမာင္ ၾသစေၾတးလ် မွာ ဆရာေတာ္ေဟာ တဲ့ ေခြေလးဖြင့္ၿပီး တရားေလးမွတ္ေနပါတဲ့။ သူတို႔ ကၽြန္ေတာ့္ကို သတ္မွတ္ လိုက္ၾကၿပီေပါ့။

အဲဒီအခ်ိန္မွာ ကိုခ်စ္စရာ (လူရႊင္ေတာ္)က ထုိင္းကိုသြားဖုိ႔ အႀကံေပးခ်ိန္ မိသားစုကလည္း ထုိင္းမွာ ကုဖို႔ အားသန္ၾကေတာ့ ကၽြန္ေတာ္ ဘန္ေကာက္ေဆး႐ံုႀကီးကို ကၽြန္ေတာ့္အမ်ဳိးသမီးနဲ႔ တပည့္ ခင္ေမာင္တင့္တို႔ အကူအညီ နဲ႔ ေရာက္ခဲ့ရပါတယ္။ ကၽြန္ေတာ္ သူတစ္ပါးတုိင္းျပည္ကို ေရာက္လုိ႔ ျပင္ပအသြင္သ႑ာန္ေတြ တိုးတက္ လြန္းေတာ့ ကုသေရးမွာ အားကိုးမိတာ ဝန္ခံပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ့္ကို ျမန္မာႏုိင္ငံက ဆရာဝန္ႀကီး မ်ား ေပးတဲ့ေဆး ဆက္ေသာက္ပါတဲ့။ အသည္းလဲဖုိ႔ လုိသလားလို႔ေမးေတာ့ အသည္းသာ A, B, C အဆင့္ေတြ ရွိတဲ့အထဲမွာ B နဲ႔ C ၾကားအဆင့္မွာ ေရာက္ေနပါတယ္တဲ့။ အခုမလဲပါနဲ႔အံုး လိုအပ္လုိ႔ လဲရင္ လည္း ထုိင္းကိုမလာခဲ့ပါနဲ႔ အဲဒီမွာက ထုိင္း လူမ်ဳိးျခင္းသာ ဖလွယ္ေပးတာပါတဲ့ဗ်ာ။ ကၽြန္ေတာ္ ဘာမွ မလုပ္ရဘဲ စစ္ေဆး႐ံုနဲ႔ ဘဲ ေအာင္ျမင္စြာ ျပည္ေတာ္ျပန္ခဲ့ရပါတယ္။

ကၽြန္ေတာ္ ဘာလုပ္ရမွန္းမသိဘဲ အိမ္မွာ အသည္းအားေဆးေလးစားၿပီး နားေနတုန္း ေတြ႕ပါၿပီ။ အသည္းေရာဂါ အေၾကာင္း စာအုပ္ေတြေရးေနလုိ႔ လူသိမ်ားေနတဲ့ သူငယ္ခ်င္း အသည္းဆရာဝန္။ သူငယ္ခ်င္း မွ ငယ္သူငယ္ခ်င္းဗ်။ ေဒသေကာလိပ္မွာ တစ္ႏွစ္ထဲ အတူတက္ခဲ့တာ။ အားရွိသြားတာ ေပါ့။

သူငယ္ခ်င္း ကုိယ္ ကုေပးပါမယ္ဆိုၿပီး တစ္လေလာက္ကုလုိက္တာ တစ္ေန႔မွာေတာ့ သူငယ္ခ်င္း မေျပာရင္ လည္းကုိယ့္အျပစ္ျဖစ္မွာစိုးလို႔ မင္းကို ကုလို႔မရႏုိင္ေတာ့ဘူးလုိ႔ ေျပာခ်င္တာ ၾကားလုိက္ ရပါတယ္။ အသည္း လဲလုိက္ရင္ေတာ့ ရႏုိင္ေသးတယ္တဲ့။ ကၽြန္ေတာ္ စိတ္တင္းၿပီးေတာ့ ငါ ဘယ္ ေလာက္ေန ရအံုးမလဲကြာလို႔ ေမးေတာ့ ဒါလည္း မေျပာႏုိင္ဘူး။ မင္း အခု ေသြးအံရင္ အခုသြား ေတာ့မွာတဲ့ ကၽြန္ေတာ္ ဘာမွ မသိေတာ့ပါ။ ကၽြန္ေတာ္အိမ္ကို ဘယ္လိုျပန္ေရာက္မွန္း မသိလုိက္ ေတာ့ပါ။

အဲဒီအခ်ိန္ကစၿပီး အိပ္ယာေပၚ မွာ အခ်ိန္ျပည့္ စိတ္ဖိစီးမႈနဲ႔အတူ ေနရပါေတာ့တယ္။ ကၽြန္ေတာ့္စိတ္ထဲမွာ ဘဝကို ဘယ္လို ကူးမလဲ ဆုိတာကလြဲလုိ႔ ဘာမွမရွိေတာ့ပါ။ အိႏၵိယက (Apolo) ေဆး႐ံုက Mr. ဂုတ္တား ဆိုတဲ့ ဆရာဝန္ႀကီး လာလို႔ တစ္ခါျပလုိက္ပါေသးတယ္။ အသည္း ကို ရက္ပုိင္းအတြင္း အျမန္ဆံုး လဲပါတဲ့။ (CT) ႐ုိက္ၾကည့္ လုိက္ေတာ့ “Cirrhosis of Liver Portal Hypertension” တဲ့ အသည္းေျခာက္လို႔ Portal Vein ဆိုတဲ့ အသည္း ကိုသြားတဲ့ အေၾကာႀကီးပိတ္ ၿပီးေတာ့ ေရာင္ေနပါၿပီ။

ကၽြန္ေတာ္ ဘာလုပ္ရမလဲ မသိေတာ့ပါ။ ကၽြန္ေတာ့္အိမ္က မိသားစုလည္း ေငြကုန္၊ လူပန္း၊ ဘာလုပ္ရမွန္း မသိၾကေတာ့ ပါ။ ဒါေပမယ့္ သူတို႔ေစတနာ၊ သူတို႔ေမတၱာက အိႏၵိယကိုသြားၿပီး အသည္းလဲေပး ခ်င္ေသးတယ္။ ဒါေပမဲ့ အဲဒီလုပ္ငန္းက သိန္းတစ္ေထာင္ေလာက္ကုန္မယ္၊ ေအာင္ ျမင္ရင္ ေကာင္းတယ္၊ မေအာင္ျမင္ ရင္ နစ္နာမႈေတြ မ်ားလိမ့္မယ္။ ဒါေပမယ့္ လုပ္မွာပဲဆိုၿပီး အသည္းအလွဴခံတဲ့ စာရြက္ေတြ လုိက္ကပ္ပါေတာ့တယ္။ ကၽြန္ေတာ့္ကို အကူအညီေပးေစာင့္ ေရွာက္ဖုိ႔ ညီမ ေဘဘီ၊ အစ္မႀကီး မေဒၚလီနဲ႔ တပည့္ ကိုေက်ာ္ျမ တို႔ ရန္ကုန္ကို ႏုိင္ငံကူးလက္မွတ္ လုပ္ဖို႔ သြားၾကပါၿပီ။ ကံ အလြန္ေကာင္းပါတယ္။ အသည္း အလွဴရွင္ (၁၀) ေယာက္ထဲက ရမဲ့သူ ေဆးစစ္တာ ငါးေယာက္ေတာင္ရတယ္။ ကၽြန္ေတာ့္မိန္းမ နန္းေငြၾကည္ ကလည္း မထိန္းႏုိင္ေအာင္ ပ်ာယာခတ္ၿပီး ေဗဒင္ဆရာေတြဆီ သြားေနရရွာသည္

ကၽြန္ေတာ့္ က်န္းမာေရးကေတာ့ ေတာ္ေတာ္ဆိုးလာပါတယ္။ ကၽြန္ေတာ့္မ်က္ႏွာေတြဟာ မဲၿပီး အကြက္ေတြျဖစ္လာပါၿပီ။ အေရျပားေတြကလည္း ငါးေတြရဲ႕ အေၾကးခြံေတြ လို ျဖစ္ လာပါၿပီ။ ေျခ ေထာက္ေတြ က လည္း ေရာင္လုိက္တာ၊ ဆင္ေျခေထာက္ ေရာဂါသည္ေတြအတုိင္းပဲ။ စကား လည္း ေကာင္းေကာင္း မေျပာႏုိင္ေတာ့ပါ။ ကၽြန္ေတာ္ လုပ္ႏုိင္တာေလးကေတာ့ ကၽြန္ေတာ္ ဖုန္းေလးထဲ မွာ ေဘာဇဥ္သုတ္ ကို ထည့္ၿပီး မျပတ္တမ္း ဖြင့္ေနေတာ့တာပါပဲ။

အဲဒီအခ်ိန္မွာ ကၽြန္ေတာ့္ကို အခ်ိန္ျပည့္ ေစာင့္ေရွာက္ေနတဲ့ ဦးသိန္းေဆာင္ရဲ႕အစီအစဥ္နဲ႔ ဦးေစာဝင္းထြန္း တုိ႔ ညလံုးေပါက္ပရိတ္ေတြ လာရြတ္ေပးေနၾကပါၿပီ။ ေနာက္ေန႔မနက္မွာ ရန္ကုန္က ျပန္ လာတဲ့ မေဒၚလီရဲ႕ တုိက္တြန္းခ်က္နဲ႔ ေက်ာက္ဆည္နားက တမုတ္ေရႊဂူႀကီးဘုရားကို ကၽြန္ေတာ္ အိပ္ၿပီး လုိက္သြားပါတယ္။ ဟိုေရာက္ေတာ့ ဘုရားဆင္းတုေတာ္ရဲ႕ေရွ႕မွာ နံရံကိုမွီၿပီး “တပည့္ ေတာ္ ဒီႏုိင္ငံမွာပဲ က်န္းမာေရးနဲ႔ ပတ္သက္ လို႔ အဆင္ေျပပါရေစ ဘုရား” လုိ႔ ႏႈတ္က အသံထြက္ ေလွ်ာက္ၿပီး အာ႐ံုေနလုိက္ပါတယ္။ ၿပီးေတာ့ အိမ္ျပန္ လာခဲ့ၾကပါတယ္။

အဲဒီေန႔မွာပဲ လြန္ခဲ့တဲ့ ႏွစ္ (၃၀) ေလာက္က စာသင္ေပးခဲ့ဘူးတဲ့ ယခု မိုးေကာင္း တုိက္ ျမစိမ္း ေက်ာင္း ဆရာေတာ္က ဒကာႀကီး ေနမေကာင္းဘူးၾကားလုိ႔ လာၾကည့္ခ်င္တယ္လုိ႔ ဖုန္းလွမ္းဆက္ပါ တယ္။ ကားလႊတ္ေပးပါမယ္ ဘုရားလုိ႔ ေလွ်ာက္ေတာ့ ကားမလိုဘူး ကုိယ့္ဟာကုိယ္ လာမယ္ ဆိုၿပီး ေရာက္လာပါတယ္။ဆရာေတာ္ ကၽြန္ေတာ့္ကိုျမင္ေတာ့ အေတာ္စိတ္မေကာင္းစြာနဲ႔ မျဖစ္ေသးပါ ဘူး အားမေလွ်ာ့ နဲ႔ က်ဳပ္ စီစဥ္မယ္ဆိုၿပီး ကၽြန္ေတာ္ တစ္ခါမွ မၾကားဘူး၊ တစ္ခါမွ မသိဘူး။ တစ္ခါမွ မၾကား ဘူးေသာ ေဒါက္တာေအာင္မင္း ဆိုေသာ ဆရာကို မႏၱေလးအျမန္လာရန္ ရန္ကုန္သုိ႔ ဖုန္းနဲ႔ ဆက္၍ ေခၚပါေတာ့တယ္။

ကၽြန္ေတာ့္ထံသုိ႔ ဆရာ ေနာက္တစ္ရက္မွာ ဆရာေတာ္နဲ႔အတူ ေရာက္လာပါတယ္။ ဆရာပံုက ဆရာဝန္ နဲ႔လည္း မတူဘူး။ အေတာ္႐ိုးတယ္။ လက္ေကာက္ဝတ္မွာ စိတ္ပုတီးေလးပတ္ထားတယ္။ ကန္ေတာ့ေနာ္ ေတာေက်ာင္းဆရာေလး အတုိင္းပဲ ေရာက္တာနဲ႔ ကၽြန္ေတာ့္ ေသြးစစ္ထားတာေတြ (CT) ႐ိုက္ထားတာေတြ ကို အကုန္ယူၾကည့္၊ စာရြက္ေပၚမွာ (Graph) ေတြဆြဲနဲ႔ ေတာ္ေတာ္ေလး ၾကာေတာ့ ကၽြန္ေတာ့္ ကို ဆရာေဒါက္တာေအာင္မင္း က ဆရာလုိ႔ ျပန္ေခၚပါတယ္။ သူ ေျပာတာက ဆရာမပူနဲ႔ ဘာမွမျဖစ္ေစရဘူး။ အိႏၵိယမွာလည္း အသည္းသြားမလဲနဲ႔ ကၽြန္ေတာ္ ဆရာ့ကို ကုမယ္ ငါးရက္ေနရင္ ဆရာ သိသာမယ္ (၁၀) ရက္ေနရင္ ေဘးလူေတြပါသိမယ္။ တစ္လျပည့္ရင္ ေသြး ျပန္စစ္ၾကည့္လုိက္ပါတဲ့ဗ်ာ။

ကၽြန္ေတာ္ ထခုန္ခ်င္ေလာက္ေအာင္ကို ဝမ္းသာသြားခဲ့တာေပါ့။ သိန္းတစ္ေထာင္ေလာက္ အကုန္ခံ အိႏၵိယ သြား၊ အသည္းလဲ ေအာင္ျမင္၊ မေအာင္ျမင္ ဘာမွန္းမသိဘဲ ေသေတာ့မဲ့ဆဲဆဲ ျဖစ္ေနတာ ဝမ္းမသာဘဲ ေနပါ့မလား။ ကၽြန္ေတာ္က အတြန္႔တက္ၿပီး ကၽြန္ေတာ္မေသဖုိ႔ ဆရာတာဝန္ယူရဲလား လို႔ေမးေတာ့ ရယ္ၿပီး ကၽြန္ေတာ္ အာမခံပါတယ္ဗ်ာတဲ့။

ကၽြန္ေတာ္ လူႀကီးေတြေျပာခဲ့တဲ့ အေပ်ာ္ဆံုး ေန႔ သံုးေန႔ကို ေက်ာ္ျဖတ္ဖူးပါတယ္။ အဲဒီေန႔ကေတာ့ ဟိုသံုးေန႔ ထက္ ပိုမယ္လုိ႔ထင္ပါတယ္။ ကၽြန္ေတာ့္ကို ဆရာ ေဆးစထိုးပါတယ္။ တစ္လံုးပဲ သူကုိယ္တုိင္ ထိုးတာ က်န္တာ ကို ကၽြန္ေတာ့္ တူမ ဆရာမေအးဝင္းသန္း ကိုေခၚၿပီး ထိုးခုိင္းတာ။ မနက္တစ္လံုး၊ ညတစ္လံုး၊ လက္ေမာင္း မွာ ထိုးတာ (၅) ရက္ျပည့္တဲ့ေန႔မွာ ကၽြန္ေတာ့္ၿခံဝင္းထဲ ကၽြန္ေတာ္ လမ္းေလွ်ာက္ေနပါၿပီ။ (၁၀) ရက္ ျပည့္တဲ့ေန႔ မွာ ကၽြန္ေတာ္ၿမဳိ႕ထဲမွာ ကုိယ္တုိင္ေမာင္းၿပီး ကားနဲ႔ေလွ်ာက္သြားေနတာကို သိလူတုိင္း အံ့ၾသ တဲ့ အၾကည့္နဲ႔ ၾကည့္ေနၾကပါၿပီ။

(၂) လျပည့္ေတာ့ ကၽြန္ေတာ့္ကို တစ္ရက္ႏွစ္လံုးထိုးရာက ေန တစ္ရက္ တစ္လံုးေလွ်ာ့လုိက္ပါတယ္။ ေသြးျပန္စစ္ခုိင္းပါတယ္။ ေသြးျပန္စစ္ခုိင္းပါတယ္။ (Ultra-sound) ျပန္႐ုိက္ခုိင္းပါတယ္။ (Ultra-sound) မွာ အသည္းေျခာက္တာလည္း မေတြ႕ရ ေတာ့ပါဘူး။ (Portal Vein) လည္း ပိတ္ၿပီး (21 mm dilated) ေရာင္ေနရာကေန (14 mm dilated) ဆိုၿပီး ေရာင္တာ ေလ်ာ့သြားပါတယ္။ WBC (ဒဗလ်ဴဘီစီ)၊ HGB (အိပ္ခ်္ဂ်ီဘီ)၊ PLT (ပလိပ္လက္) နဲ႔ Albumin (အယ္ဗ်ဴမင္) ေတြ အားလံုးလည္း (Normal) ဆိုၿပီး ေသြးအေျဖေတြ ထြက္လာ ခဲ့ပါၿပီ။ ေသြးအေျဖ မွာလည္း ျပန္ေကာင္းသြားပါၿပီ။ ကၽြန္ေတာ့္အတန္းေတြမွာ လည္း ပံုမွန္ စာျပန္သင္ေနပါၿပီ။ မာခဲ့တဲ့ အသည္းႀကီးလည္း ျပန္ေပ်ာ့ၿပီး ေသြးေက်ာလည္း ပံုမွန္ပြင့္ၿပီး ဘယ္ေျခ ေထာက္မွာလည္း မေရာင္ေတာ့ ပါဗ်ာ

ကၽြန္ေတာ္ အံ့ၾသလြန္းလုိ႔ ဆရာ ဘယ္လိုကုတာလဲလုိ႔ ေမးၾကည့္ေတာ့ ညီအစ္ကိုလိုျဖစ္ေနတဲ့ ဆရာက #(Cell Therapy) ဆဲလ္ ကုထံုး နဲ႔ ကုတာပါတဲ့။ ပ်က္ေနတဲ့ အသဲ (Cell) ေတြကို ဖယ္ထုတ္ ၿပီး (Cell) အေကာင္းေတြ အသစ္ ဖန္တီးတာလုိ႔ ေျပာပါတယ္။ အသစ္ဖန္တီးတဲ့ ေနရာမွာ ကေလး အခ်င္းကို သံုးၿပီးေဖာ္ထား တဲ့ ေဆးကို သံုးေၾကာင္း (WHO) က အသိအမွတ္ျပဳတဲ့ေဆးျဖစ္ေၾကာင္း ကေလးတစ္ေယာက္ ကို မိခင္ရဲ႕ဝမ္းတြင္းမွာ (၉) လ (၁၀) လ ကာကြယ္ေစာင့္ေရွာက္ႏုိင္ေသာ အခ်င္းရဲ႕ တန္ဖိုးႀကီးေၾကာင္း၊ ေဆး ရဲ႕အမည္ကိုက #(LAENNEC) ျဖစ္ေၾကာင္း ရွင္းျပပါေတာ့တယ္။ ကၽြန္ေတာ္ အလြန္ပဲ အံ့ၾသေက်းဇူးတင္ မိေနပါတယ္။

ကၽြန္ေတာ္ ေက်းဇူးတင္လြန္းလုိ႔ တစ္ႀကိမ္မွာလည္း မကန္ေတာ့ရေသးလုိ႔ ဆရာ ေဒါက္တာေအာင္ မင္းကို ကန္ေတာ့ ပါရေစလို႔ ေျပာေတာ့ ဆရာက ကၽြန္ေတာ့္ကို ငွက္ေပ်ာသီးနဲ႔ အုန္းသီး သြားဝယ္ လုိက္ပါတဲ့။ အံ့ေရာ ဗ်ာ။ ဆရာဟာ ကၽြန္ေတာ္ ဘယ္လိုမွမထင္မွတ္ပါေသာ ေနာက္ထပ္ဘယ္လိုမွ တူတာ မရွိႏုိင္ေတာ့ ပါေသာ ကၽြန္ေတာ့္ေက်းဇူးရွင္ အသက္သခင္ပါဘဲဗ်ာ။

ကၽြန္ေတာ့္လိုပဲ လူသားတုိင္း ဘုရားတန္ခိုး၊ တရားတန္ခိုး၊ သံဃာတန္ခိုးေၾကာင့္ အစြမ္းထက္ေသာ ဆရာမ်ား၊ ေဆးဝါးမ်ား ေတြ႕ၾကပါေစလုိ႔ ဆႏၵျပဳလုိက္ပါတယ္။

“ဘီပိုး စီပိုး ေၾကာင့္ ေသတတ္သလား။”

(B) ပိုး ေတြ႕ရင္ ေသတတ္လား။ (C) ပိုး ေတြ႕ရင္ ေသတတ္လား။ လူနာေတာ္ေတာ္မ်ားမ်ား၊ မ်က္ႏွာ ငယ္ေလးေတြနဲ႔ အားကိုးတႀကီး ေမးတာကို ေတြ႕ဖူးၾကားဖူးခဲ့ပါတယ္။

ကၽြန္ေတာ္ ရဲရဲတင္းတင္းေျဖပါ့မယ္။ (B) ပိုးေတြ႕လို႔လည္း မေသႏုိင္ပါဘူး။ (C) ပိုးေတြ႕လို႔လည္း မေသႏုိင္ ပါဘူး။ မင္းက ဆရာဝန္လားလုိ႔ ေမးခဲ့ရင္ ကၽြန္ေတာ္ ဆရာဝန္ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီေရာဂါ ကို ႏွစ္အေတာ္ၾကာ ကုိယ္တုိင္ခံစားၿပီး အေတြ႕အႀကဳံေပါင္းမ်ားစြာနဲ႔ အၿခိမ္းအေျခာက္ခံ လက္တည့္ အစမ္းခံၿပီး ဆရာဝန္ႀကီးအခ်ဳိ႕ထံက ေဆးဖိုးေရာ ဝါးခပါ အကုန္အက်ခံၿပီး သင္ယူေလ့ လာခဲ့ရတာပါ။

ကၽြန္ေတာ္ သိသေလာက္ကေတာ့ ပထမအဆင့္ (B) ပိုး၊ (C) ပိုးေတြ႕႐ံုနဲ႔ ဘာမွမျဖစ္ႏုိင္ေသးပါဘူး။ ဒုတိယအဆင့္ ႏွစ္အနည္းငယ္ၾကာလာမွ အသည္းလုပ္ေဆာင္ခ်က္ေတြ စပ်က္ၿပီး အသည္းအနည္း ငယ္ေျခာက္လာတာပါ။ ဘာမွမျဖစ္ႏုိင္ေသးပါ။ အဲဒီေနာက္ တတိယအဆင့္မွာ အသညး္ေျခာက္ တာ ပုိဆိုးလာတာေပါ့။ အဲဒီေနာက္ (Portal vein) လို ေသြးေၾကာေတြ စပိတ္ၿပီး ေျခေထာက္ စ ေရာင္လာတယ္။ စတုတၳအဆင့္မွာမွ အသည္းကင္ဆာေရာဂါ စျဖစ္လာတာ ေနာက္ဆံုး ပဥၥမဆင့္ မွာေတာ့ ကင္ဆာဆဲလ္ေတြ ပ်ံ႕ကုန္တယ္လုိ႔ သိထားရတာ။ စတုတၳအဆင့္ေလာက္ထိ ကုလို႔ႏုိင္ပါ တယ္။

ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ ဘာလုပ္သင့္သလဲဆိုရင္ ဘာမွမျဖစ္ေသးလည္း (B) ပိုးနဲ႔ (C) ကို စစ္သင့္ တယ္။ မ်ားေသာအားျဖင့္က မစစ္ဘဲ ထားၾကတာ အျခားတစ္ခုခုျဖစ္လို႔ စစ္မွသိေတာ့ နည္းနည္း လြန္ကုန္တယ္။ ကုရတာ ခက္တာေပါ့။

အဲဒီ ပထမအဆင့္ (B) နဲ႔ (C) ပိုးေတြ႕႐ံုကေတာ့ ဘာမွမေၾကာက္နဲ႔ (interferon) ဆိုတဲ့ ပိုးသတ္ ေဆးထိုးလည္း ရတယ္။ အသည္းမပ်က္ေသးေတာ့ ခံႏုိင္တယ္။ အျခားပိုးသတ္ေဆးေတြလည္း ေပၚကုန္ၿပီ။

ဒုတိယအဆင့္ ပိုးေတြ႕လို႔၊ အသည္းနည္းနည္း ေျခာက္လာရင္ မေၾကာက္နဲ႔ ဘာမွမျဖစ္ဘူး။ အသည္း လုပ္ေဆာင္ခ်က္ (LFT) မမွန္ရင္ေတာ့ (interferon) သြားမထိုးနဲ႔ မခံႏုိင္ျဖစ္တတ္တယ္။ အသက္ ဆံုး႐ႈံးၾကတာ ဟာ မွားၿပီး ပိုးသတ္ေနၾကလို႔ ေသကုန္ၾကတာ။ အရင္ဆံုး အသည္းကို ေကာင္းေအာင္ ျပင္ဆင္ပါ။ ကၽြန္ေတာ္ လက္ေတြ႕ ကေတာ့ (LAENNEC) ဆိုတဲ့ ေဆးဟာ အသည္း လုပ္ေဆာင္ ခ်က္ေကာင္းေအာင္ ေဆာက္ရြက္တဲ့ ေဆးထဲမွာ သူ႔ကိုမွီတဲ့ေဆး မေတြ႕ဘူးေသးဘူး။

အဲဒီေဆးထိုးကာ (LFT) အကုန္ ပံုမွန္ျပန္ျဖစ္တာ ကၽြန္ေတာ္ကုိယ္တုိင္ အပါအဝင္ လူငါးဆယ္ ေက်ာ္ ကုိယ္ေတြ႕ ပါပဲ။ ဒီအခ်ိန္ မွာေတာ့ လူနာဘက္က ဂ႐ုစုိက္ေနရၿပီး ဝမ္းလံုးဝအခ်ဳပ္မခံနဲ႔။ ဖ်ား ရင္လည္း (paracetamol) ပါရာစီတေမာ ပါဝင္တဲ့ အုပ္စု ဘယ္ေဆး မွ မသံုးနဲ႔။ ပ႐ုပ္ပါတဲ့ ႐ွဴေဆး လိမ္ေဆးေတြကို မသံုးနဲ႔။ အံ့ၾသစရာကေတာ့ ၾကက္သြန္ျဖဴ အစိမ္း မစား ရပါဘူး။ ပဲႀကီး ပဲက်ား မစားရပါဘူး။ (Alvolac) ဆိုတဲ့ ဝမ္းႏႈတ္ေဆးကလြဲလို႔ ဘယ္ဝမ္းႏႈတ္ေဆးမွ မစားရပါဘူးဗ်ာ။ ဒီအခ်ိန္မွာ ေမာလာတတ္ပါတယ္။ ေျခေထာက္ေတြ စေရာင္လာ တတ္ပါတယ္။

အသည္းပံုမွန္ ျပန္ျဖစ္လာၿပီ ဆိုမွ ပိုးကိုသတ္ပါ။ ကုိယ္ႀကဳိက္တဲ့နည္းနဲ႔ သတ္ပါ။ ပန္းဝတ္မႈံနဲ႔လည္း ပိုးေကာင္ အေရအတြက္ ေလွ်ာ့ခ်တတ္ပါတယ္။ ေနာက္တစ္ခ်က္က ကုိယ့္ကိုကုိယ္ အနားယူျခင္း ဟာ အေကာင္း ဆံုးေသာ အသည္းကုသျခင္းလုိ႔ သိၿပီး တတ္ႏုိင္သမွ် လႈပ္ရွားမႈ နည္းေအာင္ေနပါ။ ဆုိင္ကယ္မစီးပါနဲ႔။ ခါးေလ့က်င့္ ခန္း မလုပ္ပါနဲ႔။ ပက္လက္ကုလားထုိင္မွာ မထုိင္ၾကပါနဲ႔။ ဒီအေျခ အေနမွာ သတိနဲ႔ေနရင္ ဘာမွ စိုးရိမ္စရာ မလိုေသးပါဘူး။

တတိယ အဆင့္ အသည္းပိုေျခာက္လာရင္လည္း (B) ပိုး (C) ပိုးကို အဓိကမထားပါနဲ႔။ အသည္းကို အဓိက ထားၿပီး ျပင္ရပါတယ္။ အဲဒီ အဆင့္ေရာက္ရင္ေတာ့ နည္းနည္းစိုးရိမ္ရပါတယ္။ လစဥ္ (Ultra Sound) ႐ုိက္ပါ။ (Alphafetoprotein) ကို စစ္ေပးပါ။ ကင္ဆာေရာဂါဘက္ကို ကူးမွာ စိုးရိမ္ ရလို႔ပါ။

(Ultra Sound) မွာ အစက္အေပ်ာက္ေပၚရင္ သို႔မဟုတ္ (Alphafetoprotein) တက္လာရင္ ဆရာ ဝန္နဲ႔ အျမန္ တုိင္ပင္ပါ လိုအပ္သလို ကုယူပါ။ (LAENNEC) ဆိုတဲ့ေဆးကေတာ့ ကင္ဆာစတဲ့ အဆင့္ေလာက္ အထိကေတာ့ ကုလို႔ရတာေတြ႕ရပါတယ္။ ဒီအခ်ိန္ကေတာ့ အေရးႀကီးဆံုး အခ်ိန္လုိ႔ ေျပာရလိမ့္မယ္။ (LFT) ကိုလည္း မၾကာမၾကာစစ္ၿပီး လိုအပ္တာေလးေတြကို ဆရာဝန္နဲ႔ ကုသရင္ မေသႏုိင္ပါဘူးဗ်ာ။

ဒီေနရာမွာ ဆရာဝန္ေတြလို တတ္စရာမလိုေပမယ့္ ကုိယ္တုိင္ နည္းနည္းေတာ့ သိထားသင့္ တာ ေလးေတြက (WBC) ဆိုတာ ေသြးျဖဴဥကို ေျပာတာပါ။ (WBC) က်လာတယ္ဆိုရင္ ေသြးျဖဴဥနည္း သြားတာပါ။ (H.G.B) ဆိုတာ ေဟာမိုကလိုဘင္ ေသြးအနီေရာင္ကို ညႊန္းတာပါ။ သူနည္းရင္ ေသြး သြင္းရပါလိမ့္မယ္။ (PLT) ပလိပ္လက္ဆိုတာက ေသြးထြက္မႈကို တားဆီးေပးတဲ့ ေသြးဆဲလ္တစ္ မ်ဳိးကို ေျပာတာပါ။ ပလိပ္လက္ေတြ တအားက်လာရင္ ေသြးအန္တတ္ပါတယ္။

(Albumin) အယ္(လ္)ဗ်ဴမင္ဆိုတာက အသည္းမွသာ ထုတ္ေပးေသာ မရွိမျဖစ္ လိုအပ္တဲ့ ပ႐ိုတင္း ဓာတ္ပါ။ အယ္(လ္)ဗ်ဴမင္ကိုေတာ့ အလြန္မက်ေအာင္ ေဆးသြင္းေပးလုိ႔ရပါတယ္။ (Bilirubin) ဘီလီ႐ူဘင္ဆိုတာ အဝါေရာင္ဓာတ္ကို ေခၚတာပါ။ ဆီးနဲ႔ ဝမ္းေတြက စြန္႔ထုတ္ေပးတတ္ပါတယ္။ အင္ဇုိင္ (AST) (ALT) ေတြ အထြက္မ်ားရင္လည္း အသည္းဆဲလ္ေတြ အပ်က္မ်ားေနတာပါ။ ဂ႐ု စုိက္ရမွာက အင္ဇုိင္းေတြ ေသြးတြင္းမတတ္ရင္လည္း ပ်က္စရာ အသည္းဆဲလ္မရွိေတာ့လုိ႔ ျဖစ္ တတ္တာလည္း သိထားရပါမယ္။

(Alphafetoprotein) ဆိုတာ ကင္ဆာျဖစ္ရင္ ထြက္လာတတ္တဲ့ (protein) အသားဓာတ္ကို မထိန္းႏုိင္ဘဲ ဝမ္းဗုိက္ အတြင္းမွာ (Free Fluid) အသံုးမက်ေသာ အရည္ေတြမ်ားလာၿပီး ဗုိက္ ေဖာင္းလာတတ္ပါတယ္။ အဲဒါကို ေရဖ်င္း စြဲတယ္လို႔ ေခၚၾကတာပါ။ အသည္းဟာ ေက်ာက္ကပ္နဲ႔ လည္း ဆက္ေနတာမို႔ (Creatinine) ခရစ္တနင္း ကိုလည္း မၾကာ မၾကာ စစ္ေပးပါ။

အသည္း ေဝဒနာရွင္မွန္ရင္ ေရွာင္ရန္ကေတာ့ ရွိတယ္ေနာ္။ ဆရာကုိယ္တုိင္ ကၽြန္ေတာ့္ကို တားျမစ္ ထားတာေတြကေတာ့

(၁) အဆီ

ဝက္သား၊ ဘဲသား၊ အုန္းႏို႔၊ ဒန္ေပါက္၊ ေထာပတ္၊ မလိုင္၊ ေရခဲမုန္႔၊ စားအုန္းဆီ၊ အမဲသား၊ ကၽြဲသား၊ ဝမ္းတြင္းသား၊ ျပည္ႀကီးငါး၊ ၾကက္ဥ၊ ဘဲဥ၊ ငံုးဥ၊ အႏွစ္မ်ား၊ ၾကက္အေရခြံေကာ္ဖီမစ္၊ ေကြကာ၊ ေခါက္ဆြဲ၊ ၾကာဇံသုပ္၊ အသားဗူးမ်ဳိးစံု၊ အခ်ဳိမႈန္႔၊ အခ်ဳိရည္ဗူး၊ အေအးပုလင္း

(၂) အစပ္

ျငဳပ္သီးမႈန္႔၊ အစပ္လြန္ကဲ၊ ၾကက္သြန္ျဖဴစိမ္း

(၃) ျငဳပ္ဆီ၊ အေရာင္တင္မႈန္႔၊ အေရာင္ပါေသာကိတ္မုန္႔၊ ေရခဲမုန္႔၊ ေဖ်ာ္ရည္

(၄) အသားေျခာက္

ငါးပိ၊ ငါးေျခာက္၊ ဂ်ီသား၊ ဆတ္သားေျခာက္၊ အမဲေျခာက္၊ ၾကက္အူေခ်ာင္း၊ ဝက္အူေခ်ာင္း

(၅) အသင့္စားႏုိင္ေအာင္ လုပ္ထားေသာ အစာမ်ား

(၆) မႈိတတ္ေနေသာ အစား

ဆန္ေဟာင္း၊ ေပါင္မုန္႔၊ ပလပစတစ္ျဖင့္ ထုတ္ထားေသာ ယိုမ်ဳိးစံု

(၇) အလြန္ပူေသာ / ေအးေသာ အစာ

အလြယ္တကူ မေသာက္ႏုိင္ေသာ ဟင္းရည္ပူ ေသာက္လွ်င္

ေခါင္းကုိက္ေအာင္ေအးေသာ အေအးပုလင္းမ်ား

(၈) ပ႐ုပ္ပါေသာ ႐ွဴေဆး၊ လိမ္းေဆး၊ အနံ႔ခဲမ်ား

(၉) ပလက္ ကုလားထုိင္ မထုိင္ရ

(၁၀) ခါးေၾကာ၊ ဗုိက္ အႏွိပ္အနင္းမခံရ

(၁၁) Paracetamol (ပါရာစီတေမာ)

(၁၂) ပဲႀကီး၊ ပဲက်ား

(၁၃) သံပုရာ၊ ေရွာက္၊ ဂရိတ္ဖု႐ု

(၁၄) ဆရာဝန္ညႊန္ၾကားမႈ မဟုတ္ေသာ အားေဆးမ်ား၊ ေသာက္ျခင္းတုိ႔ဟာ အသည္းေရာဂါ ရွိေန သေရြ႕ ေရွာင္ရမွာပါ။

စတုတၳအဆင့္ ကင္ဆာ စ႐ံုေလးစတဲ့ ဒီအဆင့္တင္ျဖစ္ေနတဲ့ အသည္းေဝဒနာရွင္ေတြ မေသႏုိင္ပါ။ ဒီထက္လြန္လာ လို႔ အဆင့္ေက်ာ္လာရင္ေတာ့ ဘယ္သူမွ တာဝန္မယူႏုိင္တဲ့ အဆင့္ကို ေရာက္သြား ပါလိမ့္မယ္။ အသည္းေရာဂါျဖစ္ရင္ အစာလမ္းေၾကာင္းနဲ႔ အူလမ္းေၾကာင္း တြဲၿပီးျဖစ္တတ္တယ္။ ဘာမွ မျဖစ္ခင္ မွန္ေျပာင္းၾကည့္ၿပီး လိုအပ္တဲ့ ကုသမႈကို ႀကဳိၿပီး ခံယူထားပါ။ အသည္းေၾကာင့္ ေသြးအန္တာ ေသြးဝမ္းသြားတာ မဟုတ္ဘူး။ တဆင့္ခံျဖစ္တဲ့ အစာအိမ္နဲ႔ အူလမ္းေၾကာင္းေၾကာင့္ ျဖစ္တာပါ။ ကၽြန္ေတာ္ အလြန္အကၽြံျဖစ္ရာကေန အခုအေျခအေနေကာင္း သြားတဲ့ အထိေတာ့ ေသြး လည္း မအန္ဘူး၊ ေသြးဝမ္းလည္း မသြားဘူး။ ကၽြန္ေတာ့္ကိုကုေပးတဲ့ Dr ေအာင္မင္း ရဲ႕ေက်းဇူးပါ ဘဲ။ ဆရာက ကၽြန္ေတာ့္အသည္းကို (Cell Therapy) ဆဲလ္ကုထံုးနဲ႔ေပးၿပီး (interferon) မထိုးဘဲ ပိုး ကို ကုန္ေအာင္ သတ္ေပးလုိက္တာပါ။

ဒါေၾကာင့္ သိထားတာေတြကို သတိနဲ႔ေနရင္ (B) ပိုးေၾကာင့္လည္း မေသႏုိင္ပါ။ (C) ပိုးေၾကာင့္ လည္း မေသႏုိင္ပါလို႔ ကၽြန္ေတာ္ ရဲရဲေျပာပါရေစ။ ဘယ္သူၿခိမ္းေျခာက္လုိ႔မွ မေၾကာက္ၾကပါနဲ႔။ (B) ပိုး နဲ႔ (C) ပိုးေၾကာင့္ မေသေစရ။

ေစာေနဝင္း (႐ူပေဗဒ)

ပင္းယ မဂၢဇင္း အတြဲ (၁)၊ အမွတ္ (၁)၊

Credit - The Meltin plot 4 U
Unicode
အသည်းရောဂါနှင့် သေမလိုဖြစ်နေရာမှ ပြန်ကောင်းလာသူပြောပြသော ကိုယ်တွေ့ဖြစ်ရပ်(အသည်းရောဂါရှင်များ ဖတ်ဖြစ်အောင်ဖတ်ပါ )

ဒီဘက်နှစ်တွေမှာ အသည်း ရောဂါ နဲ့ ပတ်သက်လို့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာ ရတယ်။ ဘီပိုး၊ စီပိုးနဲ့ အသည်းခြောက်တာတဲ့။ ခန္ဓာရှိရင် ရောဂါရှိမယ်ဆိုတာ သိပါတယ်။ အရင် တုန်းကတော့ အရက်သောက်ရင် အသည်း ရောဂါ ဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။ အခု ဒီ ရောဂါ တွေက အဖြစ်များလွန်း လာပြီး အရက်၊ ကွမ်း၊ ဆေးလိပ်တွေနဲ့ ဘာမှမပတ်သက် ဘာမှမသောက် စားတဲ့သူတွေ လည်း ဖြစ်လာကုန်ကြတယ်။ ဖြစ်ပြီးရင်လဲ အများစုက အသက်ဆုံးပါးကြရတယ်။ ဒါကို မစဉ်းစားပဲ မနေ သင့်တော့ ဘူး။

ကျွန်တော် ဆရာဝန် မဟုတ်ပါဘူး။ စာရေးဆရာလဲ မဟုတ်ပါဘူး။ ကျွန်တော် ဒီရောဂါကို မလိုချင်ဘဲ လက်ခံလိုက်ရတဲ့ သူပါ။ ကျွန်တော့်ရဲ့အတွေးအခေါ်နဲ့ ကျွန်တော့်ရဲ့စိတ်ခံစားချက်တွေကို မျှဝေယုံ သက်သက်ဖြင့် သာ ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။

ကျွန်တော် လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက်မှာ ခြေထောက်တွေ စရောင်လာပါတယ်။ ဒါနဲ့ပဲ ညီ အစ်ကိုလိုနေ တဲ့ ဆရာဝန်ဆီကို သွားပြီးပြပါတယ်။ ဒီ ဆရာဝန်က ဂရုစိုက်ကြည့်ပြီး X-ray, Ultrasound နဲ့ လိုအပ် တဲ့ သွေးစစ်ဆေးခြင်းတို့ကို စစ်ခိုင်းလိုက်ပါတယ်။ စစ်ဆေးချက်တွေကို ပြန် ပြီးတော့ အားလုံးကောင်း ပါတယ်ဆိုပြီး လိုအပ်တဲ့ ရောဂါ တွေပေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ ခြေထောက်တွေက ရောင်လိုက်၊ ကျလိုက် နဲ့ နေခဲ့တာ (၂၀၁၀) ရောက်တော့စပြီး ခေါင်းတွေအမြဲ မူးပြီး၊ မလှုပ်ချင် မကိုင်ချင် ဖြစ်လာတာပါပဲ။ ဒီတစ်ခါတော့ စစ်စရာ ရှိတာတွေ အကုန်ပြန်စစ်ပြီးမှ အရင်ဆရာဝန်ဆီ ပြန်သွားပါတယ်။ ဆရာကလည်း ကြည့်ပြီးတော့ ကောင်း ပါတယ်။ ဒါပေမယ့် ပို သေချာအောင်ဆိုပြီး အထူးကုဆရာဝန်မကြီးဆီကို လွှတ်လိုက် ပါတယ်။

ဆရာဝန်မကြီးဆီရောက် တော့ ဆေးရုံ တက်ပါဆိုပြီး အဲဒီနေ့မှာပဲ ကျွန်တော့် ကို ဆေးရုံတင်လိုက်ပါတော့တယ်။ ဆရာဝန်မ ကြီးနဲ့ ဆရာမတွေလဲ အစွမ်းကုန် ကုသကြပါ တယ်။ နှလုံး သိပ်မကောင်းဘူးလို့ ပြောပါတယ်။ကျွန်တော် နည်းနည်းသက်သာတာနဲ့ ပြန်ဆင်းလာခဲ့တယ်။ ၂၀၁၁ မှာ မသင်္ကာ လို့ ဆေးရုံ တစ်ခါ ပြန်တက်ရတယ်။ ဒီတစ်ကြိမ်မှာ စစ်ကြည့်တော့မှ (C) positive တဲ့။ ကျွန်တော် ဒီလောက်ကြာ အောင် ဒုက္ခဖြစ်ပြီး ခံစားနေ ခဲ့ရတာက ဘီပိုးနဲ့ စီပိုးကို မစစ်ခဲ့ရလို့ပါပဲ

ကျွန်တော် အကြံပေးပါရစေ။ ဘာမှမဖြစ်သေးလဲ ဘီပိုး နဲ့ စီပိုး ကိုတော့ စစ်ဖို့ လုံးဝမမေ့ပါနဲ့၊ မပျင်းပါ နဲ့၊ မကြောက် ပါနဲ့။ မေ့လိုက် ပျင်းလိုက် ကြောက်လိုက်မိရင် မဖြစ်ရင်တော့ ကောင်းတာပေါ့။ ဖြစ် လိုက်လို့ ကတော့ ငွေကုန်မယ်၊ လူနာမယ်၊ ကံဆိုးရင် အသက်ပါပေးလိုက်ရလိမ့်မည်။ ဘီပိုးက ကာ ကွယ်ဆေး ထိုးလို့ရပါတယ်။ ထိုးဖြစ်အောင် ထိုးပါ။ စီပိုးကတော့ အနေအထိုင်နဲ့ ကာကွယ်ရမှာပါ။

ကျွန်တော့်မှာ (C) Positive ဆိုတော့ ကြောက်သွားတာပေါ့။ စိတ်ဓာတ်လဲ ကျသွားတယ်။ မကြာခင် ပဲ သေတော့မယ် လို့ထင်တာပေါ့။ ကြောက်တော့ လူတကာလျှောက်မေးဖြစ်တာပေါ့။ အဲဒီမှာ အသည်း ဆိုတာ အသည်းအထူးကုနဲ့ပဲ ကုသင့်တယ်ဆိုလို့ အသည်းအထူးကုရှိတဲ့ နောက်ဆေးရုံ တစ်ရုံ ကို ပြေးခဲ့ရပါတော့တယ်။

ကျွန်တော့်မှာ ဒုတိယဆေးရုံကိုရောက်တော့ အထူးကုဆရာဝန်ကြီးက ဆေးရုံတက်စရာမလိုဘူး။ ပိုးသတ်ဆေး (အင်တာဖရွန်) ထိုးမယ် အသည်းအားဆေး စားထားဆိုပြီး ဆေးတွေပေးပါတယ်။ နောက် (၁၀) ရက် ခွာချိန်းပြီး ပြန်လွှတ်လိုက်တယ်။ သူငယ်ချင်း D Bio နဲ့ Eco အောင်ကြီးတို့ မိတ် ဆက်ပေးလို့လား မသိဘူး။ အတော် ဆက်ဆံရေးကောင်းတာပဲ။ တစ်လလောက်ကြာတော့မှ စထိုး ပါပြီဗျာ။ ပိုးသတ်ဆေး (အင်တာဖရွန်)။ အပြောများသလောက် အခံရမဆိုးပါလားလို့ ထင်ပြီး အေး အေးဆေးဆေး ဘဲ ပြန်လာခဲ့တယ်။ တစ်ပတ်ကို တစ်လုံးထိုးရမှာတဲ့။ တစ်လုံး နှစ်လုံးခံနိုင်ပါသေး တယ်။ ညအိပ်မရတာနဲ့ အစားမစားချင် တာကတော့ ဆိုးတယ်။ သုံးလုံးမှာ မခံနိုင်တော့ဘူး။ လေး လုံးထိုးမဲ့နေ့မှာ ခန္ဓာကိုယ်အပြင် စိတ်ပါ မခံနိုင်တော့လို့ ကျွန်တော်စိတ်ကို မထိန်းလိုက်နိုင်ဘဲ ကြောင်ပြီး ကယောင်ချောက် ချားတွေ လျှောက်ပြောပါတော့တယ်။

အဲဒီနေ့မှာဘဲ ဆေးရုံကိုရောက် တော့ ဆရာဝန်ကြီး ကို ပြောပြလိုက်တာ ဆေးရုံတက်ခိုင်းပြီး ကျွန်တော့်ကို ဆရာဝန်ကြီး လာကို မကြည့်တော့တာ ပါဘဲ။ နှစ်ရက်လောက်နေတော့ ကျွန်တော့်မိသားစုကိုခေါ်ပြီး ကုလို့မရနိုင်တော့ ဘူး။ ဒီတောင် က ကျော်နိုင် မှာ မဟုတ်တော့ဘူး။ အသည်းခြောက်တာလွန်နေပြီလို့ ပြောပါတော့တယ်။ ကျွန်တော့် အသည်း မာသွားခဲ့ပြီပေါ့။

နောက်တစ်ရက် သွင်းနေတဲ့ဆေးတွေ အကုန်ရပ် အိမ် ကို ပြန်လာခဲ့ကြရပါတယ်။ ကျွန်တော်ကတော့ ဘာမှ မသိဘူး။ အိမ်ရောက်တော့ လူနာလာမေးတဲ့ သူတွေကတော့ များတယ်လို့တော့ ထင်သား။ အဲဒီထဲ မှာ နှစ်ယောက်ရဲ့စကားတွေက သိသင့်နေပြီ။ ပထဝီဦးကိုကို က ငါ့ညီ မင်းတာဝန်ကျေခဲ့ပါတယ်ကွာတဲ့။ လက်ကို ဆွဲပြီး နှုတ်ဆက်တယ်။ နောက် တစ်ယောက်က အစ်မ ဒေါ်ခင်ဌေး (အရှေ့တိုင်းဇာတ်) ငါ့မောင် သြစတြေးလျ မှာ ဆရာတော်ဟော တဲ့ ခွေလေးဖွင့်ပြီး တရားလေးမှတ်နေပါတဲ့။ သူတို့ ကျွန်တော့်ကို သတ်မှတ် လိုက်ကြပြီပေါ့။

အဲဒီအချိန်မှာ ကိုချစ်စရာ (လူရွှင်တော်)က ထိုင်းကိုသွားဖို့ အကြံပေးချိန် မိသားစုကလည်း ထိုင်းမှာ ကုဖို့ အားသန်ကြတော့ ကျွန်တော် ဘန်ကောက်ဆေးရုံကြီးကို ကျွန်တော့်အမျိုးသမီးနဲ့ တပည့် ခင်မောင်တင့်တို့ အကူအညီ နဲ့ ရောက်ခဲ့ရပါတယ်။ ကျွန်တော် သူတစ်ပါးတိုင်းပြည်ကို ရောက်လို့ ပြင်ပအသွင်သဏ္ဍာန်တွေ တိုးတက် လွန်းတော့ ကုသရေးမှာ အားကိုးမိတာ ဝန်ခံပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို မြန်မာနိုင်ငံက ဆရာဝန်ကြီး များ ပေးတဲ့ဆေး ဆက်သောက်ပါတဲ့။ အသည်းလဲဖို့ လိုသလားလို့မေးတော့ အသည်းသာ A, B, C အဆင့်တွေ ရှိတဲ့အထဲမှာ B နဲ့ C ကြားအဆင့်မှာ ရောက်နေပါတယ်တဲ့။ အခုမလဲပါနဲ့အုံး လိုအပ်လို့ လဲရင် လည်း ထိုင်းကိုမလာခဲ့ပါနဲ့ အဲဒီမှာက ထိုင်း လူမျိုးခြင်းသာ ဖလှယ်ပေးတာပါတဲ့ဗျာ။ ကျွန်တော် ဘာမှ မလုပ်ရဘဲ စစ်ဆေးရုံနဲ့ ဘဲ အောင်မြင်စွာ ပြည်တော်ပြန်ခဲ့ရပါတယ်။

ကျွန်တော် ဘာလုပ်ရမှန်းမသိဘဲ အိမ်မှာ အသည်းအားဆေးလေးစားပြီး နားနေတုန်း တွေ့ပါပြီ။ အသည်းရောဂါ အကြောင်း စာအုပ်တွေရေးနေလို့ လူသိများနေတဲ့ သူငယ်ချင်း အသည်းဆရာဝန်။ သူငယ်ချင်း မှ ငယ်သူငယ်ချင်းဗျ။ ဒေသကောလိပ်မှာ တစ်နှစ်ထဲ အတူတက်ခဲ့တာ။ အားရှိသွားတာ ပေါ့။

သူငယ်ချင်း ကိုယ် ကုပေးပါမယ်ဆိုပြီး တစ်လလောက်ကုလိုက်တာ တစ်နေ့မှာတော့ သူငယ်ချင်း မပြောရင် လည်းကိုယ့်အပြစ်ဖြစ်မှာစိုးလို့ မင်းကို ကုလို့မရနိုင်တော့ဘူးလို့ ပြောချင်တာ ကြားလိုက် ရပါတယ်။ အသည်း လဲလိုက်ရင်တော့ ရနိုင်သေးတယ်တဲ့။ ကျွန်တော် စိတ်တင်းပြီးတော့ ငါ ဘယ် လောက်နေ ရအုံးမလဲကွာလို့ မေးတော့ ဒါလည်း မပြောနိုင်ဘူး။ မင်း အခု သွေးအံရင် အခုသွား တော့မှာတဲ့ ကျွန်တော် ဘာမှ မသိတော့ပါ။ ကျွန်တော်အိမ်ကို ဘယ်လိုပြန်ရောက်မှန်း မသိလိုက် တော့ပါ။

အဲဒီအချိန်ကစပြီး အိပ်ယာပေါ် မှာ အချိန်ပြည့် စိတ်ဖိစီးမှုနဲ့အတူ နေရပါတော့တယ်။ ကျွန်တော့်စိတ်ထဲမှာ ဘဝကို ဘယ်လို ကူးမလဲ ဆိုတာကလွဲလို့ ဘာမှမရှိတော့ပါ။ အိန္ဒိယက (Apolo) ဆေးရုံက Mr. ဂုတ်တား ဆိုတဲ့ ဆရာဝန်ကြီး လာလို့ တစ်ခါပြလိုက်ပါသေးတယ်။ အသည်း ကို ရက်ပိုင်းအတွင်း အမြန်ဆုံး လဲပါတဲ့။ (CT) ရိုက်ကြည့် လိုက်တော့ “Cirrhosis of Liver Portal Hypertension” တဲ့ အသည်းခြောက်လို့ Portal Vein ဆိုတဲ့ အသည်း ကိုသွားတဲ့ အကြောကြီးပိတ် ပြီးတော့ ရောင်နေပါပြီ။

ကျွန်တော် ဘာလုပ်ရမလဲ မသိတော့ပါ။ ကျွန်တော့်အိမ်က မိသားစုလည်း ငွေကုန်၊ လူပန်း၊ ဘာလုပ်ရမှန်း မသိကြတော့ ပါ။ ဒါပေမယ့် သူတို့စေတနာ၊ သူတို့မေတ္တာက အိန္ဒိယကိုသွားပြီး အသည်းလဲပေး ချင်သေးတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းက သိန်းတစ်ထောင်လောက်ကုန်မယ်၊ အောင် မြင်ရင် ကောင်းတယ်၊ မအောင်မြင် ရင် နစ်နာမှုတွေ များလိမ့်မယ်။ ဒါပေမယ့် လုပ်မှာပဲဆိုပြီး အသည်းအလှူခံတဲ့ စာရွက်တွေ လိုက်ကပ်ပါတော့တယ်။ ကျွန်တော့်ကို အကူအညီပေးစောင့် ရှောက်ဖို့ ညီမ ဘေဘီ၊ အစ်မကြီး မဒေါ်လီနဲ့ တပည့် ကိုကျော်မြ တို့ ရန်ကုန်ကို နိုင်ငံကူးလက်မှတ် လုပ်ဖို့ သွားကြပါပြီ။ ကံ အလွန်ကောင်းပါတယ်။ အသည်း အလှူရှင် (၁၀) ယောက်ထဲက ရမဲ့သူ ဆေးစစ်တာ ငါးယောက်တောင်ရတယ်။ ကျွန်တော့်မိန်းမ နန်းငွေကြည် ကလည်း မထိန်းနိုင်အောင် ပျာယာခတ်ပြီး ဗေဒင်ဆရာတွေဆီ သွားနေရရှာသည်

ကျွန်တော့် ကျန်းမာရေးကတော့ တော်တော်ဆိုးလာပါတယ်။ ကျွန်တော့်မျက်နှာတွေဟာ မဲပြီး အကွက်တွေဖြစ်လာပါပြီ။ အရေပြားတွေကလည်း ငါးတွေရဲ့ အကြေးခွံတွေ လို ဖြစ် လာပါပြီ။ ခြေ ထောက်တွေ က လည်း ရောင်လိုက်တာ၊ ဆင်ခြေထောက် ရောဂါသည်တွေအတိုင်းပဲ။ စကား လည်း ကောင်းကောင်း မပြောနိုင်တော့ပါ။ ကျွန်တော် လုပ်နိုင်တာလေးကတော့ ကျွန်တော် ဖုန်းလေးထဲ မှာ ဘောဇဉ်သုတ် ကို ထည့်ပြီး မပြတ်တမ်း ဖွင့်နေတော့တာပါပဲ။

အဲဒီအချိန်မှာ ကျွန်တော့်ကို အချိန်ပြည့် စောင့်ရှောက်နေတဲ့ ဦးသိန်းဆောင်ရဲ့အစီအစဉ်နဲ့ ဦးစောဝင်းထွန်း တို့ ညလုံးပေါက်ပရိတ်တွေ လာရွတ်ပေးနေကြပါပြီ။ နောက်နေ့မနက်မှာ ရန်ကုန်က ပြန် လာတဲ့ မဒေါ်လီရဲ့ တိုက်တွန်းချက်နဲ့ ကျောက်ဆည်နားက တမုတ်ရွှေဂူကြီးဘုရားကို ကျွန်တော် အိပ်ပြီး လိုက်သွားပါတယ်။ ဟိုရောက်တော့ ဘုရားဆင်းတုတော်ရဲ့ရှေ့မှာ နံရံကိုမှီပြီး “တပည့် တော် ဒီနိုင်ငံမှာပဲ ကျန်းမာရေးနဲ့ ပတ်သက် လို့ အဆင်ပြေပါရစေ ဘုရား” လို့ နှုတ်က အသံထွက် လျှောက်ပြီး အာရုံနေလိုက်ပါတယ်။ ပြီးတော့ အိမ်ပြန် လာခဲ့ကြပါတယ်။

အဲဒီနေ့မှာပဲ လွန်ခဲ့တဲ့ နှစ် (၃၀) လောက်က စာသင်ပေးခဲ့ဘူးတဲ့ ယခု မိုးကောင်း တိုက် မြစိမ်း ကျောင်း ဆရာတော်က ဒကာကြီး နေမကောင်းဘူးကြားလို့ လာကြည့်ချင်တယ်လို့ ဖုန်းလှမ်းဆက်ပါ တယ်။ ကားလွှတ်ပေးပါမယ် ဘုရားလို့ လျှောက်တော့ ကားမလိုဘူး ကိုယ့်ဟာကိုယ် လာမယ် ဆိုပြီး ရောက်လာပါတယ်။ဆရာတော် ကျွန်တော့်ကိုမြင်တော့ အတော်စိတ်မကောင်းစွာနဲ့ မဖြစ်သေးပါ ဘူး အားမလျှော့ နဲ့ ကျုပ် စီစဉ်မယ်ဆိုပြီး ကျွန်တော် တစ်ခါမှ မကြားဘူး၊ တစ်ခါမှ မသိဘူး။ တစ်ခါမှ မကြား ဘူးသော ဒေါက်တာအောင်မင်း ဆိုသော ဆရာကို မန္တလေးအမြန်လာရန် ရန်ကုန်သို့ ဖုန်းနဲ့ ဆက်၍ ခေါ်ပါတော့တယ်။

ကျွန်တော့်ထံသို့ ဆရာ နောက်တစ်ရက်မှာ ဆရာတော်နဲ့အတူ ရောက်လာပါတယ်။ ဆရာပုံက ဆရာဝန် နဲ့လည်း မတူဘူး။ အတော်ရိုးတယ်။ လက်ကောက်ဝတ်မှာ စိတ်ပုတီးလေးပတ်ထားတယ်။ ကန်တော့နော် တောကျောင်းဆရာလေး အတိုင်းပဲ ရောက်တာနဲ့ ကျွန်တော့် သွေးစစ်ထားတာတွေ (CT) ရိုက်ထားတာတွေ ကို အကုန်ယူကြည့်၊ စာရွက်ပေါ်မှာ (Graph) တွေဆွဲနဲ့ တော်တော်လေး ကြာတော့ ကျွန်တော့် ကို ဆရာဒေါက်တာအောင်မင်း က ဆရာလို့ ပြန်ခေါ်ပါတယ်။ သူ ပြောတာက ဆရာမပူနဲ့ ဘာမှမဖြစ်စေရဘူး။ အိန္ဒိယမှာလည်း အသည်းသွားမလဲနဲ့ ကျွန်တော် ဆရာ့ကို ကုမယ် ငါးရက်နေရင် ဆရာ သိသာမယ် (၁၀) ရက်နေရင် ဘေးလူတွေပါသိမယ်။ တစ်လပြည့်ရင် သွေး ပြန်စစ်ကြည့်လိုက်ပါတဲ့ဗျာ။

ကျွန်တော် ထခုန်ချင်လောက်အောင်ကို ဝမ်းသာသွားခဲ့တာပေါ့။ သိန်းတစ်ထောင်လောက် အကုန်ခံ အိန္ဒိယ သွား၊ အသည်းလဲ အောင်မြင်၊ မအောင်မြင် ဘာမှန်းမသိဘဲ သေတော့မဲ့ဆဲဆဲ ဖြစ်နေတာ ဝမ်းမသာဘဲ နေပါ့မလား။ ကျွန်တော်က အတွန့်တက်ပြီး ကျွန်တော်မသေဖို့ ဆရာတာဝန်ယူရဲလား လို့မေးတော့ ရယ်ပြီး ကျွန်တော် အာမခံပါတယ်ဗျာတဲ့။

ကျွန်တော် လူကြီးတွေပြောခဲ့တဲ့ အပျော်ဆုံး နေ့ သုံးနေ့ကို ကျော်ဖြတ်ဖူးပါတယ်။ အဲဒီနေ့ကတော့ ဟိုသုံးနေ့ ထက် ပိုမယ်လို့ထင်ပါတယ်။ ကျွန်တော့်ကို ဆရာ ဆေးစထိုးပါတယ်။ တစ်လုံးပဲ သူကိုယ်တိုင် ထိုးတာ ကျန်တာ ကို ကျွန်တော့် တူမ ဆရာမအေးဝင်းသန်း ကိုခေါ်ပြီး ထိုးခိုင်းတာ။ မနက်တစ်လုံး၊ ညတစ်လုံး၊ လက်မောင်း မှာ ထိုးတာ (၅) ရက်ပြည့်တဲ့နေ့မှာ ကျွန်တော့်ခြံဝင်းထဲ ကျွန်တော် လမ်းလျှောက်နေပါပြီ။ (၁၀) ရက် ပြည့်တဲ့နေ့ မှာ ကျွန်တော်မြို့ထဲမှာ ကိုယ်တိုင်မောင်းပြီး ကားနဲ့လျှောက်သွားနေတာကို သိလူတိုင်း အံ့သြ တဲ့ အကြည့်နဲ့ ကြည့်နေကြပါပြီ။

(၂) လပြည့်တော့ ကျွန်တော့်ကို တစ်ရက်နှစ်လုံးထိုးရာက နေ တစ်ရက် တစ်လုံးလျှော့လိုက်ပါတယ်။ သွေးပြန်စစ်ခိုင်းပါတယ်။ သွေးပြန်စစ်ခိုင်းပါတယ်။ (Ultra-sound) ပြန်ရိုက်ခိုင်းပါတယ်။ (Ultra-sound) မှာ အသည်းခြောက်တာလည်း မတွေ့ရ တော့ပါဘူး။ (Portal Vein) လည်း ပိတ်ပြီး (21 mm dilated) ရောင်နေရာကနေ (14 mm dilated) ဆိုပြီး ရောင်တာ လျော့သွားပါတယ်။ WBC (ဒဗလျူဘီစီ)၊ HGB (အိပ်ချ်ဂျီဘီ)၊ PLT (ပလိပ်လက်) နဲ့ Albumin (အယ်ဗျူမင်) တွေ အားလုံးလည်း (Normal) ဆိုပြီး သွေးအဖြေတွေ ထွက်လာ ခဲ့ပါပြီ။ သွေးအဖြေ မှာလည်း ပြန်ကောင်းသွားပါပြီ။ ကျွန်တော့်အတန်းတွေမှာ လည်း ပုံမှန် စာပြန်သင်နေပါပြီ။ မာခဲ့တဲ့ အသည်းကြီးလည်း ပြန်ပျော့ပြီး သွေးကျောလည်း ပုံမှန်ပွင့်ပြီး ဘယ်ခြေ ထောက်မှာလည်း မရောင်တော့ ပါဗျာ

ကျွန်တော် အံ့သြလွန်းလို့ ဆရာ ဘယ်လိုကုတာလဲလို့ မေးကြည့်တော့ ညီအစ်ကိုလိုဖြစ်နေတဲ့ ဆရာက #(Cell Therapy) ဆဲလ် ကုထုံး နဲ့ ကုတာပါတဲ့။ ပျက်နေတဲ့ အသဲ (Cell) တွေကို ဖယ်ထုတ် ပြီး (Cell) အကောင်းတွေ အသစ် ဖန်တီးတာလို့ ပြောပါတယ်။ အသစ်ဖန်တီးတဲ့ နေရာမှာ ကလေး အချင်းကို သုံးပြီးဖော်ထား တဲ့ ဆေးကို သုံးကြောင်း (WHO) က အသိအမှတ်ပြုတဲ့ဆေးဖြစ်ကြောင်း ကလေးတစ်ယောက် ကို မိခင်ရဲ့ဝမ်းတွင်းမှာ (၉) လ (၁၀) လ ကာကွယ်စောင့်ရှောက်နိုင်သော အချင်းရဲ့ တန်ဖိုးကြီးကြောင်း၊ ဆေး ရဲ့အမည်ကိုက #(LAENNEC) ဖြစ်ကြောင်း ရှင်းပြပါတော့တယ်။ ကျွန်တော် အလွန်ပဲ အံ့သြကျေးဇူးတင် မိနေပါတယ်။

ကျွန်တော် ကျေးဇူးတင်လွန်းလို့ တစ်ကြိမ်မှာလည်း မကန်တော့ရသေးလို့ ဆရာ ဒေါက်တာအောင် မင်းကို ကန်တော့ ပါရစေလို့ ပြောတော့ ဆရာက ကျွန်တော့်ကို ငှက်ပျောသီးနဲ့ အုန်းသီး သွားဝယ် လိုက်ပါတဲ့။ အံ့ရော ဗျာ။ ဆရာဟာ ကျွန်တော် ဘယ်လိုမှမထင်မှတ်ပါသော နောက်ထပ်ဘယ်လိုမှ တူတာ မရှိနိုင်တော့ ပါသော ကျွန်တော့်ကျေးဇူးရှင် အသက်သခင်ပါဘဲဗျာ။

ကျွန်တော့်လိုပဲ လူသားတိုင်း ဘုရားတန်ခိုး၊ တရားတန်ခိုး၊ သံဃာတန်ခိုးကြောင့် အစွမ်းထက်သော ဆရာများ၊ ဆေးဝါးများ တွေ့ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

“ဘီပိုး စီပိုး ကြောင့် သေတတ်သလား။”

(B) ပိုး တွေ့ရင် သေတတ်လား။ (C) ပိုး တွေ့ရင် သေတတ်လား။ လူနာတော်တော်များများ၊ မျက်နှာ ငယ်လေးတွေနဲ့ အားကိုးတကြီး မေးတာကို တွေ့ဖူးကြားဖူးခဲ့ပါတယ်။

ကျွန်တော် ရဲရဲတင်းတင်းဖြေပါ့မယ်။ (B) ပိုးတွေ့လို့လည်း မသေနိုင်ပါဘူး။ (C) ပိုးတွေ့လို့လည်း မသေနိုင် ပါဘူး။ မင်းက ဆရာဝန်လားလို့ မေးခဲ့ရင် ကျွန်တော် ဆရာဝန် မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရောဂါ ကို နှစ်အတော်ကြာ ကိုယ်တိုင်ခံစားပြီး အတွေ့အကြုံပေါင်းများစွာနဲ့ အခြိမ်းအခြောက်ခံ လက်တည့် အစမ်းခံပြီး ဆရာဝန်ကြီးအချို့ထံက ဆေးဖိုးရော ဝါးခပါ အကုန်အကျခံပြီး သင်ယူလေ့ လာခဲ့ရတာပါ။

ကျွန်တော် သိသလောက်ကတော့ ပထမအဆင့် (B) ပိုး၊ (C) ပိုးတွေ့ရုံနဲ့ ဘာမှမဖြစ်နိုင်သေးပါဘူး။ ဒုတိယအဆင့် နှစ်အနည်းငယ်ကြာလာမှ အသည်းလုပ်ဆောင်ချက်တွေ စပျက်ပြီး အသည်းအနည်း ငယ်ခြောက်လာတာပါ။ ဘာမှမဖြစ်နိုင်သေးပါ။ အဲဒီနောက် တတိယအဆင့်မှာ အသည်းခြောက် တာ ပိုဆိုးလာတာပေါ့။ အဲဒီနောက် (Portal vein) လို သွေးကြောတွေ စပိတ်ပြီး ခြေထောက် စ ရောင်လာတယ်။ စတုတ္ထအဆင့်မှာမှ အသည်းကင်ဆာရောဂါ စဖြစ်လာတာ နောက်ဆုံး ပဉ္စမဆင့် မှာတော့ ကင်ဆာဆဲလ်တွေ ပျံ့ကုန်တယ်လို့ သိထားရတာ။ စတုတ္ထအဆင့်လောက်ထိ ကုလို့နိုင်ပါ တယ်။

ဒါကြောင့် ကျွန်တော်တို့ ဘာလုပ်သင့်သလဲဆိုရင် ဘာမှမဖြစ်သေးလည်း (B) ပိုးနဲ့ (C) ကို စစ်သင့် တယ်။ များသောအားဖြင့်က မစစ်ဘဲ ထားကြတာ အခြားတစ်ခုခုဖြစ်လို့ စစ်မှသိတော့ နည်းနည်း လွန်ကုန်တယ်။ ကုရတာ ခက်တာပေါ့။

အဲဒီ ပထမအဆင့် (B) နဲ့ (C) ပိုးတွေ့ရုံကတော့ ဘာမှမကြောက်နဲ့ (interferon) ဆိုတဲ့ ပိုးသတ် ဆေးထိုးလည်း ရတယ်။ အသည်းမပျက်သေးတော့ ခံနိုင်တယ်။ အခြားပိုးသတ်ဆေးတွေလည်း ပေါ်ကုန်ပြီ။

ဒုတိယအဆင့် ပိုးတွေ့လို့၊ အသည်းနည်းနည်း ခြောက်လာရင် မကြောက်နဲ့ ဘာမှမဖြစ်ဘူး။ အသည်း လုပ်ဆောင်ချက် (LFT) မမှန်ရင်တော့ (interferon) သွားမထိုးနဲ့ မခံနိုင်ဖြစ်တတ်တယ်။ အသက် ဆုံးရှုံးကြတာ ဟာ မှားပြီး ပိုးသတ်နေကြလို့ သေကုန်ကြတာ။ အရင်ဆုံး အသည်းကို ကောင်းအောင် ပြင်ဆင်ပါ။ ကျွန်တော် လက်တွေ့ ကတော့ (LAENNEC) ဆိုတဲ့ ဆေးဟာ အသည်း လုပ်ဆောင် ချက်ကောင်းအောင် ဆောက်ရွက်တဲ့ ဆေးထဲမှာ သူ့ကိုမှီတဲ့ဆေး မတွေ့ဘူးသေးဘူး။

အဲဒီဆေးထိုးကာ (LFT) အကုန် ပုံမှန်ပြန်ဖြစ်တာ ကျွန်တော်ကိုယ်တိုင် အပါအဝင် လူငါးဆယ် ကျော် ကိုယ်တွေ့ ပါပဲ။ ဒီအချိန် မှာတော့ လူနာဘက်က ဂရုစိုက်နေရပြီး ဝမ်းလုံးဝအချုပ်မခံနဲ့။ ဖျား ရင်လည်း (paracetamol) ပါရာစီတမော ပါဝင်တဲ့ အုပ်စု ဘယ်ဆေး မှ မသုံးနဲ့။ ပရုပ်ပါတဲ့ ရှူဆေး လိမ်ဆေးတွေကို မသုံးနဲ့။ အံ့သြစရာကတော့ ကြက်သွန်ဖြူ အစိမ်း မစား ရပါဘူး။ ပဲကြီး ပဲကျား မစားရပါဘူး။ (Alvolac) ဆိုတဲ့ ဝမ်းနှုတ်ဆေးကလွဲလို့ ဘယ်ဝမ်းနှုတ်ဆေးမှ မစားရပါဘူးဗျာ။ ဒီအချိန်မှာ မောလာတတ်ပါတယ်။ ခြေထောက်တွေ စရောင်လာ တတ်ပါတယ်။

အသည်းပုံမှန် ပြန်ဖြစ်လာပြီ ဆိုမှ ပိုးကိုသတ်ပါ။ ကိုယ်ကြိုက်တဲ့နည်းနဲ့ သတ်ပါ။ ပန်းဝတ်မှုံနဲ့လည်း ပိုးကောင် အရေအတွက် လျှော့ချတတ်ပါတယ်။ နောက်တစ်ချက်က ကိုယ့်ကိုကိုယ် အနားယူခြင်း ဟာ အကောင်း ဆုံးသော အသည်းကုသခြင်းလို့ သိပြီး တတ်နိုင်သမျှ လှုပ်ရှားမှု နည်းအောင်နေပါ။ ဆိုင်ကယ်မစီးပါနဲ့။ ခါးလေ့ကျင့် ခန်း မလုပ်ပါနဲ့။ ပက်လက်ကုလားထိုင်မှာ မထိုင်ကြပါနဲ့။ ဒီအခြေ အနေမှာ သတိနဲ့နေရင် ဘာမှ စိုးရိမ်စရာ မလိုသေးပါဘူး။

တတိယ အဆင့် အသည်းပိုခြောက်လာရင်လည်း (B) ပိုး (C) ပိုးကို အဓိကမထားပါနဲ့။ အသည်းကို အဓိက ထားပြီး ပြင်ရပါတယ်။ အဲဒီ အဆင့်ရောက်ရင်တော့ နည်းနည်းစိုးရိမ်ရပါတယ်။ လစဉ် (Ultra Sound) ရိုက်ပါ။ (Alphafetoprotein) ကို စစ်ပေးပါ။ ကင်ဆာရောဂါဘက်ကို ကူးမှာ စိုးရိမ် ရလို့ပါ။

(Ultra Sound) မှာ အစက်အပျောက်ပေါ်ရင် သို့မဟုတ် (Alphafetoprotein) တက်လာရင် ဆရာ ဝန်နဲ့ အမြန် တိုင်ပင်ပါ လိုအပ်သလို ကုယူပါ။ (LAENNEC) ဆိုတဲ့ဆေးကတော့ ကင်ဆာစတဲ့ အဆင့်လောက် အထိကတော့ ကုလို့ရတာတွေ့ရပါတယ်။ ဒီအချိန်ကတော့ အရေးကြီးဆုံး အချိန်လို့ ပြောရလိမ့်မယ်။ (LFT) ကိုလည်း မကြာမကြာစစ်ပြီး လိုအပ်တာလေးတွေကို ဆရာဝန်နဲ့ ကုသရင် မသေနိုင်ပါဘူးဗျာ။

ဒီနေရာမှာ ဆရာဝန်တွေလို တတ်စရာမလိုပေမယ့် ကိုယ်တိုင် နည်းနည်းတော့ သိထားသင့် တာ လေးတွေက (WBC) ဆိုတာ သွေးဖြူဥကို ပြောတာပါ။ (WBC) ကျလာတယ်ဆိုရင် သွေးဖြူဥနည်း သွားတာပါ။ (H.G.B) ဆိုတာ ဟောမိုကလိုဘင် သွေးအနီရောင်ကို ညွှန်းတာပါ။ သူနည်းရင် သွေး သွင်းရပါလိမ့်မယ်။ (PLT) ပလိပ်လက်ဆိုတာက သွေးထွက်မှုကို တားဆီးပေးတဲ့ သွေးဆဲလ်တစ် မျိုးကို ပြောတာပါ။ ပလိပ်လက်တွေ တအားကျလာရင် သွေးအန်တတ်ပါတယ်။

(Albumin) အယ်(လ်)ဗျူမင်ဆိုတာက အသည်းမှသာ ထုတ်ပေးသော မရှိမဖြစ် လိုအပ်တဲ့ ပရိုတင်း ဓာတ်ပါ။ အယ်(လ်)ဗျူမင်ကိုတော့ အလွန်မကျအောင် ဆေးသွင်းပေးလို့ရပါတယ်။ (Bilirubin) ဘီလီရူဘင်ဆိုတာ အဝါရောင်ဓာတ်ကို ခေါ်တာပါ။ ဆီးနဲ့ ဝမ်းတွေက စွန့်ထုတ်ပေးတတ်ပါတယ်။ အင်ဇိုင် (AST) (ALT) တွေ အထွက်များရင်လည်း အသည်းဆဲလ်တွေ အပျက်များနေတာပါ။ ဂရု စိုက်ရမှာက အင်ဇိုင်းတွေ သွေးတွင်းမတတ်ရင်လည်း ပျက်စရာ အသည်းဆဲလ်မရှိတော့လို့ ဖြစ် တတ်တာလည်း သိထားရပါမယ်။

(Alphafetoprotein) ဆိုတာ ကင်ဆာဖြစ်ရင် ထွက်လာတတ်တဲ့ (protein) အသားဓာတ်ကို မထိန်းနိုင်ဘဲ ဝမ်းဗိုက် အတွင်းမှာ (Free Fluid) အသုံးမကျသော အရည်တွေများလာပြီး ဗိုက် ဖောင်းလာတတ်ပါတယ်။ အဲဒါကို ရေဖျင်း စွဲတယ်လို့ ခေါ်ကြတာပါ။ အသည်းဟာ ကျောက်ကပ်နဲ့ လည်း ဆက်နေတာမို့ (Creatinine) ခရစ်တနင်း ကိုလည်း မကြာ မကြာ စစ်ပေးပါ။

အသည်း ဝေဒနာရှင်မှန်ရင် ရှောင်ရန်ကတော့ ရှိတယ်နော်။ ဆရာကိုယ်တိုင် ကျွန်တော့်ကို တားမြစ် ထားတာတွေကတော့

(၁) အဆီ

ဝက်သား၊ ဘဲသား၊ အုန်းနို့၊ ဒန်ပေါက်၊ ထောပတ်၊ မလိုင်၊ ရေခဲမုန့်၊ စားအုန်းဆီ၊ အမဲသား၊ ကျွဲသား၊ ဝမ်းတွင်းသား၊ ပြည်ကြီးငါး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ အနှစ်များ၊ ကြက်အရေခွံကော်ဖီမစ်၊ ကွေကာ၊ ခေါက်ဆွဲ၊ ကြာဇံသုပ်၊ အသားဗူးမျိုးစုံ၊ အချိုမှုန့်၊ အချိုရည်ဗူး၊ အအေးပုလင်း

(၂) အစပ်

ငြုပ်သီးမှုန့်၊ အစပ်လွန်ကဲ၊ ကြက်သွန်ဖြူစိမ်း

(၃) ငြုပ်ဆီ၊ အရောင်တင်မှုန့်၊ အရောင်ပါသောကိတ်မုန့်၊ ရေခဲမုန့်၊ ဖျော်ရည်

(၄) အသားခြောက်

ငါးပိ၊ ငါးခြောက်၊ ဂျီသား၊ ဆတ်သားခြောက်၊ အမဲခြောက်၊ ကြက်အူချောင်း၊ ဝက်အူချောင်း

(၅) အသင့်စားနိုင်အောင် လုပ်ထားသော အစာများ

(၆) မှိုတတ်နေသော အစား

ဆန်ဟောင်း၊ ပေါင်မုန့်၊ ပလပစတစ်ဖြင့် ထုတ်ထားသော ယိုမျိုးစုံ

(၇) အလွန်ပူသော / အေးသော အစာ

အလွယ်တကူ မသောက်နိုင်သော ဟင်းရည်ပူ သောက်လျှင်

ခေါင်းကိုက်အောင်အေးသော အအေးပုလင်းများ

(၈) ပရုပ်ပါသော ရှူဆေး၊ လိမ်းဆေး၊ အနံ့ခဲများ


(၉) ပလက် ကုလားထိုင် မထိုင်ရ

(၁၀) ခါးကြော၊ ဗိုက် အနှိပ်အနင်းမခံရ

(၁၁) Paracetamol (ပါရာစီတမော)

(၁၂) ပဲကြီး၊ ပဲကျား

(၁၃) သံပုရာ၊ ရှောက်၊ ဂရိတ်ဖုရု

(၁၄) ဆရာဝန်ညွှန်ကြားမှု မဟုတ်သော အားဆေးများ၊ သောက်ခြင်းတို့ဟာ အသည်းရောဂါ ရှိနေ သရွေ့ ရှောင်ရမှာပါ။

စတုတ္ထအဆင့် ကင်ဆာ စရုံလေးစတဲ့ ဒီအဆင့်တင်ဖြစ်နေတဲ့ အသည်းဝေဒနာရှင်တွေ မသေနိုင်ပါ။ ဒီထက်လွန်လာ လို့ အဆင့်ကျော်လာရင်တော့ ဘယ်သူမှ တာဝန်မယူနိုင်တဲ့ အဆင့်ကို ရောက်သွား ပါလိမ့်မယ်။ အသည်းရောဂါဖြစ်ရင် အစာလမ်းကြောင်းနဲ့ အူလမ်းကြောင်း တွဲပြီးဖြစ်တတ်တယ်။ ဘာမှ မဖြစ်ခင် မှန်ပြောင်းကြည့်ပြီး လိုအပ်တဲ့ ကုသမှုကို ကြိုပြီး ခံယူထားပါ။ အသည်းကြောင့် သွေးအန်တာ သွေးဝမ်းသွားတာ မဟုတ်ဘူး။ တဆင့်ခံဖြစ်တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကြောင့် ဖြစ်တာပါ။ ကျွန်တော် အလွန်အကျွံဖြစ်ရာကနေ အခုအခြေအနေကောင်း သွားတဲ့ အထိတော့ သွေး လည်း မအန်ဘူး၊ သွေးဝမ်းလည်း မသွားဘူး။ ကျွန်တော့်ကိုကုပေးတဲ့ Dr အောင်မင်း ရဲ့ကျေးဇူးပါ ဘဲ။ ဆရာက ကျွန်တော့်အသည်းကို (Cell Therapy) ဆဲလ်ကုထုံးနဲ့ပေးပြီး (interferon) မထိုးဘဲ ပိုး ကို ကုန်အောင် သတ်ပေးလိုက်တာပါ။

ဒါကြောင့် သိထားတာတွေကို သတိနဲ့နေရင် (B) ပိုးကြောင့်လည်း မသေနိုင်ပါ။ (C) ပိုးကြောင့် လည်း မသေနိုင်ပါလို့ ကျွန်တော် ရဲရဲပြောပါရစေ။ ဘယ်သူခြိမ်းခြောက်လို့မှ မကြောက်ကြပါနဲ့။ (B) ပိုး နဲ့ (C) ပိုးကြောင့် မသေစေရ။

စောနေဝင်း (ရူပဗေဒ)

ပင်းယ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၁)၊

Credit - The Meltin plot 4 U