Latest Posts

မှားယွင်းခွဲစိတ်ခံလိုက်ရသည့် မြန်မာလူနာအား ဒေါ်လာ ၁.၄ သန်း အလျော်ပေးခဲ့ရသည့် ဆရာဝန်ရဲ့အဖြစ်

လူတိုင္းလူတိုင္းဟာ အမွားနဲ႕မကင္းႏိုင္ႀကပါဘူး အခ်ိဳ႕အမွားေတြဟာ ဘာသိဘာသာနဲ႕ ျပီးသြားေပမယ့္ အခ်ိဳးအမွားေတြကေတာ့ ေနာက္ဆက္တြဲေတြ လူးလိမ့္ေနေအာင္ ခံရတက္ပါတယ္။အခုလဲ အေမရိကန္ ဆရာဝန္တစ္ေယာက္ဟာ အမွားရဲ႕ေနာက္ဆက္တြဲကို ျပင္းထန္းစြာ ခံေနရပါျပီ ထို႔အတူ အမွားျပဳခံလိုက္ရတဲ႕ လူနာမွာလဲ လူျဖစ္ရံႈးရပါျပီ အျပည့္အစံုအားဆက္ဖတ္ႀကည့္ပါအံုး

အခုျဖစ္ရပ္ဟာ အေမရိကန္ျပည္ေထာင္စု အိုင္အိုဝါျပည္နယ္ ဒီမြိဳင္းၿမိဳ့မွာ ျမန္မာျပည္ဖြား အမ်ိဳးသားတစ္ဦး ေဆးခန္းတစ္ခုမွာ လိင္တံအေရျပားျဖတ္ရာမွာ သားသမီးေမြးဖြားေစတဲ့ သားေၾကာကို မွားယြင္းျဖတ္မိတဲ့အတြက္ ဆရာဝန္က ျမန္မာက်ပ္ေငြ သိန္းေပါင္း ၂ ေသာင္းေက်ာ္နဲ႔ ညီမၽွတဲ့ အေမရိကန္ေဒၚလာ ၁ ဒႆမ ၄ သန္း အေလ်ာ္ေပးဖို့ တရား႐ုံးက မေန႔က အမိန႔္ခ်လိုက္တာျဖစ္ပါတယ္။
၄၁ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ျမန္မာဒုကၡသည္ ကိုေဇာ္ေဇာ္ဟာ ၂ဝ၁၇ နိုဝင္ဘာက အေရျပားျဖတ္ထုတ္ဖို့ ဆရာဝန္က ညႊန္ၾကားခ်က္ကို ၃ ႀကိမ္တိုင္တိုင္ ေဆြးေႏြးညႇိႏွိုင္းတိုင္ပင္ၿပီးမွ ခြဲစိပ္ရာမွာ ဘာသာစကား ျပႆနာေၾကာင့္ သားေၾကာကို မွားယြင္းျဖတ္ခဲ့မိတာလို့ ေအပီသတင္းမွာ ေဖာ္ျပထားပါတယ္။

ဒီကိစၥကို တရားသူႀကီးက နစ္နာေၾကး ေဒၚလာ ၂ သန္းေပးဖို့ ဆုံးျဖတ္ခဲ့ေပမယ့္ ဂ်ဴရီအဖြဲ႕က တရားလိုျဖစ္သူ ကိုေဇာ္ေဇာ္မွာလည္း တစ္စုံတစ္ရာ တာဝန္ရွိတဲ့အတြက္ ေလၽွာ္ေၾကးကို ၃ဝ ရာခိုင္ႏွုန္းျဖတ္ၿပီး အေမရိကန္ေဒၚလာ ၁.၄ သန္းနဲ႔ ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို့ ဒီမြိဳင္းရက္ဂ်စ္စတာ သတင္းစာက ေရးသားေဖာ္ျပခဲ႔ပါတယ္။

အခုျဖစ္ရပ္ဟာဆိုရင္ မွားယြင္းမိတဲ႕ ဆရာဝန္အတြက္လဲ တသက္လံုး ေမြးထားတဲ႕ႀကက္ တစ္မနက္ထဲႏွင့္ ခ်က္စား လိုက္တယ္ဆိုတဲ႕အျဖစ္မ်ိဳးျဖစ္ျပီး ေလွ်ာ္ေႀကး ျမန္မာေငြ သိန္းေပါင္း ၂ ေသာင္းေက်ာ္ရလိုက္တဲ႕ ျမန္မာလူနာဟာလဲ ေပ်ာ္ရခက္ ငိုရခက္ အေနထားျဖစ္ပါေႀကာင္း တင္ျပလိုက္ရပါတယ္။Credit- CHARTAKE . Source -RFA
Unicode
လူတိုင်းလူတိုင်းဟာ အမှားနဲ့မကင်းနိုင်ကြပါဘူး အချို့အမှားတွေဟာ ဘာသိဘာသာနဲ့ ပြီးသွားပေမယ့် အချိုးအမှားတွေကတော့ နောက်ဆက်တွဲတွေ လူးလိမ့်နေအောင် ခံရတက်ပါတယ်။အခုလဲ အမေရိကန် ဆရာဝန်တစ်ယောက်ဟာ အမှားရဲ့နောက်ဆက်တွဲကို ပြင်းထန်းစွာ ခံနေရပါပြီ ထို့အတူ အမှားပြုခံလိုက်ရတဲ့ လူနာမှာလဲ လူဖြစ်ရှုံးရပါပြီ အပြည့်အစုံအားဆက်ဖတ်ကြည့်ပါအုံး

အခုဖြစ်ရပ်ဟာ အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ် ဒီမွိုင်းမြို့မှာ မြန်မာပြည်ဖွား အမျိုးသားတစ်ဦး ဆေးခန်းတစ်ခုမှာ လိင်တံအရေပြားဖြတ်ရာမှာ သားသမီးမွေးဖွားစေတဲ့ သားကြောကို မှားယွင်းဖြတ်မိတဲ့အတွက် ဆရာဝန်က မြန်မာကျပ်ငွေ သိန်းပေါင်း ၂ သောင်းကျော်နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ သန်း အလျော်ပေးဖို့ တရားရုံးက မနေ့က အမိန့်ချလိုက်တာဖြစ်ပါတယ်။

၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မြန်မာဒုက္ခသည် ကိုဇော်ဇော်ဟာ ၂ဝ၁၇ နိုဝင်ဘာက အရေပြားဖြတ်ထုတ်ဖို့ ဆရာဝန်က ညွှန်ကြားချက်ကို ၃ ကြိမ်တိုင်တိုင် ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီးမှ ခွဲစိပ်ရာမှာ ဘာသာစကား ပြဿနာကြောင့် သားကြောကို မှားယွင်းဖြတ်ခဲ့မိတာလို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စကို တရားသူကြီးက နစ်နာကြေး ဒေါ်လာ ၂ သန်းပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဂျူရီအဖွဲ့က တရားလိုဖြစ်သူ ကိုဇော်ဇော်မှာလည်း တစ်စုံတစ်ရာ တာဝန်ရှိတဲ့အတွက် လျှော်ကြေးကို ၃ဝ ရာခိုင်နှုန်းဖြတ်ပြီး အမေရိကန်ဒေါ်လာ ၁.၄ သန်းနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဒီမွိုင်းရက်ဂျစ်စတာ သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

အခုဖြစ်ရပ်ဟာဆိုရင် မှားယွင်းမိတဲ့ ဆရာဝန်အတွက်လဲ တသက်လုံး မွေးထားတဲ့ကြက် တစ်မနက်ထဲနှင့် ချက်စား လိုက်တယ်ဆိုတဲ့အဖြစ်မျိုးဖြစ်ပြီး လျှော်ကြေး မြန်မာငွေ သိန်းပေါင်း ၂ သောင်းကျော်ရလိုက်တဲ့ မြန်မာလူနာဟာလဲ ပျော်ရခက် ငိုရခက် အနေထားဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။Credit- CHARTAKE . Source -RFA